ယောဘ ၄၀:၁-၂၄

  • ယေဟောဝါ မေးခွန်းထပ်မေး (၁-၂၄)

    • ပြောစရာမရှိကြောင်း ယောဘဝန်ခံ (၃-၅)

    • “မင်းက ငါ့ရဲ့တရားမျှတမှုကို စောဒကတက်မလို့လား” ()

    • ဗေဟမုတ်ရဲ့ခွန်အားကို ဘုရားဖော်ပြ (၁၅-၂၄)

၄၀  ယေဟောဝါက ယောဘကို  ၂  “အပြစ်ရှာတတ်တဲ့သူက အနန္တတန်ခိုးရှင်နဲ့အပြိုင် ငြင်းခုံသင့်သလား။+ ဘုရားသခင်ကို ဆုံးမချင်တဲ့သူ ဖြေပါဦး”+ လို့ပြောတယ်။  ၃  ဒါနဲ့ ယောဘက ယေဟောဝါကို  ၄  “ကျွန်တော်ဟာ ဘာမှမဟုတ်တဲ့သူပါ။+ ဘာပြန်ပြောနိုင်မှာလဲ။ ပါးစပ်ကို လက်နဲ့ပိတ်ထားပါပြီ။+  ၅  ကျွန်တော် တစ်ခါပြောပြီးပြီ။ ထပ်မပြောတော့ပါဘူး။ နှစ်ခါတောင် ပြောပြီးပြီဖြစ်လို့ ပြောစရာ မရှိတော့ပါဘူး” လို့ဖြေတယ်။  ၆  အဲဒီအခါ ယေဟောဝါက လေမုန်တိုင်းထဲကနေ ယောဘကို ပြောတာက–+  ၇  “ယောက်ျားပီပီ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ ငါမေးမယ်။ ပြန်ဖြေပါ။+  ၈  မင်းက ငါ့ရဲ့တရားမျှတမှုကို စောဒကတက်မလို့လား။ မင်းမှန်တယ်ဆိုတာပြဖို့ ငါ့ကို အပြစ်တင်မလို့လား။+  ၉  စစ်မှန်တဲ့ဘုရားသခင်မှာရှိတဲ့ တန်ခိုးကြီးတဲ့လက်ရုံးမျိုး မင်းမှာ ရှိသလား။+ ဘုရားလိုအသံမျိုးနဲ့ မိုးခြိမ်းနိုင်သလား။+ ၁၀  အဲဒီလို မင်းလုပ်နိုင်ရင် ဂုဏ်ကျက်သရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ကိုယ်ကိုဆင်ယင်လိုက်ပါ။ ဂုဏ်သိက္ခာနဲ့ ခမ်းနားထည်ဝါမှုကို ဝတ်ဆင်လိုက်ပါ။ ၁၁  မင်းရဲ့ပြင်းထန်တဲ့ဒေါသကို လွှတ်ကြည့်လိုက်။ မောက်မာသူတွေကို ကြည့်ပြီး နှိမ့်ချပစ်လိုက်။ ၁၂  မောက်မာသူတွေကို ကြည့်ပြီး နှိမ့်ချပစ်လိုက်။ လူဆိုးတွေကို သူ့နေရာမှာတင် နင်းခြေပစ်လိုက်။ ၁၃  သူတို့ကို မြေမှုန့်ထဲမှာ တစ်စုတည်း ဝှက်ပြီး မှောက်မိုက်အရပ်မှာ ချည်နှောင်လိုက်။ ၁၄  အဲဒီလိုလုပ်နိုင်ရင် မင်းရဲ့ညာလက်ရုံးဟာ မင်းကိုကယ်တင်နိုင်တာပဲဆိုပြီး ငါကိုယ်တိုင် အသိအမှတ်ပြုမယ်။ ၁၅  ဗေဟမုတ်* ကိုကြည့်။ မင်းကို ငါဖန်ဆင်းသလို သူ့ကိုလည်း ငါဖန်ဆင်းခဲ့တယ်။ သူဟာ နွားထီးလိုပဲ မြက်ကို စားတယ်။ ၁၆  သူ့ခါးမှာရှိတဲ့ အင်အား၊ဝမ်းဗိုက်ကြွက်သားတွေမှာရှိတဲ့ ခွန်အားကို ကြည့်လိုက်။ ၁၇  သူ့အမြီးဟာ သစ်ကတိုးပင်လို တောင့်တင်းတယ်။ ပေါင်အရွတ်တွေ လိမ်ယှက်နေတယ်။ ၁၈  အရိုးတွေဟာ ကြေးနီချောင်းတွေလိုပဲ။ ခြေထောက်တွေလည်း သံချောင်းတွေလိုပဲ။ ၁၉  ဘုရားဖန်ဆင်းတဲ့ အဲဒီလိုတိရစ္ဆာန်တွေထဲမှာ သူဟာ ဦးဆုံးပဲ။ ဖန်ဆင်းတဲ့အရှင်ကသာ သူ့ကို ဓားနဲ့ နှိမ်နင်းနိုင်တယ်။ ၂၀  သားရဲတိရစ္ဆာန်တွေ ဆော့ကစားတဲ့ တောင်တန်းတွေက သူ့အတွက် စားစရာတွေ ထုတ်လုပ်ပေးတယ်။ ၂၁  ကြာပင်တွေအောက်မှာ၊ရွှံ့နွံတောထဲက ကျူပင်တွေအောက်မှာ သူ လဲလျောင်းနေတတ်တယ်။ ၂၂  သူ့ကို ကြာပင်တွေ အရိပ်မိုးပေးတယ်။ ချိုင့်ဝှမ်းထဲက မိုးမခပင်တွေ ခြံရံပေးတယ်။ ၂၃  မြစ်ရေကြီးတဲ့အခါ သူ မလန့်ဘူး။ ဂျော်ဒန်မြစ်ရေက+ သူ့ပါးစပ်ကို အရှိန်နဲ့ ဝင်တိုးရင်တောင် မမှုဘူး။ ၂၄  သူကြည့်နေတုန်းမှာ သူ့ကို ဖမ်းရဲတဲ့သူ ရှိသလား။ သူ့နှာခေါင်းကို သံချိတ်နဲ့ဖောက်ရဲတဲ့သူ ရှိသလား။

အောက်ခြေမှတ်ချက်များ

ရေမြင်းဖြစ်နိုင်။