ယောရှု ၁၁:၁-၂၃

  • မြောက်ပိုင်းမြို့တွေကို သိမ်းပိုက် (၁-၁၅)

  • ယောရှုရဲ့အောင်ပွဲ အကျဉ်း (၁၆-၂၃)

၁၁  အဲဒီသတင်းကို ဟာဇော်ဘုရင် ယာဘိန် ကြားတဲ့အခါ မာဒုန်ဘုရင်ယောဗပ်၊+ ရှိမရုန်ဘုရင်နဲ့ အာခရှပ်ဘုရင်ဆီ+ သတင်းပို့တယ်။ ၂  မြောက်ဘက်တောင်တန်းဒေသနဲ့ ခိနေရက်အိုင်ရဲ့* တောင်ဘက်လွင်ပြင်တွေမှာရှိတဲ့ ဘုရင်တွေ၊ ရှဖိလာအရပ်နဲ့ အနောက်ဘက် ဒေါရတောင်စောင်းတွေမှာရှိတဲ့+ ဘုရင်တွေ၊ ၃  ဂျော်ဒန်မြစ်အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ ခါနန်လူမျိုးတွေ၊+ တောင်တန်းဒေသမှာရှိတဲ့ အာမောရိ၊+ ဟိတ္တိ၊ ဖေရဇိနဲ့ ယေဗုသိလူမျိုးတွေ၊ မိဇပါပြည် ဟေရမုန်တောင်ခြေရင်းမှာရှိတဲ့+ ဟိဝိလူမျိုးတွေဆီကိုလည်း+ သတင်းပို့တယ်။ ၄  ဒါကြောင့် အဲဒီဘုရင်အားလုံးက ပင်လယ်သဲပွင့်တွေလို မရေတွက်နိုင်အောင် များတဲ့ စစ်တပ်တွေ၊ မြင်းတွေ၊ စစ်မြင်းရထားတွေ အလုံးအရင်းနဲ့ ထွက်လာကြတယ်။ ၅  ဘုရင်အားလုံး တွေ့ဆုံပြီးနောက် အစ္စရေးတွေကို တိုက်ဖို့ မေရုံချောင်းနားမှာ စုပေါင်းတပ်ချကြတယ်။ ၆  အဲဒီအခါ ယေဟောဝါက ယောရှုကို “မနက်ဖြန် ဒီအချိန်လောက်မှာ သူတို့ကို အစ္စရေးတွေလက်ထဲ ငါအပ်မှာဖြစ်လို့ မကြောက်နဲ့။+ ချေမှုန်းပါ။ မြင်းတွေကို တံကောက်ကြော ဖြတ်ပစ်ပါ။+ မြင်းရထားတွေကိုလည်း မီးရှို့ပါ” လို့ပြောတယ်။ ၇  ယောရှုနဲ့ စစ်သည်တွေလည်း မေရုံချောင်းတစ်လျှောက် တပ်ချထားတဲ့ ရန်သူတွေကို ရုတ်တရက် ဝင်စီးလိုက်တယ်။ ၈  ယေဟောဝါက ရန်သူတွေကို အစ္စရေးတွေလက်ထဲ အပ်တဲ့အတွက်+ အစ္စရေးတွေ အနိုင်ရတယ်။ ဆိုင်ဒုန်မြို့ကြီးနဲ့+ မိသရဖောသမိမ်မြို့အထိ၊+ အရှေ့ဘက် မိဇပါချိုင့်ဝှမ်းအထိ လိုက်တိုက်ပြီး တစ်ယောက်မကျန် နှိမ်နင်းတယ်။+ ၉  ယောရှုလည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း မြင်းတွေကို တံကောက်ကြောဖြတ်ပြီး မြင်းရထားတွေကို မီးရှို့တယ်။+ ၁၀  အဲဒီနောက် ယောရှုက ပြန်လှည့်လာပြီး ဟာဇော်မြို့ကို သိမ်းပိုက်တယ်။ ဟာဇော်ဘုရင်ကိုလည်း ဓားနဲ့ကွပ်မျက်တယ်။+ အရင်တုန်းက ဟာဇော်မြို့ဟာ  အဲဒီ နိုင်ငံတွေမှာ အင်အားအကြီးဆုံးပဲ။ ၁၁  မြို့ထဲမှာရှိတဲ့ လူအားလုံးကို သုတ်သင်ဖျက်ဆီးတယ်။+ သက်ရှိဆိုလို့ ဘာမှမကျန်ဘူး။+ ပြီးတော့ ဟာဇော်မြို့ကို မီးရှို့တယ်။ ၁၂  မြို့အားလုံးကို သိမ်းပိုက်ပြီး ဘုရင်အားလုံးကို ဓားနဲ့ကွပ်မျက်တယ်။+ ယေဟောဝါရဲ့ကျွန် မောရှေမှာကြားခဲ့တဲ့အတိုင်း သုတ်သင်ဖျက်ဆီးတယ်။+ ၁၃  တောင်ပေါ်မြို့တွေထဲမှာ ဟာဇော်မြို့ကလွဲရင် တခြားမြို့တွေကို အစ္စရေးတွေ မီးမရှို့ဘူး။ ဟာဇော်မြို့တစ်မြို့ကိုပဲ ယောရှု မီးရှို့ခဲ့တယ်။ ၁၄  အစ္စရေးတွေက အဲဒီမြို့တွေကရတဲ့ တိုက်ရာပါဥစ္စာတွေ၊ တိရစ္ဆာန်တွေကို သိမ်းယူပြီး+ လူတွေကို ကွပ်မျက်တယ်။+ သက်ရှိဆိုလို့ တစ်ယောက်မှ မချန်ထားဘူး။+ ၁၅  ယေဟောဝါရဲ့ကျွန် မောရှေက ဘုရားမိန့်မှာသမျှကို ယောရှုကို မှာခဲ့တယ်။+ ယောရှုကလည်း မှာကြားတဲ့အတိုင်း  လုပ်တယ်၊ မောရှေကို ယေဟောဝါမိန့်မှာတဲ့အတိုင်း တစ်ခုမကျန် လိုက်နာတယ်။+ ၁၆  ဒီလိုနဲ့ ယောရှုက တောင်တန်းဒေသ၊ နေဂပ်အရပ်တစ်ခုလုံး၊+ ဂေါရှင်နယ်မြေတစ်ခုလုံး၊ ရှဖိလာအရပ်၊+ အရာဗာအရပ်၊+ အစ္စရေးတောင်တန်းဒေသနဲ့ ရှဖိလာအရပ်* ပါဝင်တဲ့ ပြည်တစ်ခုလုံးကို သိမ်းပိုက်လိုက်တယ်။ ၁၇  စိရတောင်တန်းဘက်ကို တက်သွားတဲ့ ဟာလက်တောင်ကနေ ဟေရမုန်တောင်ခြေရင်းမှာရှိတဲ့+ လက်ဘနွန်ချိုင့်ဝှမ်းထဲက ဗာလဂဒ်မြို့အထိ+ ကျယ်ပြန့်တယ်။ အဲဒီဒေသတွေမှာရှိတဲ့ ဘုရင်အားလုံးကို ဖမ်းပြီး ကွပ်မျက်တယ်။ ၁၈  ယောရှုက အဲဒီဘုရင်တွေကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရတယ်။ ၁၉  ဂိဗောင်မြို့မှာနေတဲ့ ဟိဝိလူတွေကလွဲလို့ ဘယ်မြို့ကမှ အစ္စရေးတွေနဲ့ မဟာမိတ်မဖွဲ့ကြဘူး။+ ဒါကြောင့် အဲဒီမြို့တွေကို တိုက်ခိုက်သိမ်းယူခဲ့ကြတယ်။+ ၂၀  ယေဟောဝါက သနားညှာတာမနေဘဲ+ သုတ်သင်ဖျက်ဆီးနိုင်ဖို့ သူတို့ခေါင်းမာတာကို ခွင့်ပြုခဲ့တာ။+ ဒါကြောင့် သူတို့က အစ္စရေးတွေကို ခုခံတိုက်ခိုက်တယ်။ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ ချေမှုန်းခံလိုက်ရတယ်။+ ၂၁  အဲဒီအချိန်မှာ ယောရှုက တောင်တန်းဒေသ၊ ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်တန်းဒေသ တစ်ခုလုံး၊ အစ္စရေးတောင်တန်းဒေသ တစ်ခုလုံးမှာ ရှိနေတဲ့ အာနကလူမျိုးကို+ ဖယ်ရှားတယ်။ သူတို့နဲ့ သူတို့ရဲ့မြို့တွေကိုလည်း သုတ်သင်ဖျက်ဆီးတယ်။+ ၂၂  အစ္စရေးတွေပိုင်တဲ့ပြည်မှာ အာနကလူတစ်ယောက်မှ မကျန်ဘူး။ ဂါဇာမြို့၊+ ဂါသမြို့နဲ့+ အာဇုတ်မြို့မှာပဲ+ ကျန်တော့တယ်။+ ၂၃  ဒီလိုနဲ့ မောရှေကို ယေဟောဝါ ကတိပေးခဲ့တဲ့အတိုင်း ယောရှုက တစ်ပြည်လုံးကို သိမ်းပိုက်တယ်။+ အဲဒီနောက် အစ္စရေးအနွယ်အလိုက် ဝေစုတွေခွဲပြီး အမွေပေးတယ်။+ တစ်ပြည်လုံးမှာ စစ်မဖြစ်ဘဲ ငြိမ်းချမ်းသာယာနေတယ်။+

အောက်ခြေမှတ်ချက်များ

ဂင်နေသရက်အိုင် ဒါမှမဟုတ် ဂါလိလဲအိုင်။
ဒါမှမဟုတ်၊ “တောင်ခြေဒေသ။”