ယောဟန် ၁၃:၁-၃၈

  • တပည့်တွေရဲ့ခြေကို ဆေးပေး (၁-၂၀)

  • ယုဒ သစ္စာဖောက်မယ့်အကြောင်း ကြိုပြော (၂၁-၃၀)

  • ပညတ်အသစ် (၃၁-၃၅)

    • “အချင်းချင်း ချစ်မယ်ဆိုရင်” (၃၅)

  • ပေတရုငြင်းမှာကို ကြိုပြော (၃၆-၃၈)

၁၃  ယေရှုက ဒီလောကကနေ ထွက်ခွာပြီး  အဖဘုရားဆီ  ပြန်ရမယ့်အချိန်+ ရောက်ပြီဆိုတာကို ပသခါပွဲမတိုင်ခင်ကတည်းက သိနေတယ်။+ ဒီလောကမှာရှိနေတဲ့ နောက်လိုက်တွေကို သူ ချစ်တယ်။ သူတို့ကို သက်ဆုံးတိုင်အောင် ချစ်ခဲ့တယ်။+ ၂  သူတို့ ညစာစားနေချိန်မှာ မာရ်နတ်က ရှိမုန်ရဲ့သား ယုဒရှကာရုတ်စိတ်ထဲ ယေရှုကို သစ္စာဖောက်ချင်တဲ့ဆန္ဒ+  ပေါ်လာအောင် လုပ်ပြီးနေပြီ။+ ၃  ယေရှုက  အရာခပ်သိမ်းကို မိမိလက်ထဲ အဖဘုရား အပ်ထားတယ်၊ ဘုရားသခင်ဆီကနေ သူရောက်လာပြီးနောက် ဘုရားသခင်ဆီ ပြန်သွားရမယ်ဆိုတာတွေကို သိနေတယ်။+ ၄  ဒါကြောင့် စားပွဲကနေ ထပြီး အပေါ်ဝတ်ရုံကို ချွတ်၊ ပဝါကိုယူပြီး ခါးမှာစည်းလိုက်တယ်။+ ၅  အင်တုံထဲ ရေထည့်ပြီး တပည့်တွေရဲ့ခြေကို ဆေးပေးတယ်။ အဲဒီနောက် ခါးမှာစည်းထားတဲ့ ပဝါနဲ့ သုတ်ပေးတယ်။ ၆  ရှိမုန်ပေတရုက သူ့အလှည့်ရောက်တဲ့အခါ “သခင်၊ ကျွန်တော့်ခြေကို ဆေးမလို့လား”  လို့မေးတော့၊ ၇  ယေရှုက “ကျွန်တော်လုပ်နေတာကို ခင်ဗျား အခု နားလည်မှာ မဟုတ်ဘူး။ နောက်မှ နားလည်လိမ့်မယ်” လို့ဖြေတယ်။ ၈  ဒါနဲ့ ပေတရုက “ကျွန်တော့်ခြေကို သခင် လုံးဝ မဆေးရဘူး” လို့ပြောတော့ ယေရှုက “ခင်ဗျားခြေကို မဆေးရရင်+ ခင်ဗျားနဲ့ကျွန်တော် ဘာမှမသက်ဆိုင်တော့ဘူး” လို့ပြောတယ်။ ၉  အဲဒီအခါ ရှိမုန်ပေတရုက “သခင်၊ ခြေကိုဆေးမယ်ဆိုရင် လက်ကိုရော ခေါင်းကိုပါ ဆေးပေးပါ” လို့ ပြောတယ်။ ၁၀  ယေရှုက “ရေချိုးပြီးသားလူဟာ တစ်ကိုယ်လုံး သန့်ရှင်းနေပြီဖြစ်လို့ ခြေဆေးဖို့ပဲ လိုတာ။ ခင်ဗျားတို့ဟာ သန့်ရှင်းပြီးသားပဲ။ ဒါပေမဲ့ အားလုံးတော့ မဟုတ်ဘူး” လို့ပြောတယ်။ ၁၁  ဘယ်သူ  သစ္စာဖောက်မယ်ဆိုတာ သိနေတဲ့အတွက်+ ယေရှုက “အားလုံးတော့ မသန့်ရှင်းဘူး” လို့ပြောလိုက်တာပဲ။ ၁၂  ယေရှုက တပည့်တွေရဲ့ခြေကို ဆေးပြီးတဲ့နောက် အပေါ်ဝတ်ရုံကို ဝတ်ပြီး စားပွဲမှာ ပြန်ထိုင်တယ်။ ပြီးတော့ “ကျွန်တော် ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ နားလည်ကြသလား။ ၁၃  ကျွန်တော့်ကို ‘ဆရာ၊’ ‘သခင်’ ဆိုပြီး ခင်ဗျားတို့ ခေါ်တယ်။ ခေါ်တဲ့အတိုင်း ဟုတ်နေတော့ ခင်ဗျားတို့ အဲဒီလိုခေါ်တာ မမှားပါဘူး။+ ၁၄  သခင်လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ ကျွန်တော်တောင်မှ ခင်ဗျားတို့ရဲ့ခြေကို ဆေးပေးတယ်ဆိုရင်+ ခင်ဗျားတို့လည်း အချင်းချင်းရဲ့ခြေကို ဆေးပေးရမယ်။+ ၁၅  ဒါဟာ ခင်ဗျားတို့အတွက် ကျွန်တော်ပြတဲ့ စံနမူနာပဲ။ ကျွန်တော်လုပ်သလို ခင်ဗျားတို့ လိုက်လုပ်ကြပါ။+ ၁၆  ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ ကျွန်ဟာ သခင်ထက် ကြီးမြတ်တာ မဟုတ်ဘူး။ စေလွှတ်ခံရသူဟာ စေလွှတ်သူထက် ကြီးမြတ်တာ မဟုတ်ဘူး။ ၁၇  ဒါတွေကို ခင်ဗျားတို့ သိထားပြီဆိုတော့ သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။+ ၁၈  ခင်ဗျားတို့အားလုံးကို ပြောနေတာတော့ မဟုတ်ပါဘူး။ ကျွန်တော် ရွေးချယ်ထားတဲ့သူတွေကို ကျွန်တော်သိတယ်။ ဒါပေမဲ့ ‘ငါနဲ့အတူ လက်ဆုံစားတဲ့သူက ငါ့ကို ဖနောင့်နဲ့ပေါက်တယ်’+ ဆိုတဲ့ ကျမ်းစကားဟာ ပြည့်စုံရမှာပေါ့။+ ၁၉  အဲဒီအတိုင်း ဖြစ်လာတဲ့အခါ ကျွန်တော်ဟာ အဲဒီတစ်ယောက်ပဲဆိုတာ  ခင်ဗျားတို့ယုံအောင်လို့  အခုကတည်းက  ကြိုပြောထားတာ။+ ၂၀  ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကျွန်တော် စေလွှတ်တဲ့သူကို လက်ခံသူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။+ ကျွန်တော့်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ကို လက်ခံတဲ့သူပဲ”+ လို့ပြောတယ်။ ၂၁  အဲဒီလို ပြောပြီးတဲ့နောက် ယေရှုဟာ အကြီးအကျယ် စိတ်သောကရောက်နေတယ်။  ဒါကြောင့်  “ကျွန်တော်  ပြောမယ်။ ခင်ဗျားတို့ထဲက တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်” ဆိုပြီး တဲ့တိုးပဲ ပြောလိုက်တယ်။+ ၂၂  ဘယ်သူ့ကို ရည်ရွယ်ပြီးပြောနေမှန်း တပည့်တွေ မသိတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။+ ၂၃  ယေရှုချစ်တဲ့ တပည့်က+ ဘေးကပ်လျက်မှာ ထိုင်နေတဲ့အတွက်၊ ၂၄  ရှိမုန်ပေတရုက သူ့ကို အချက်ပြပြီး “ဘယ်သူလဲဆိုတာ ပြောပြပါ” လို့ မေးခိုင်းတယ်။ ၂၅  အဲဒီတပည့်က ယေရှုရဲ့ ရင်ခွင်ကို ကျောမှီလိုက်ပြီး “သခင်၊ အဲဒါ ဘယ်သူလဲ”+  လို့မေးတယ်။ ၂၆  ယေရှုက “ဒီမုန့်တစ်လုတ်စာကို ကျွန်တော် နှစ်ပြီး ပေးတဲ့သူပဲ”+ လို့ပြောပြီး မုန့်တစ်လုတ်စာကို နှစ်လိုက်တယ်။ ပြီးတော့ ရှိမုန်ရှကာရုတ်ရဲ့သား ယုဒကို ပေးတယ်။ ၂၇  မုန့်တစ်လုတ်စာကို ယုဒစားပြီးတဲ့အခါ စာတန်က သူ့စိတ်ကို ကြိုးကိုင်ခြယ်လှယ်တော့တယ်။+ ယေရှုက “ယုဒ၊ လုပ်စရာရှိတာ မြန်မြန်လုပ်ပေတော့”  လို့ပြောတယ်။ ၂၈  ယေရှု ဘာလို့ အဲဒီလိုပြောလိုက်မှန်း စားပွဲမှာထိုင်နေတဲ့သူ တစ်ယောက်မှ မသိဘူး။ ၂၉  ယုဒဟာ ငွေသေတ္တာကိုင်ရသူဆိုတော့+ ပွဲတော်အတွက် လိုအပ်တာတွေ ဝယ်ဖို့၊ နွမ်းပါးသူတွေကို ပေးကမ်းဖို့ ယေရှု ခိုင်းတာလို့  တချို့ထင်နေကြတယ်။ ၃၀  ယုဒက မုန့်တစ်လုတ်စာကို စားပြီးနောက် ချက်ချင်းပဲ ညအမှောင်ထဲ+ ထွက်သွားတယ်။ ၃၁  ယုဒ ထွက်သွားပြီးနောက် ယေရှုက “အခု လူသားဟာ ဘုန်းထင်ရှားတော့မယ်။+ လူသားကြောင့် ဘုရားသခင်လည်း ဘုန်းထင်ရှားတော့မယ်။ ၃၂  ဘုရားသခင်ကိုယ်တိုင် လူသားကို ဘုန်းထင်ရှားစေလိမ့်မယ်။+ အခုပဲ ဘုန်းထင်ရှားစေလိမ့်မယ်။ ၃၃  ချစ်သားတို့၊ ကျွန်တော် ခဏပဲ နေရတော့မယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ရှာလိမ့်မယ်။ ‘ကျွန်တော်သွားမယ့်နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး’+ ဆိုပြီး ဂျူးတွေကို ပြောခဲ့တဲ့အတိုင်း အခု ခင်ဗျားတို့ကိုလည်း ကျွန်တော်ပြောတယ်။ ၃၄  အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော်ချစ်သလို+ အချင်းချင်း ချစ်ကြပါ။+ ၃၅  အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” လို့ပြောတယ်။+ ၃၆  ရှိမုန်ပေတရုက “သခင်၊ ဘယ်သွားမလို့လဲ” လို့မေးတော့ ယေရှုက “ကျွန်တော်သွားမယ့်နေရာကို ခင်ဗျားတို့ အခု မလိုက်နိုင်ဘူး။ နောက်မှ လိုက်ရလိမ့်မယ်” လို့ဖြေတယ်။+ ၃၇  ပေတရုက “သခင်၊ ဘာလို့ အခု မလိုက်နိုင်ရမှာလဲ။ သခင့်အတွက်ဆို ကျွန်တော့်အသက်ကိုတောင် စွန့်မှာပါ” လို့ပြောတယ်။+ ၃၈  ယေရှုက  “ကျွန်တော့်အတွက် တကယ် အသက်စွန့်မှာလား။ ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကြက်မတွန်ခင် ကျွန်တော့်ကို မသိပါဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်” လို့ပြောတယ်။+

အောက်ခြေမှတ်ချက်များ