ရှောလမုန်သီချင်း ၃:၁-၁၁

  • မိန်းမပျို (၁-၅)

    • ‘ညယံတွေမှာ ချစ်ရတဲ့မောင့်ကို လိုက်ရှာနေတယ်’ ()

  • ဇိအုန်သမီးပျို (၆-၁၁)

    • ရှောလမုန် တိုင်းခန်းလှည့်လည်

 “ညယံတွေမှာ အိပ်ရာပေါ် လှဲနေရင်းချစ်ရတဲ့ မောင့်အကြောင်း တွေးနေမိတယ်။+ သူ့ကို လိုက်ရှာကြည့်ပေမဲ့ မတွေ့ဘူး။+  ၂  အခု ထပြီး မြို့ထဲသွားမယ်။ လမ်းတကာမှာ၊ လူထုရင်ပြင်တွေမှာကျွန်မချစ်ရတဲ့သူကို လိုက်ရှာကြည့်မယ်။ ရှာကြည့်တော့လည်း မတွေ့ပါလား။  ၃  မြို့ထဲမှာ ကင်းလှည့်နေတဲ့ ကင်းစောင့်တွေကို တွေ့တဲ့အခါ+‘ကျွန်မရဲ့ချစ်သူကို တွေ့မိလား’ လို့ မေးကြည့်တယ်။  ၄  ကင်းစောင့်တွေကို ကျော်သွားတာနဲ့ချစ်ရတဲ့သူကို တွေ့လိုက်ရတယ်။ ဒါနဲ့ သူ့ကို မလွှတ်တမ်းဆုပ်ကိုင်ပြီးအမေ့အိမ်ဆီ၊ မွေးမိခင်ရဲ့ အတွင်းခန်းဆီ ခေါ်သွားလိုက်တယ်။+  ၅  အို ဂျေရုဆလင် သမီးပျိုတို့၊ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက် ပေါ်အောင် အတင်းမလုပ်ပါဘူးလို့လယ်ပြင်က ဒရယ်တွေ၊ သမင်မတွေကို တိုင်တည်ပြီး သစ္စာဆိုကြပါ။”+  ၆  “မုရန်သစ်စေး၊ လောဗန်၊*ကုန်သည်ရောင်းတဲ့ နံ့သာမှုန့်အမျိုးမျိုးရဲ့ ရနံ့တွေ သင်းထုံနေတဲ့မီးခိုးလုံးကြီးတွေလို တောကန္တာရကနေ တက်လာတာ ဘာများပါလိမ့်။”+  ၇  “ရှောလမုန်မင်းကြီးရဲ့ ဝေါယာဉ်ပဲပေါ့။ ခွန်အားကြီးတဲ့ အစ္စရေးသူရဲကောင်း ခြောက်ဆယ်ကဝေါယာဉ်ကို ခြံရံထားတယ်။+  ၈  သူတို့အားလုံး ဓားကိုယ်စီ ဆောင်ထားတယ်။ စစ်ရေးကျွမ်းကျင်တယ်။ ညရေးညတာကြုံရမယ့် အန္တရာယ်တွေကနေ ကာကွယ်ဖို့ခါးမှာ ဓားကိုယ်စီ ချိတ်ထားတယ်။”  ၉  “ရှောလမုန်မင်းကြီးက အဲဒီဝေါယာဉ်ကိုလက်ဘနွန်သစ်တွေနဲ့ လုပ်ထားတယ်။+ ၁၀  တိုင်တွေကို ငွေနဲ့၊နောက်မှီကို ရွှေနဲ့ မွမ်းမံထားတယ်။ ခုံကို ခရမ်းရောင်သိုးမွေး ခင်းထားတယ်။ အတွင်းပိုင်းကိုတော့ ဂျေရုဆလင် သမီးပျိုတွေကအလှဆုံးဖြစ်အောင် ဆင်ယင်ပေးထားတယ်။” ၁၁  “အို ဇိအုန်သမီးပျိုတို့၊ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါဦး။ မင်းကြီးက ထိမ်းမြားတဲ့နေ့၊ပျော်ရွှင်ရတဲ့နေ့မှာ ဆင်မြန်းဖို့မယ်တော်+ လုပ်ပေးထားတဲ့ ပန်းဦးရစ်ကို ဆောင်းထားတယ်။”

အောက်ခြေမှတ်ချက်များ

မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။