ရှောလမုန်သီချင်း ၅:၁-၁၆

  • သိုးထိန်း (၁က)

  • ဂျေရုဆလင်မြို့သူများ (၁ခ)

    • ‘ချစ်ခင်ယုယမှုတွေနဲ့ ယစ်မူးနေကြပါ’

  • မိန်းမပျို (၂-၈)

    • အိပ်မက်အကြောင်း ပြောပြ

  • ဂျေရုဆလင်သမီးပျို ()

    • “နင့်ချစ်သူဟာ သူများရဲ့ချစ်သူထက် ဘယ်လိုများ သာလို့လဲ”

  • မိန်းမပျို (၁၀-၁၆)

    • “လူတစ်သောင်းအလယ်မှာ ထင်းခနဲ ပေါ်လွင်တယ်” (၁၀)

 “အို မောင့်နှမ၊ မောင့်သတို့သမီး၊မောင့်ဥယျာဉ်ထဲ ဝင်ခဲ့ပြီ။+ မုရန်သစ်စေးပင်နဲ့ အမွှေးနံ့သာပင်ကို ဆွတ်ခူးပြီ။+ ပျားလပို့နဲ့ ပျားရည်ကို စားလိုက်ပြီ။ စပျစ်ဝိုင်နဲ့ နို့ကိုလည်း သောက်လိုက်ပြီ။”+ “အို ချစ်သူငယ်ချင်းတို့၊ စားကြပါ၊ သောက်ကြပါ။ ချစ်ခင်ယုယမှုတွေနဲ့ ယစ်မူးနေကြပါ။”+  ၂  “ကျွန်မ အိပ်ပျော်နေပေမဲ့ နှလုံးသားကတော့ နိုးနေတယ်။+ ချစ်သူ တံခါးခေါက်နေတဲ့ အသံပဲ။ ‘မောင့်နှမ၊ မောင့်ချစ်သူ၊မောင့်ချိုးငှက်လေး၊ ခြောက်ပြစ်ကင်းသူလေး၊တံခါးဖွင့်လှည့်ပါ။ မောင့်ခေါင်းမှာ နှင်းတွေစိုနေလို့၊ ဆံပင်တွေလည်း ညနှင်းစက်တွေ ရွှဲနေလို့ပါ။’+  ၃  ကျွန်မ ဝတ်ရုံချွတ်ပြီးပြီ။ ပြန်ဝတ်ရမှာလား။ ခြေလည်း ဆေးပြီးပြီ။ ညစ်ပေအောင် ပြန်လုပ်ရမှာလား။  ၄  ချစ်သူက မင်းတုပ်လျှိုတဲ့ အပေါက်ကနေ လက်ကို ပြန်ရုပ်လိုက်တဲ့အခါကျွန်မရင်ထဲမှာ ဝမ်းနည်းလှိုက်ဖိုမိတယ်။  ၅  ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်တဲ့အခါကျွန်မလက်ကနေ မုရန်သစ်စေးတွေ၊လက်ချောင်းတွေကနေ မုရန် ဆီတွေမင်းတုပ်ပေါ် စီးကျလာတယ်။  ၆  တံခါးဖွင့်ပေးလိုက်တဲ့အခါချစ်သူမောင်က လှည့်ထွက်သွားနှင့်ပြီ။ သူထွက်သွားတော့ ကျွန်မ စိတ်ထိခိုက်လိုက်တာ။* သူ့ကိုရှာတာ မတွေ့ပါလား။+ သူ့ကိုခေါ်နေတာ ပြန်မထူးပါလား။  ၇  မြို့ထဲမှာ ကင်းလှည့်နေတဲ့ ကင်းစောင့်တွေက ကျွန်မကို တွေ့သွားတဲ့အခါဒဏ်ရာရတဲ့အထိ ရိုက်နှက်ကြတယ်။ မြို့ရိုးပေါ်က ကင်းစောင့်တွေကလည်း ကျွန်မရဲ့ ခြုံထည်ကို ဆွဲယူကြတယ်။  ၈  အို ဂျေရုဆလင် သမီးပျိုတို့၊ချစ်သူကို တွေ့ခဲ့ရင်ကျွန်မ လွမ်းနာကျနေတဲ့ အကြောင်း ပြောပေးမယ်လို့ သစ္စာဆိုကြပါ။”  ၉  “အို အလှဆုံးမိန်းကလေး၊နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။ ငါတို့ကို အဲဒီလို သစ္စာဆိုခိုင်းရလောက်အောင်နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။” ၁၀  “ကျွန်မရဲ့ ချစ်သူဟာ ထူးခြား ထင်ပေါ်တဲ့သူပါ။ သူ့အသားအရေဟာ စိုပြည်နီမြန်းနေတယ်။ လူတစ်သောင်း အလယ်မှာတောင် ထင်းခနဲ ပေါ်လွင်တယ်။ ၁၁  သူ့ခေါင်းဟာ ရွှေစင်ပဲ။ ဆံသားတွေဟာ လှိုင်းတွန့်နေတဲ့ စွန်ပလွံခက်တွေနဲ့* တူတယ်။ ကျီးနက်ကြီးလို နက်မှောင်နေတယ်။ ၁၂  သူ့မျက်လုံးတွေဟာ စမ်းချောင်းဘေးမှာ နို့ရည်ကိုချိုးပြီးကန်အစွန်းမှာ* နားနေတဲ့ချိုးငှက်လေးတွေလိုပဲ။ ၁၃  သူ့ရဲ့ပါးပြင်ဟာ အမွှေးနံ့သာခင်းနဲ့ တူတယ်။+ မွှေးကြိုင်တဲ့ ဆေးပင်တွေ ပေါက်နေတဲ့ တောင်ပို့လေးလိုပဲ။ နှုတ်ခမ်းဟာ မုရန်ဆီတွေ တစက်စက်ယိုနေတဲ့ နှင်းပန်းဆိုပါတော့။+ ၁၄  သူ့လက်ချောင်းတွေဟာ ပြောင်ခေါင်းစိမ်း မြှုပ်ထားတဲ့ ရွှေချောင်းတွေနဲ့ တူတယ်။ ဝမ်းဗိုက်ဟာ နီလာကျောက်စီခြယ်ထားတဲ့ ပြောင်ချောနေတဲ့ ဆင်စွယ်နဲ့ တူတယ်။ ၁၅  သူ့ခြေထောက်တွေဟာ ရွှေစင်ပြားပေါ် စိုက်ထူထားတဲ့ စကျင်ကျောက်တိုင်တွေနဲ့ တူတယ်။ ရုပ်သွင်ဟာ လက်ဘနွန်တောင်လို ခံ့ညားတယ်။ သစ်ကတိုးပင်တွေလို ပြိုင်စံရှားတယ်။+ ၁၆  သူ့နှုတ်ခမ်းဟာ ချိုမြတယ်။ သူနဲ့ပတ်သက်သမျှ စွဲမက်စရာ ကောင်းတယ်။+ အို ဂျေရုဆလင် သမီးပျိုတို့၊ အဲဒါ ကျွန်မရဲ့ ချစ်သူပေါ့။ အချစ်ရဆုံးသူပေါ့။”

အောက်ခြေမှတ်ချက်များ

“သူစကားပြောတော့ ကျွန်မ သတိလက်လွတ် ဖြစ်သွားတယ်” လည်းဖြစ်နိုင်။
“ဆံသားတွေဟာ စွန်ပလွံသီးပြွတ်တွေနဲ့” လည်းဖြစ်နိုင်။
“ကန်ဘောင်မှာ” လည်းဖြစ်နိုင်။