ဝတ်ပြုရာ ၃:၁-၁၇
၃ “‘နွားထီး ဒါမှမဟုတ် နွားမကို မိတ်သဟာယ ပူဇော်သက္ကာ*+ အဖြစ် ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အကောင်ကို ယေဟောဝါရှေ့ ယူလာရမယ်။
၂ လှူတဲ့သူက နွားရဲ့ခေါင်းပေါ် လက်တင်ရမယ်။ နွားကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။
၃ သူက မိတ်သဟာယ ပူဇော်သက္ကာရဲ့ တချို့အပိုင်းကို ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ပေးရမယ်။+ အဲဒီအပိုင်းတွေကတော့ ဝမ်းတွင်းအဆီလွှာ၊+ အူမှာကပ်နေတဲ့အဆီတွေ၊
၄ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေပဲ။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+
၅ အာရုန်ရဲ့သားတွေက အဲဒါတွေကို ပူဇော်ရာပလ္လင် ထင်းမီးပေါ်က မီးရှို့ရာအလှူပေါ် တင်ပြီး မီးရှို့ရမယ်။+ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။+
၆ “‘သိုးအုပ်ဆိတ်အုပ်ထဲကနေ မိတ်သဟာယ ပူဇော်သက္ကာအဖြစ် ယေဟောဝါဆီ ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အထီး ဒါမှမဟုတ် အမဖြစ်ရမယ်။+
၇ သိုးထီးလေးကို လှူမယ်ဆိုရင် ယေဟောဝါရှေ့ ယူလာရမယ်။
၈ လှူတဲ့သူက သိုးရဲ့ခေါင်းပေါ် လက်တင်ရမယ်။ သိုးကို တွေ့ဆုံရာတဲတော်ရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သားတွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။
၉ လှူတဲ့သူက မိတ်သဟာယ ပူဇော်သက္ကာရဲ့ အဆီကို ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ပေးရမယ်။+ ကျောရိုးနားက အဆီများတဲ့အမြီး၊ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊
၁၀ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေကို ပေးရမယ်။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+
၁၁ ပုရောဟိတ်က အဲဒါတွေကို ယေဟောဝါအတွက် အစားအစာအဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။+
၁၂ “‘ဆိတ်ကို ပေးလှူမယ်ဆိုရင် ယေဟောဝါရှေ့ ယူလာရမယ်။
၁၃ လှူတဲ့သူက ဆိတ်ရဲ့ခေါင်းပေါ် လက်တင်ရမယ်။ ဆိတ်ကို တွေ့ဆုံရာတဲတော်ရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သားတွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။
၁၄ ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊+
၁၅ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေကို ပေးရမယ်။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။
၁၆ ပုရောဟိတ်က အဲဒါတွေကို အစားအစာအဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ ရနံ့အဖြစ် မီးရှို့ဆက်သတဲ့အလှူပဲ။ အဲဒီအဆီအားလုံး ယေဟောဝါအတွက် ဖြစ်ရမယ်။+
၁၇ “‘ဘာအဆီဖြစ်ဖြစ်၊ ဘာသွေးဖြစ်ဖြစ် လုံးဝ မစားရဘူး။+ ဒါဟာ မင်းတို့နေထိုင်ရာ အရပ်တိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ ဥပဒေပဲ။’”
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ချစ်ကြည်ရေးအလှူအဖြစ် ပေးတဲ့ ပူဇော်သက္ကာ။”