ဟဗက္ကုတ် ၂:၁-၂၀
၂ ကျွန်တော်က ကင်းတဲမှာ ရပ်မြဲရပ်နေမယ်။+
ခံစစ်ကုန်းရိုးပေါ်မှာ ရှိမြဲရှိနေမယ်။
ကျွန်တော်ကတစ်ဆင့် ကိုယ်တော် ဘာများပြောမလဲ၊ကျွန်တော့်ကို ပဲ့ပြင်တဲ့အခါ ဘာပြန်ပြောရမလဲ သိနိုင်ဖို့ စောင့်မြဲစောင့်နေမယ်။
၂ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
“ဒီစိတ်အာရုံအကြောင်း ချရေးပါ။ သင်ပုန်းပေါ်မှာ ရှင်းရှင်းလင်းလင်း ရေးထားပါ။+
ဒါမှ ကျယ်ကျယ်ဖတ်ပြမယ့်သူက အလွယ်တကူ ဖတ်နိုင်မယ်။+
၃ စိတ်အာရုံက သတ်မှတ်ထားချိန်ရောက်မှ ပြည့်စုံလာမယ်။
အဲဒီအချိန် အမြန်လာနေပြီ။
အဲဒါဟာ အလိမ်အညာ မဟုတ်ဘူး။
နှောင့်နှေးပုံပေါက်နေရင်တောင် ဆက်ပြီးစောင့်မျှော်နေပါ။+
ကျိန်းသေ ပြည့်စုံလာမယ်။ နောက်ကျမှာ မဟုတ်ဘူး။
၄ မာနကြီးသူကို ကြည့်ပါ။
သူဟာ စိတ်ရင်းမမှန်ဘူး။
ဖြောင့်မတ်သူကတော့ မိမိရဲ့သစ္စာတရားကြောင့်* အသက်ရှင်လိမ့်မယ်။+
၅ စပျစ်ဝိုင်ဟာ လှည့်စားတတ်တဲ့အတွက် မောက်မာတဲ့လူက ပန်းတိုင်ရောက်မှာ မဟုတ်ဘူး။
သင်္ချိုင်းလို အာသာဆန္ဒ မပြေနိုင်ဘူး။
သူဟာ သေမင်းနဲ့တူတယ်။ မတင်းတိမ်နိုင်ဘူး။
လူမျိုးအားလုံးကို စုသိမ်းနေတယ်။
လူအားလုံးကို စုစည်းနေတယ်။+
၆ လူမျိုးအားလုံးက သူ့အကြောင်းကို စကားပုံဖွဲ့ ပြီး၊ စကားထာဝှက်ပြီး စောင်းချိတ်ပြောဆိုမယ် မဟုတ်လား။+
သူတို့ ပြောမှာက–
‘ကိုယ်မပိုင်တာကို သိမ်းယူတဲ့သူ၊ကိုယ့်ကိုယ်ကိုယ် အကြွေးထူအောင်လုပ်တဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ဘယ်အချိန်အထိ အဲဒီလိုလုပ်နေမှာလဲ။
၇ မင်းရဲ့ အကြွေးရှင်တွေ ရုတ်တရက် ရောက်လာမယ် မဟုတ်လား။
သူတို့ နိုးထလာပြီး မင်းကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်မယ်။
မင်းဟာ သူတို့ လုယက်စရာ ဖြစ်သွားမယ်။+
၈ လူမျိုးများစွာကို မင်း လုယက်ခဲ့တဲ့အတွက် ကျန်တဲ့သူတွေအားလုံးက မင်းကို ပြန်လုယက်ကြမယ်။+
လူတွေကို မင်း သတ်ဖြတ်ခဲ့တာကိုး။
ကမ္ဘာမြေကိုရော၊ မြို့နဲ့ မြို့သူမြို့သားတွေကိုပါ အကြမ်းဖက်ခဲ့တာကိုး။+
၉ ဘေးဆိုးလက်ကနေ လွတ်ဖို့၊ကိုယ့်အသိုက်ကို အမြင့်မှာဆောက်ဖို့
ကိုယ့်အမျိုးအတွက် မတရားစီးပွားရှာတဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
၁၀ မင်းက အကောက်ကြံပြီး ကိုယ့်အမျိုးကို အရှက်ခွဲတယ်။
လူအများကြီးကို ပယ်ရှင်းပြီး အပြစ်ကျူးလွန်တယ်။+
၁၁ နံရံထဲကနေ ကျောက်တစ်လုံးက အော်ပြောလိမ့်မယ်။
အိမ်မိုးပေါ်ကနေ ဒိုင်းက သံယောင်လိုက်ပြီး တုံ့ပြန်မယ်။
၁၂ မြို့ကို သတ်ဖြတ်မှုတွေနဲ့ တည်တဲ့သူ၊မြို့ကို မဖြောင့်မတ်မှုတွေနဲ့ တည်ဆောက်တဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
၁၃ မီးစာဖြစ်သွားမယ့်အရာအတွက် လူတွေ အပင်ပန်းခံကြတယ်။
အချည်းနှီးဖြစ်သွားမယ့်အရာအတွက် လူမျိုးတွေ ဒုက္ခခံကြတယ်။+
အဲဒီလိုဖြစ်စေတာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပဲ မဟုတ်လား။
၁၄ ပင်လယ်ဟာ ရေတွေနဲ့ ပြည့်နေသလို ကမ္ဘာမြေဟာ
ယေဟောဝါရဲ့ ဂုဏ်ကျက်သရေအကြောင်း သိကျွမ်းသူတွေနဲ့ ပြည့်နေမယ်။+
၁၅ ကိုယ့်အပေါင်းအဖော်တွေ အဝတ်ဗလာဖြစ်တာကို မြင်ချင်လို့
အမျက်ဒေါသတွေ ရောစပ်ပြီး
သူတို့ကို မူးအောင်တိုက်တဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
၁၆ မင်းဟာ ဂုဏ်ကျက်သရေအစား အရှက်ကွဲခြင်းကိုပဲ တနင့်တပိုးခံရမယ်။
မင်းကိုယ်တိုင်လည်း သောက်ရလိမ့်မယ်။ အရေဖျားမဖြတ်ထားတဲ့အဖြစ်ကို ပြရလိမ့်မယ်။*
ယေဟောဝါရဲ့ ညာလက်မှာရှိတဲ့ ခွက်က မင်းဆီ ရောက်လာမယ်။+
မင်းရဲ့ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်းက လွှမ်းမိုးသွားမယ်။
၁၇ လက်ဘနွန်ကို အကြမ်းဖက်ခဲ့တာ၊တိရစ္ဆာန်တွေကို ခြောက်လှန့်ဖျက်ဆီးခဲ့တာတွေအတွက်
မင်း ပြန်ခံရလိမ့်မယ်။
လူတွေကို မင်း သတ်ဖြတ်ခဲ့တာကိုး။
ကမ္ဘာမြေကိုရော မြို့နဲ့ မြို့သူမြို့သားတွေကိုပါ အကြမ်းဖက်ခဲ့တာကိုး။+
၁၈ လူထွင်းထားတဲ့ ရုပ်တုဟာ ဘာများအကျိုးပေးလို့လဲ။
လူသွန်းလုပ်တဲ့ ရုပ်တုနဲ့ အလိမ်အညာဆရာက ဘာများ အကျိုးပေးလို့လဲ။
သွန်းလုပ်တဲ့သူက အသုံးမဝင်တဲ့ ရုပ်တုကို ဘယ်လို ယုံကြည်ကိုးစားနိုင်မလဲ။
အဲဒီရုပ်တုက စကားမှ မပြောတတ်တာ။+
၁၉ သစ်သားတုံးကို “နိုးထပါတော့” လို့ပြောတဲ့သူ၊စကားမပြောတတ်တဲ့ ကျောက်တုံးကို “နိုးထပါတော့၊ သွန်သင်ပေးပါတော့” လို့ပြောတဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ကြည့်လိုက်ပါ။ ရွှေငွေတွေနဲ့ မွမ်းမံထားပေမဲ့+ အဲဒီရုပ်တုတွေဟာ အသက်မဲ့နေတယ်။+
၂၀ ယေဟောဝါကတော့ သန့်ရှင်းတဲ့ဗိမာန်တော်မှာ စံမြန်းနေတယ်။+
အို ကမ္ဘာမြေ၊ ရှေ့တော်မှာ နှုတ်ဆိတ်နေလိုက်ပါ။’”+
အောက်ခြေမှတ်ချက်များ
^ “ယုံကြည်ခြင်းကြောင့်” လည်းဖြစ်နိုင်။
^ “ဒယိမ်းဒယိုင် ဖြစ်နေလိမ့်မယ်” လည်းဖြစ်နိုင်။