ဟေရှာယ ၁၂:၁-၆

  • ကျေးဇူးတင်ချီးမွမ်းသီချင်း (၁-၆)

    • “ယေဟောဝါဟာ ကျွန်တော့်ရဲ့အစွမ်းသတ္တိ” ()

၁၂  အဲဒီအချိန်ကျရင် မင်းတို့က“ယေဟောဝါဘုရား၊ ကျွန်တော့်ကို အမျက်တော်ထွက်ခဲ့ပေမဲ့တဖြည်းဖြည်း အမျက်ပြေသွားပြီးနှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။+  ၂  ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ကယ်တင်ခြင်းပါ။+ ဘုရားကိုပဲ ယုံကြည်ကိုးစားမယ်။ ဘာကိုမှ မကြောက်တော့ဘူး။+ ယေဟောဝါ၊ ယေဟောဝါဟာ ကျွန်တော့်အစွမ်းသတ္တိ၊ ကျွန်တော့်ခွန်အား၊ကျွန်တော့်ရဲ့ ကယ်တင်ခြင်းပါပဲ”+ လို့ပြောကြမှာ သေချာတယ်။  ၃  မင်းတို့က ကယ်တင်ခြင်း စမ်းချောင်းတွေထဲက ရေကိုဝမ်းသာအားရ ခပ်ယူကြလိမ့်မယ်။+  ၄  အဲဒီအချိန်ကျရင်“ယေဟောဝါကို ကျေးဇူးတင်ကြ။ နာမတော်ကို ခေါ်ပြီး ဆုတောင်းကြ။ ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ကြားသိစေကြ။+ နာမတော် ဂုဏ်တင်ခံရပြီလို့ ကြေညာကြ။+  ၅  ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။+ ကြီးကျယ်ခမ်းနားတဲ့အရာတွေ ဘုရား လုပ်ဆောင်ခဲ့ပြီ။+ ဒါကို တစ်ကမ္ဘာလုံး ကြားသိစေကြပါ။  ၆  ဇိအုန်မြို့သူမြို့သားတို့၊ မင်းတို့အလယ်မှာ စံမြန်းတဲ့ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ဟာ ကြီးမြတ်တဲ့အတွက်ဝမ်းသာအားရ ကြွေးကြော်ပြီး သီချင်းဆိုကြပါ” လို့ပြောကြလိမ့်မယ်။

အောက်ခြေမှတ်ချက်များ