ဟေရှာယ ၂၁:၁-၁၇

  • ပင်လယ်ရေလွှမ်းတဲ့ တောကန္တာရနဲ့ပတ်သက်တဲ့ စီရင်ချက် (၁-၁၀)

    • ကင်းမျှော်စင်ကနေ စောင့်ကြည့် ()

    • “ဗာဗုလုန် ပြိုလဲပြီ” ()

  • ဒုမာ၊ သဲကန္တာရလွင်ပြင်နဲ့ပတ်သက်တဲ့ စီရင်ချက် (၁၁-၁၇)

    • “ကင်းစောင့်၊ ညတာကုန်ဆုံးဖို့ ဘယ်လောက်လိုသေးလဲ” (၁၁)

၂၁  ပင်လယ်ရေလွှမ်းတဲ့  တောကန္တာရနဲ့* ပတ်သက်တဲ့ တရားစီရင်ချက်–+ တောင်ဘက်ကနေ မုန်တိုင်းတိုက်လာသလိုတောကန္တာရကနေ၊ ကြောက်မက်ဖွယ်ပြည်ကနေ ဘေးဆိုး လာနေတယ်။+  ၂  ငါမြင်ရတဲ့ ကြောက်စရာ စိတ်အာရုံကတော့သစ္စာဖောက်က သစ္စာဖောက်တယ်။ ဖျက်ဆီးသူကလည်းဖျက်ဆီးတယ်။ အို ဧလံ၊ တက်သွားပါ။ အို မီးဒီးယား၊+ မြို့ကိုဝိုင်းထားပါ။ သူဖြစ်ပေါ်စေတဲ့ ဆင်းရဲဒုက္ခတွေကို ငါအဆုံးတိုင်စေမယ်။+  ၃  အဲဒီစိတ်အာရုံကြောင့်ငါအကြီးအကျယ် ဝေဒနာခံစားရတယ်။+ သားဖွားနေတဲ့ မိန်းမလို အလူးအလဲ နာကျင်ခံစားနေရတယ်။ ဘာမှ မကြားချင်လောက်အောင် စိတ်ဆင်းရဲနေတယ်။ ဘာမှ မမြင်ချင်လောက်အောင် စိတ်အနှောင့်အယှက် ဖြစ်နေတယ်။  ၄  ငါ့ရင်တွေ တလှပ်လှပ်တုန်နေတယ်။ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေတယ်။ တမ်းတခဲ့ရတဲ့ နေဝင်ဆည်းဆာဟာ ငါ့ကိုတုန်လှုပ်စေတယ်။  ၅  စားပွဲခင်းပြီး ခုံတွေ ချထားပါ။ စားသောက်ကြပါ။+ မင်းညီမင်းသားတို့၊ ထကြ။ ဒိုင်းလွှားကို ဘိသိက်ဆီ လောင်းကြ။  ၆  ယေဟောဝါက “သွားပါ။ ကင်းစောင့်ချထားပါ။ သူမြင်သမျှကို သတင်းပို့ခိုင်းပါ” လို့ ငါ့ကိုပြောတယ်။  ၇  ကင်းစောင့်က မြင်းတစ်အုပ်ဆွဲလာတဲ့ စစ်မြင်းရထားတစ်စီး၊မြည်းတွေဆွဲလာတဲ့ စစ်ရထားတစ်စီး၊ကုလားအုတ်တွေဆွဲလာတဲ့ စစ်ရထားတစ်စီးကို မြင်တယ်။ သူ သတိရှိရှိနဲ့ အာရုံစိုက်ပြီး ကြည့်နေတယ်။  ၈  အဲဒီနောက် သူက ခြင်္သေ့လို အော်ပြောတယ်– “ယေဟောဝါဘုရား၊ ကင်းမျှော်စင်ပေါ်မှာ ကျွန်တော် တစ်နေကုန် ရပ်နေပါတယ်။ ကင်းတဲမှာလည်း ညတိုင်း စောင့်နေပါတယ်။+  ၉  ကြည့်လိုက်ပါဦး။ လူတွေက မြင်းတစ်အုပ်ဆွဲလာတဲ့ စစ်မြင်းရထားကို စီးပြီး လာနေပြီ။”+ အဲဒီနောက် သူက “ဗာဗုလုန် ပြိုလဲပြီ။ ပြိုလဲပြီ။+ ဘုရားရုပ်တုအားလုံးမြေပေါ်မှာ ကျိုးကြေကုန်ပြီ”+ လို့ပြောတယ်။ ၁၀  နင်းခြေခံရတဲ့ ငါ့လူတို့၊ငါ့ကောက်နယ်တလင်းက ကောက်နှံတို့၊+အစ္စရေးတို့ရဲ့ ဘုရားသခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီက ကြားရတာတွေကို မင်းတို့ကို ငါပြန်ပြောပြတာပါ။ ၁၁  ဒုမာနဲ့* ပတ်သက်တဲ့ တရားစီရင်ချက်– စိရတောင်က+ လူတစ်ယောက် လှမ်းအော်ပြီး“ဗျို့ ကင်းစောင့်၊ ညတာကုန်ဆုံးဖို့ ဘယ်လောက်လိုသေးလဲ။ ဗျို့ ကင်းစောင့်၊ ညတာကုန်ဆုံးဖို့ ဘယ်လောက်လိုသေးလဲ” လို့မေးတယ်။ ၁၂  ဒါနဲ့ ကင်းစောင့်က“မိုးလင်းခါနီးပါပြီ။ ညအမှောင်လည်း ရောက်လာတော့မယ်။ မေးစရာရှိတာ မေးကြ။ ပြန်လာကြ” လို့ပြောတယ်။ ၁၃  သဲကန္တာရလွင်ပြင်နဲ့ပတ်သက်တဲ့ တရားစီရင်ချက်– ဒေဒန်ရဲ့+ ကုလားအုတ် ယာဉ်တန်းတို့၊သဲကန္တာရလွင်ပြင်ထဲက တောအုပ်မှာ မင်းတို့ ညအိပ်ရလိမ့်မယ်။ ၁၄  တေမပြည်သားတို့၊+ရေငတ်သူကို တိုက်ဖို့ ရေယူလာကြ။ ထွက်ပြေးလာသူကို ကျွေးဖို့ စားစရာ ယူလာကြ။ ၁၅  သူတို့က ဓား၊ ဆွဲထုတ်ထားတဲ့ဓား၊တင်ထားတဲ့လေးနဲ့ ရက်စက်တဲ့ စစ်ပွဲရဲ့ ရန်ကနေ ထွက်ပြေးလာကြလို့ပဲ။ ၁၆  အဲဒီနောက် ငါ့ကို ယေဟောဝါဘုရားက “စာရင်းငှားတစ်ယောက်ရဲ့ နှစ်တွေလို တစ်နှစ်တင်းတင်း ပြည့်တဲ့အခါ ကေဒါရဲ့  ဂုဏ်ကျက်သရေအားလုံး+ ကွယ်ပျောက်သွားမယ်။ ၁၇  ကေဒါရဲ့ကျန်ရစ်တဲ့  လေးသည်တော်တွေ လျော့နည်းသွားမယ်။ ဒါဟာ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ အမိန့်ပဲ” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

ရှေးဗာဗုလုန်နယ်မြေ ဖြစ်နိုင်။
အဓိပ္ပာယ်၊ “တိတ်ဆိတ်ခြင်း။” ဧဒုံပြည်ဖြစ်နိုင်။