ဟေရှာယ ၂၄:၁-၂၃
၂၄ ကြည့်ပါ။ ယေဟောဝါက ပြည်ကို* ဟာလာဟင်းလင်းဖြစ်အောင်၊ လူသူကင်းမဲ့အောင် လုပ်မယ်။+
ပြည်ကို မှောက်ချလိုက်ပြီး+ ပြည်သူပြည်သားတွေကို တကွဲတပြား ဖြစ်စေမယ်။+
၂ လူတွေနဲ့ ပုရောဟိတ်၊ကျွန်နဲ့ သခင်၊ကျွန်မနဲ့ သခင်မ၊ရောင်းသူနဲ့ ဝယ်သူ၊ချေးငှားပေးသူနဲ့ ချေးငှားယူသူ၊ကြွေးရှင်နဲ့ ကြွေးယူသူ
အားလုံး တန်းတူဖြစ်သွားမယ်။+
၃ ပြည်ဟာ ဟာလာဟင်းလင်း ဖြစ်သွားမယ်။
ဘာမှမကျန်အောင် တိုက်ခိုက်လုယက်ခံရမယ်။+
ဒါဟာ ယေဟောဝါရဲ့ အမိန့်ပဲ။
၄ ပြည်က ညည်းတွားငိုကြွေးနေတယ်၊*+ လုံးပါးပါးနေတယ်။
ဖြစ်ထွန်းတဲ့မြေက ခြောက်သွေ့ဆုတ်ယုတ်နေတယ်။
ပြည်ထဲက အထင်ကရလူတွေလည်း အားလျော့နေတယ်။
၅ ပြည်သူပြည်သားတွေက ပညတ်တွေကို လျစ်လျူရှုတယ်။+
စည်းမျဉ်းကို ပြောင်းလဲကြတယ်။+
တည်မြဲတဲ့ပဋိညာဉ်ကိုလည်း ချိုးဖောက်ကြတယ်။+
ပြည်ဟာ ညစ်ညူးနေတယ်။+
၆ ဒါကြောင့် ပြည်ဟာ ကျိန်စာသင့်နေပြီ။+
ပြည်သူပြည်သားတွေဟာ အပြစ်ရှိသူလို့ သတ်မှတ်ခံရပြီ။
ပြည်သူပြည်သားတွေ တဖြည်းဖြည်း လျော့နည်းလာပြီးယောက်ျားသားတွေ မဆိုစလောက်ပဲ ကျန်တော့တယ်။+
၇ စပျစ်ဝိုင်သစ် ညည်းတွားငိုကြွေးနေတယ်။* စပျစ်ပင်လည်း ညှိုးနွမ်းနေတယ်။+
ပျော်မြူးသူတွေ သက်ပြင်းချနေတယ်။+
၈ ချူတပ်ဗုံတွေရဲ့ သာယာတဲ့အသံ တိတ်ဆိတ်သွားပြီ။
သောက်စားမြူးထူးသူတွေရဲ့ အသံ ရပ်စဲသွားပြီ။
သာယာနာပျော်ဖွယ် စောင်းသံလည်း တိတ်ဆိတ်သွားပြီ။+
၉ သီချင်းသံမပါဘဲ စပျစ်ဝိုင်ကို သောက်နေရတယ်။
အရက်သောက်တော့လည်း ခါးတူးနေတယ်။
၁၀ စွန့်ပစ်ခံရတဲ့မြို့ဟာ ပြိုပျက်သွားပြီ။+
ဘယ်သူမှ မဝင်နိုင်အောင် အိမ်တိုင်း တံခါးပိတ်ထားကြပြီ။
၁၁ စပျစ်ဝိုင်မရှိလို့ လူတွေ လမ်းပေါ် အော်ဟစ်နေတယ်။
ဝမ်းမြောက်မှုမှန်သမျှ ဆိတ်သုဉ်းသွားပြီ။
ပြည်ရဲ့ ရွှင်လန်းမှုလည်း ကွယ်ပျောက်သွားပြီ။+
၁၂ မြို့ဟာ ပျက်စီးသွားပြီ။
မြို့တံခါးလည်း အုတ်ကျိုးပုံဖြစ်သွားတဲ့အထိ ဖြိုဖျက်ခံရပြီ။+
၁၃ သံလွင်ပင်ကို ရိုက်ခြွေပြီးနောက်၊+စပျစ်သီးကို ဆွတ်ခူးပြီးနောက် အသီးတွေ ကျန်ကြွင်းတတ်သလို+ငါ့လူတွေလည်း ပြည်မှာ၊ လူမျိုးခြားတွေအလယ်မှာ ကျန်ကြွင်းနေမယ်။
၁၄ သူတို့ ကြွေးကြော်ကြလိမ့်မယ်။
ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မယ်။
ယေဟောဝါရဲ့ ဘုန်းတန်ခိုးအကြောင်း ပင်လယ်ကနေ ကြွေးကြော်လိမ့်မယ်။+
၁၅ ဒါကြောင့် အလင်းထွက်ပေါ်တဲ့အရပ်မှာ ယေဟောဝါကို သူတို့ ဂုဏ်တင်ချီးမွမ်းမယ်။+
ပင်လယ်ထဲက ကျွန်းတွေမှာ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ချီးမွမ်းမယ်။+
၁၆ “ဖြောင့်မတ်တဲ့အရှင်ကို ဂုဏ်တင်ချီးမွမ်းကြပါ”+ ဆိုတဲ့သီချင်းသံတွေကိုကမ္ဘာမြေ အစွန်အဖျားကနေ ငါတို့ကြားရတယ်။
“ငါကတော့ ချုံးချုံးကျနေပြီ။ ချုံးချုံးကျနေပါပြီ။
ငါ့အဖြစ်ဆိုးလိုက်တာ။ သစ္စာဖောက်ဟာ သစ္စာမဲ့စွာပြုမူပြီ။
သစ္စာဖောက်က သစ္စာဖောက်ပြီး သစ္စာမဲ့စွာပြုမူပြီ”+ လို့ ငါပြောမယ်။
၁၇ အို ပြည်သား၊ မင်းကို ကြောက်စရာတွေ၊ တွင်းတွေ၊ ထောင်ချောက်တွေ စောင့်နေတယ်။+
၁၈ ကြောက်စရာကောင်းတဲ့ အသံကြောင့် ထွက်ပြေးသူတွေ တွင်းထဲကျမယ်။
တွင်းထဲက တက်လာရင်လည်း ထောင်ချောက်မိမယ်။+
ကောင်းကင် ရေတံခါးတွေ ပွင့်သွားမယ်။
ပြည်ရဲ့အုတ်မြစ်တွေ လှုပ်ခါလိမ့်မယ်။
၁၉ ပြည်ဟာ ကွဲအက်သွားမယ်။
တုန်ခါသွားမယ်။
သွက်သွက်ခါသွားမယ်။+
၂၀ အရက်မူးသမားလို ယိမ်းယိုင်နေမယ်။
လေတိုက်ရာ ယိမ်းထိုးတဲ့ တဲလို ဖြစ်မယ်။
ပြည်ဟာ အပြစ်ဝန်ထုပ်အောက် ပိနေမယ်။+
ပြန်မထနိုင်အောင် ပြိုလဲသွားမယ်။
၂၁ အဲဒီအချိန်ကျရင် ယေဟောဝါက အထက်အရပ်မှာရှိတဲ့ ဗိုလ်ခြေကိုရော
ကမ္ဘာမြေပေါ်က ဘုရင်တွေကိုပါ အရေးယူမယ်။
၂၂ သူတို့ကို အကျဉ်းသားတွေလို တွင်းထဲမှာ စုပြီးထည့်ထားမယ်။
မြေအောက်အကျဉ်းတိုက်ထဲမှာ ပိတ်လှောင်ထားမယ်။
ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက်စစ်ကြောစီရင်မယ်။
၂၃ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ ဇိအုန်တောင်နဲ့+ ဂျေရုဆလင်မြို့မှာ ဘုရင်ဖြစ်ပြီ။+
လူမျိုးတော်ရဲ့ အကြီးအကဲတွေရှေ့မှာ ဘုန်းထင်ရှားပြီ။+
ဒါကြောင့် လပြည့်ဝန်းဟာ ရှက်သွားမယ်။
ထွန်းတောက်တဲ့ နေမင်းလည်း ရှက်ကြောက်သွားမယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ကမ္ဘာမြေကို။”
^ “ခြောက်သွေ့နေတယ်” လည်းဖြစ်နိုင်။
^ “ခန်းခြောက်နေတယ်” လည်းဖြစ်နိုင်။