ဟေရှာယ ၄၃:၁-၂၈

  • လူမျိုးတော်ကို ယေဟောဝါ ပြန်စုသိမ်း (၁-၇)

  • တရားရင်ဆိုင်ရမယ့် ဘုရားတွေ (၈-၁၃)

    • “မင်းတို့ဟာ ငါ့ရဲ့သက်သေတွေ” (၁၀၁၂)

  • ဗာဗုလုန်ကနေ လွတ် (၁၄-၂၁)

  • “တရားရင်ဆိုင်ကြစို့” (၂၂-၂၈)

၄၃  အို ယာကုပ်၊ အို အစ္စရေး၊မင်းကိုဖန်ဆင်းတဲ့အရှင်၊ မင်းကိုပုံသွင်းတဲ့အရှင်+ ယေဟောဝါပြောတယ်– “မကြောက်နဲ့။ မင်းကို ငါပြန်ဝယ်လိုက်ပြီ။+ နာမည်တပ်ပြီး ခေါ်လိုက်ပြီ။ မင်းကို ငါပိုင်တယ်။  ၂  မင်း ရေထဲ ဖြတ်လျှောက်တဲ့အခါ မင်းနဲ့အတူ ငါရှိမယ်။+ မြစ်ကို ဖြတ်ကူးတဲ့အခါ မင်းကို ရေလွှမ်းမှာ မဟုတ်ဘူး။+ မီးထဲ ဖြတ်လျှောက်တဲ့အခါ မင်းကို မီးလောင်မှာ မဟုတ်ဘူး။ မီးဟပ်မှာ မဟုတ်ဘူး။  ၃  ငါဟာ မင်းရဲ့ဘုရား ယေဟောဝါပဲ။ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်၊ မင်းရဲ့ကယ်တင်ရှင်ပဲ။ အီဂျစ်ကို ရွေးဖိုးအဖြစ် ငါပေးလိုက်ပြီ။ မင်းကို အီသီယိုးပီးယားပြည်၊ သေဘပြည်နဲ့ လဲယူလိုက်ပြီ။  ၄  မင်းဟာ ငါ့အတွက် တန်ဖိုးရှိတယ်။+ ဒါကြောင့် မင်းကို ဂုဏ်တင်ခဲ့တယ်၊ ချစ်ခဲ့တယ်။+ မင်းရဲ့အသက်ကို ကယ်ဖို့ လူတွေ၊ တခြားလူမျိုးတွေကို ပေးလိုက်ပြီ။  ၅  မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။+ မင်းရဲ့မျိုးနွယ်ကို အရှေ့အရပ်ကနေ ခေါ်လာမယ်။ အနောက်အရပ်ကနေ စုသိမ်းမယ်။+  ၆  ‘သူတို့ကို ပြန်အပ်ပါ’ လို့ မြောက်အရပ်ကို ငါပြောမယ်။+ တောင်အရပ်ကိုလည်း ‘သူတို့ကို ခေါ်မထားနဲ့။ ငါ့သားတွေကို ရပ်ဝေးကနေ ခေါ်လာခဲ့ပါ။ ငါ့သမီးတွေကို ကမ္ဘာမြေရဲ့ အစွန်အဖျားကနေ ခေါ်လာခဲ့ပါ။+  ၇  သူတို့ဟာ ငါ့နာမည် ခံယူထားသူတွေ၊+ငါ့ဂုဏ်ကျက်သရေအတွက် ငါဖန်ဆင်းထားသူတွေ၊ ငါပုံသွင်းပြုလုပ်ထားသူတွေပဲ’ လို့ပြောမယ်။+  ၈  “မျက်စိရှိလျက်နဲ့ မျက်စိကန်းနေတဲ့သူတွေ၊နားရှိလျက်နဲ့ နားပင်းနေတဲ့သူတွေကို ခေါ်ထုတ်ခဲ့ပါ။+  ၉  လူမျိုးအားလုံး တစ်နေရာတည်းမှာ စုဝေးကြ။ လူတွေလည်း အတူစုရုံးကြ။+ ဘယ်ဘုရားက ပြောနိုင်သလဲ၊အရင်ဆုံးဖြစ်လာမယ့်အရာတွေအကြောင်း* ငါတို့ကို သူတို့ပြောပြနိုင်သလား။+ အဲဒီဘုရားတွေ မှန်တယ်ဆိုရင် သက်သေတွေ ခေါ်လာခဲ့လေ။ လူတွေ ကြားနာပြီး ‘ဒါအမှန်ပဲ’ လို့ပြောကြလေ။”+ ၁၀  ယေဟောဝါ ပြောတယ်– “မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ။+ ငါ့ကိုသိရှိပြီး ယုံကြည်သက်ဝင်စေဖို့၊ငါဟာ မပြောင်းလဲတဲ့အရှင်ဖြစ်မှန်း နားလည်စေဖို့+ ငါရွေးချယ်ထားတဲ့ ကျွန်ပဲ။+ ငါ့အရင် ဘယ်ဘုရားသခင်မှ မရှိခဲ့ဘူး။ ငါ့နောက်မှာလည်း ဘယ်ဘုရားမှ ရှိမှာမဟုတ်ဘူး။+ ၁၁  ငါဟာ ယေဟောဝါပဲ။+ ငါကလွဲလို့ တခြားကယ်တင်ရှင် မရှိဘူး။”+ ၁၂  ယေဟောဝါ ပြောတာက– “မင်းတို့ဆီမှာ တခြားဘုရားတွေ မရှိတုန်းက+ ငါပြောခဲ့တယ်။ ကယ်တင်ခဲ့တယ်။ အသိပေးခဲ့တယ်။ ဒါကြောင့် မင်းတို့ဟာ ငါ့သက်သေတွေပဲ။ ငါဟာ ဘုရားသခင်ပဲ။+ ၁၃  အဲဒီအပြင် ငါဟာ ဘယ်တော့မှ မပြောင်းလဲတဲ့အရှင်ပဲ။+ ငါ့လက်ကနေ လုယူနိုင်တဲ့သူ မရှိဘူး။+ ငါလုပ်ဆောင်တဲ့အခါ တားဆီးနိုင်တဲ့သူ ရှိလို့လား။”+ ၁၄  မင်းတို့ကို ပြန်ဝယ်တဲ့အရှင်၊+ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်+ ယေဟောဝါ ပြောတာက– “မင်းတို့အတွက် သူတို့ကို ဗာဗုလုန်ဆီ ငါစေလွှတ်မယ်။ မြို့တံခါးရဲ့ ကန့်လန့်ကျင်တွေကို ဖြုတ်ချမယ်။+ ခါလဒဲလူတွေ သင်္ဘောထဲမှာ ဒုက္ခရောက်ပြီး အော်ဟစ်ကြလိမ့်မယ်။+ ၁၅  ငါဟာ သန့်ရှင်းမြင့်မြတ်တဲ့အရှင်၊+ အစ္စရေးတို့ရဲ့ ဖန်ဆင်းရှင်၊+ မင်းတို့ရဲ့ဘုရင်+ ယေဟောဝါပဲ။” ၁၆  ယေဟောဝါဟာ ပင်လယ်ကိုဖြတ်ပြီး လမ်းဖောက်ပေးတဲ့အရှင်၊လှိုင်းထန်တဲ့ရေကို ဖြတ်ပြီး လမ်းခင်းပေးတဲ့အရှင်၊+ ၁၇  စစ်မြင်းရထားတွေ၊ မြင်းတွေနဲ့+ စစ်သည်အလုံးအရင်းပါတဲ့ တပ်မကြီးကို ခေါ်ထုတ်လာတဲ့အရှင်ပဲ။ ဘုရားပြောတာက– “သူတို့ လဲကျသွားလိမ့်မယ်။ ပြန်ထလာမှာ မဟုတ်ဘူး။+ မီးစာလို ငြိမ်းသတ်ခံရလိမ့်မယ်။” ၁၈  “အရင်က ဖြစ်ခဲ့တာတွေကို သတိမရကြနဲ့။ အတိတ်ကိုပဲ ပြန်တွေးမနေနဲ့။ ၁၉  အသစ်သောအရာတစ်ခုကို ငါလုပ်ဆောင်နေတယ်။+ တကယ်ဆို အခုတောင် ဖြစ်နေပြီ။ မင်းတို့ မသိကြဘူးလား။ တောကန္တာရကိုဖြတ်ပြီး ငါလမ်းဖောက်မယ်။+ ကန္တာရကိုဖြတ်ပြီး မြစ်တွေ စီးဆင်းစေမယ်။+ ၂၀  သားရဲတွေ၊ ခွေးအတွေ၊ငှက်ကုလားအုတ်တွေတောင် ငါ့ကို ဂုဏ်တင်လိမ့်မယ်။ ငါ့လူတွေ၊ ငါရွေးချယ်ထားတဲ့သူတွေ+ သောက်ဖို့ တောကန္တာရမှာ ရေစီးဆင်းပြီး သဲကန္တာရမှာ မြစ်တွေကို ငါစီးဆင်းစေလို့ပဲ။+ ၂၁  သူတို့ဟာ ငါ့ကို ချီးမွမ်းနိုင်ဖို့ ငါပုံသွင်းခဲ့သူတွေပဲ။+ ၂၂  ယာကုပ်၊ မင်းက ငါ့ကို အသနားမခံဘူး။+ အစ္စရေး၊ မင်းက ငါ့ကို ငြီးငွေ့နေတာကိုး။+ ၂၃  မင်းက အကုန်အစင် မီးရှို့ရာအလှူတွေ ဆက်သဖို့ သိုးတွေ မယူလာဘူး။ ပူဇော်သက္ကာတွေနဲ့ ငါ့ကိုဂုဏ်မတင်ဘူး။ လက်ဆောင်တွေ ဆက်သပါလို့ ငါအတင်းအကျပ် မခိုင်းပါဘူး။ လောဗန်* ပူဇော်ပါလို့ မရမကတောင်းဆိုပြီး မင်းစိတ်ပင်ပန်းအောင် မလုပ်ပါဘူး။+ ၂၄  မင်းက ငါ့ဆီဆက်သဖို့ ကြံမွှေး မဝယ်ဘူး။ ငါကျေနပ်အောင် ပူဇော်သက္ကာတွေရဲ့ အဆီကို မဆက်သဘူး။+ အဲဒီအစား မင်းရဲ့အပြစ်တွေက ငါ့ကိုဝန်ပိစေတယ်။ မင်းရဲ့အမှားတွေက ငါ့ကိုပင်ပန်းစေတယ်။+ ၂၅  ငါဟာ ငါ့နာမည်ကိုထောက်ပြီး+ မင်းရဲ့အပြစ်တွေကို ပယ်ဖျက်ပေးတဲ့အရှင်ပဲ။+ မင်းရဲ့အပြစ်တွေကို ငါသတိရမှာ မဟုတ်ဘူး။+ ၂၆  ငါတို့ တရားရင်ဆိုင်ကြစို့။ ငါ့ကို အသိပေးပါ။ မင်းမှန်တယ်ဆိုတာ သက်သေပြဖို့ ထွက်ဆိုပါ။ ၂၇  မင်းရဲ့ ဦးဆုံးဘိုးဘေးက အပြစ်ကျူးလွန်ခဲ့တယ်။ မင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တွေလည်း* ငါ့ကိုပုန်ကန်ခဲ့တယ်။+ ၂၈  ဒါကြောင့် သန့်ရှင်းရာအရပ်မှာ ဦးဆောင်ဦးရွက်ပြုသူတွေကို ငါရှုတ်ချမယ်။ ယာကုပ်ကို ဖျက်ဆီးခြင်းလက်ထဲ အပ်မယ်။ အစ္စရေးကို ကဲ့ရဲ့စော်ကားစရာ ဖြစ်စေမယ်။+

အောက်ခြေမှတ်ချက်များ

အနာဂတ်မှာ ဦးဆုံးဖြစ်လာမယ့်အရာတွေကို ဆိုလိုနိုင်။
မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။
ပညတ်တရား သွန်သင်ပေးသူတွေကို ဆိုလို။