ဟေရှာယ ၅၀:၁-၁၁
၅၀ ယေဟောဝါ ပြောတာက–
“မင်းတို့ရဲ့မိခင်ကို ငါထွက်သွားခိုင်းတုန်းက ကွာရှင်းစာချုပ် ပေးခဲ့လို့လား။+
မင်းတို့ကို ကြွေးရှင်ဆီ ရောင်းစားခဲ့လို့လား။
မင်းတို့ရဲ့ အမှားတွေကြောင့်သာ+ ရောင်းစားခံခဲ့ရတာ။
မင်းတို့ရဲ့ အပြစ်တွေကြောင့်သာ မင်းတို့ရဲ့မိခင် ထွက်သွားခဲ့ရတာ။+
၂ ငါရောက်လာတော့ ဘာလို့ တစ်ယောက်မှ မရှိတာလဲ။
ငါခေါ်တော့ ဘာလို့ တစ်ယောက်မှ မထူးတာလဲ။+
မရွေးယူနိုင်လောက်အောင် ငါ့လက် တိုလွန်းသလား။
မကယ်တင်နိုင်လောက်အောင် ငါ့မှာ တန်ခိုးမရှိဘူးလား။+
ငါဆုံးမလိုက်လို့ ပင်လယ် ခန်းခြောက်သွားတယ်။+
မြစ်တွေကိုလည်း ကန္တာရ ဖြစ်စေတယ်။+
ရေမရှိလို့ ငါးတွေ ပုပ်ကုန်တယ်။
ရေခန်းသွားလို့ သေကုန်တယ်။
၃ ငါက မိုးကောင်းကင်ကို အမှောင်ထု ဝတ်ဆင်ပေးပြီး+
အထည်ကြမ်း ခြုံလွှမ်းပေးတယ်။”
၄ ပင်ပန်းနေသူကို စကားပြောဆိုတတ်ဖို့*+
အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ငါ့ကို သင်ပေးတယ်။+
ငါ့ကို မနက်တိုင်း နှိုးတယ်။
စာသင်သားတွေလို နားထောင်တတ်အောင် ငါ့ကိုနှိုးပြီး သင်ပေးတယ်။+
၅ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ငါ့နားကို ဖွင့်ပေးတယ်။
ငါ ကလန်ကဆန် မလုပ်ဘူး။+
လှည့်ထွက်မသွားဘူး။+
၆ ငါက ရိုက်နှက်တဲ့သူတွေဆီ ကျောပြင်ကို အပ်တယ်။
မုတ်ဆိတ်မွေး ဆွဲနုတ်တဲ့သူတွေဆီ ပါးပြင်ကို အပ်တယ်။
အရှက်ခွဲခံရတဲ့အခါ၊ တံတွေးထွေးခံရတဲ့အခါ မျက်နှာမလွှဲဘူး။+
၇ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ကူညီပေးလိမ့်မယ်။+
ဒါကြောင့် ငါအရှက်ခွဲခံရတယ်လို့ မခံစားရဘူး။
မျက်နှာကို မီးခတ်ကျောက်လို ထားတယ်။+
အရှက်ကွဲမှာ မဟုတ်မှန်း သိတယ်။
၈ ငါ့ကိုဖြောင့်မတ်တယ်လို့ သတ်မှတ်တဲ့အရှင်ဟာ အနားမှာရှိတယ်။
ငါ့ကို ဘယ်သူ စွဲချက်တင်မလဲ။+
အမှုရင်ဆိုင်ကြစို့။
ငါ့ကို ဘယ်သူ အမှုဖွင့်မလဲ။
အနားကို လာပါစေ။
၉ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ကူညီပေးမယ်။
ငါ့ကို အပြစ်ရှိသူလို့ ဘယ်သူပြောမလဲ။
သူတို့ဟာ အဝတ်လို ဟောင်းနွမ်းသွားမယ်။
ပိုးတွေ ကိုက်စားသွားမယ်။
၁၀ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူ၊ဘုရားကျွန်ပြောတာကို+ နားထောင်တဲ့သူ ဘယ်သူရှိသလဲ။
အလင်းမရှိတဲ့ အမှောင်ထုထဲ လျှောက်တဲ့သူ ဘယ်သူရှိသလဲ။
ရှိရင် ယေဟောဝါရဲ့နာမည်ကို ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်ကို မှီခိုအားထားပါစေ။
၁၁ “မီးမွှေးပြီး မီးပွားလွင့်စင်စေသူတို့၊မီးရောင်အောက်မှာ၊
မင်းတို့တောက်လောင်စေတဲ့ မီးပွားတွေကြားမှာလျှောက်ကြပါ။
မင်းတို့ စူးစူးရှရှ နာကျင်ပြီး လဲကျသွားလိမ့်မယ်။
ဒါဟာ မင်းတို့ခံရမယ့် ပြစ်ဒဏ်ပဲ။
အောက်ခြေမှတ်ချက်များ
^ “ခွန်အားပေးဖို့” လည်းဖြစ်နိုင်။