ဟေရှာယ ၆၀:၁-၂၂

  • ဇိအုန်အပေါ် ယေဟောဝါရဲ့ဘုန်းတန်ခိုး ထွန်းလင်း (၁-၂၂)

    • အသိုက်ဆီ ပြန်လာတဲ့ ချိုးငှက်တွေလို ()

    • ကြေးနီနေရာမှာ ရွှေ (၁၇)

    • လူနည်းစုလေး လူတစ်ထောင် ဖြစ်လာ (၂၂)

၆၀  “အို အမျိုးသမီး၊+ ထပြီး အလင်းထွန်းလင်းပါ။ မင်းရဲ့အလင်း ပေါ်ထွန်းပြီ။ မင်းအပေါ် ယေဟောဝါရဲ့ ဘုန်းတန်ခိုး ထွန်းလင်းပြီ။+  ၂  ကြည့်ပါ။ ကမ္ဘာမြေကို မှောင်မိုက် ဖုံးလွှမ်းလိမ့်မယ်။ လူမျိုးတွေကို အမှောင်ထု ဖုံးလွှမ်းလိမ့်မယ်။ မင်းအပေါ်မှာတော့ ယေဟောဝါ အလင်းထွန်းလင်းမယ်။ မင်းအပေါ်မှာ ဘုန်းတန်ခိုးတော် ထင်ရှားမယ်။  ၃  လူမျိုးတွေက မင်းရဲ့အလင်းဆီ ရောက်လာမယ်။+ ဘုရင်တွေက+ မင်းရဲ့တောက်ပတဲ့ အလင်းဆီ လာကြမယ်။+  ၄  ပတ်လည်ကို ကြည့်လိုက်ပါ။ သူတို့အားလုံး စုဝေးပြီး မင်းဆီ လာနေတယ်။ မင်းရဲ့သမီးတွေကို ပွေ့ချီပြီး လာနေကြတယ်။+ မင်းရဲ့သားတွေကလည်း အဝေးက လာနေတယ်။+  ၅  မင်းဆီ ပင်လယ်ရဲ့စည်းစိမ် ဦးတည်လာနေတဲ့အတွက် အဲဒါကို မြင်တဲ့အခါ မင်းရွှင်မြူးလိမ့်မယ်။+ ပျော်လွန်းလို့ ရင်တလှပ်လှပ် ခုန်လိမ့်မယ်။ လူမျိုးတွေရဲ့ ပစ္စည်းဥစ္စာတွေကလည်း မင်းဆီ ရောက်လာမယ်။+  ၆  တိုင်းပြည်မှာ ကုလားအုတ်တွေ၊မိဒျန်ပြည်နဲ့ ဧဖာပြည်ကလာတဲ့+ ကုလားအုတ်ပျိုတွေ ပြည့်နေလိမ့်မယ်။ ရှေဘပြည်သားအားလုံးလည်း ရွှေနဲ့လောဗန်ကို သယ်ပြီး ရောက်လာမယ်။ ယေဟောဝါကို လူသိရှင်ကြား ချီးမွမ်းကြလိမ့်မယ်။+  ၇  ကေဒါပြည်ရဲ့+ သိုးအုပ်တွေလည်း မင်းဆီမှာ စုဝေးကြလိမ့်မယ်။ နဗာယုတ်ပြည်ရဲ့+ သိုးထီးတွေက မင်းဆီမှာ အမှုထမ်းမယ်။ ငါ့ပူဇော်ရာပလ္လင်ပေါ် သူတို့တက်လာတဲ့အခါ ငါလက်ခံမယ်။+ ခမ်းနားတဲ့ ငါ့အိမ်တော်ကို လှပတင့်တယ်စေမယ်။+  ၈  မိုးတိမ်တွေလို၊ အသိုက်ဆီ ပြန်လာတဲ့ ချိုးငှက်တွေလို ပျံသန်းလာနေတာ ဘယ်သူတွေပါလိမ့်။  ၉  ကျွန်းသူကျွန်းသားတွေက ငါ့ကို မျှော်လင့်ကြလိမ့်မယ်။+ တာရှိသင်္ဘောတွေက မင်းရဲ့သားတွေကို တင်ဆောင်ပြီး အဝေးကနေ လာလိမ့်မယ်။+ သူတို့က ယေဟောဝါဘုရားရဲ့ နာမည်အတွက်၊အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်အတွက် ရွှေငွေတွေ ယူဆောင်လာမယ်။ အဲဒီအရှင်က မင်းကို ဂုဏ်တင်ချီးမြှောက်မယ်။+ ၁၀  တိုင်းတစ်ပါးသားတွေက မင်းရဲ့မြို့ရိုးတွေကို တည်ဆောက်မယ်။ သူတို့ရဲ့ဘုရင်တွေက မင်းဆီမှာ အမှုထမ်းမယ်။+ ငါ အမျက်ထွက်ပြီး မင်းကို ဒဏ်ခတ်ခဲ့တယ်။ ဒါပေမဲ့ မျက်နှာသာပေးပြီး ကရုဏာပြမယ်။+ ၁၁  လူမျိုးခြားတို့ရဲ့ ဘုရင်တွေဟာ ပစ္စည်းဥစ္စာတွေကို ဦးဆောင်ပြီး သယ်လာနိုင်အောင်+ မင်းရဲ့မြို့တံခါးတွေကို နေ့ရောညပါ မပိတ်ဘဲ အမြဲဖွင့်ထားရလိမ့်မယ်။+ ၁၂  မင်းဆီမှာ အမှုမထမ်းတဲ့ လူမျိုးတွေ၊ နိုင်ငံတွေအားလုံး ပျက်စီးသွားမယ်။ အဲဒီလူမျိုးတွေ ကျိန်းသေပျက်စီးသွားမယ်။+ ၁၃  လက်ဘနွန်ရဲ့ ဘုန်းကျက်သရေက+ ဂျူနီပါထင်းရှူးပင်၊ သစ်ရာပင်၊ဆိုက်ပရပ်ထင်းရှူးပင်နဲ့အတူ+ မင်းဆီရောက်လာပြီး ငါ့ရဲ့သန့်ရှင်းရာဌာနတော်ကို လှပတင့်တယ်စေမယ်။ ငါခြေတင်တဲ့နေရာကို ဘုန်းအသရေ တိုးစေမယ်။+ ၁၄  မင်းကိုဖိနှိပ်ခဲ့သူတွေရဲ့ သားတွေ မင်းဆီ လာပြီး ဦးညွှတ်ရလိမ့်မယ်။ မင်းကို မလေးမစားဆက်ဆံသူတွေလည်း ခြေရင်းမှာ ပျပ်ဝပ်ရလိမ့်မယ်။ မင်းကို ယေဟောဝါရဲ့မြို့တော်၊အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ရဲ့ ဇိအုန်မြို့လို့ သမုတ်ကြလိမ့်မယ်။+ ၁၅  မင်းဟာ စွန့်ပစ်မုန်းတီးခံရပြီး ဖြတ်သန်းသွားလာသူမရှိတဲ့မြို့ မဖြစ်တော့ဘူး။+ မင်းကို ထာဝရ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်စေမယ်။ နောင်လာနောက်သား အဆက်ဆက် ရွှင်လန်းချမ်းမြေ့စရာ ဖြစ်စေမယ်။+ ၁၆  မင်းက လူမျိုးခြားတွေရဲ့နို့ကို သောက်ရလိမ့်မယ်။+ ဘုရင်တွေရဲ့နို့ကို စို့ရလိမ့်မယ်။+ ငါယေဟောဝါဟာ မင်းကို ကယ်တင်တဲ့အရှင်ပဲ၊ ယာကုပ်ရဲ့ တန်ခိုးကြီးတဲ့အရှင်ဟာ မင်းကို ပြန်ဝယ်တဲ့အရှင်ပဲဆိုတာ မင်း ကျိန်းသေ သိရလိမ့်မယ်။+ ၁၇  ကြေးနီနေရာမှာ ရွှေ၊သံနေရာမှာ ငွေ၊ သစ်သားနေရာမှာ ကြေးနီ၊ကျောက်နေရာမှာ သံကို ငါအစားထိုးမယ်။ ငြိမ်သက်ခြင်းကို မင်းရဲ့ကြီးကြပ်မှူးတွေအဖြစ်၊ဖြောင့်မတ်ခြင်းကို မင်းရဲ့ အလုပ်ကြီးကြပ်သူတွေအဖြစ် ငါခန့်အပ်မယ်။+ ၁၈  တိုင်းပြည်မှာ အကြမ်းဖက်တဲ့သတင်း၊မင်းရဲ့ နယ်နိမိတ်အတွင်းမှာ ပျက်စီးဆုံးပါးတဲ့ သတင်းတွေ မကြားရတော့ဘူး။+ မင်းက မြို့ရိုးတွေကို ကယ်တင်ခြင်း၊+ မြို့တံခါးတွေကို ချီးမွမ်းခြင်းလို့ သမုတ်လိမ့်မယ်။ ၁၉  နေ့အချိန်မှာ မင်းကို အလင်းပေးတာ နေမင်းဖြစ်မှာ မဟုတ်ဘူး။ ညအချိန်မှာ အလင်းပေးတာ လမင်းဖြစ်မှာ မဟုတ်ဘူး။ ယေဟောဝါဟာ မင်းအတွက် ထာဝရအလင်း၊+မင်းရဲ့ ဘုရားသခင်ဟာ မင်းရဲ့ဘုန်းအသရေ ဖြစ်မှာမို့လို့ပဲ။+ ၂၀  ယေဟောဝါဟာ မင်းအတွက် ထာဝရအလင်း ဖြစ်မှာမို့+ နေဝင်သွားတဲ့နေ့တွေ၊လမိုက်ညတွေ ရှိတော့မှာ မဟုတ်ဘူး။ ညည်းတွားငိုကြွေးရတဲ့နေ့တွေ အဆုံးတိုင်သွားမယ်။+ ၂၁  မင်းရဲ့လူတွေအားလုံး ဖြောင့်မတ်လာမယ်။ ဒီပြည်ကို ထာဝစဉ် ပိုင်ဆိုင်ရလိမ့်မယ်။ သူတို့ဟာ ငါစိုက်ပျိုးထားတဲ့ အညှောက်ပဲ။ ငါ့ကို ကျက်သရေတိုးစေမယ့်+ ငါ့လက်ရာတွေပဲ။+ ၂၂  လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။ အချိန်တန်တဲ့အခါ ဒီလိုဖြစ်လာအောင် ငါယေဟောဝါကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်။”

အောက်ခြေမှတ်ချက်များ