ဧဖက် ၅:၁-၃၃

  • သန့်ရှင်းတဲ့အပြောအဆို၊ အမူအကျင့် (၁-၅)

  • အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်းကြပါ (၆-၁၄)

  • စွမ်းအားတော်နဲ့ ပြည့်နေကြပါ (၁၅-၂၀)

    • အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ (၁၆)

  • လင်ယောက်ျားနဲ့ ဇနီးအတွက် အကြံပြုချက် (၂၁-၃၃)

 ခင်ဗျားတို့ဟာ ဘုရားသခင်ချစ်ရတဲ့  သားသမီးတွေ  ဖြစ်နေတဲ့အတွက်  ဘုရားသခင်ကို  အတုယူကြပါ။+ ၂  မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ။+ ခရစ်တော်က ကျွန်တော်တို့ကို* ချစ်လို့+ ကျွန်တော်တို့အတွက်* မွှေးကြိုင်တဲ့ ပူဇော်သက္ကာအလှူအဖြစ် သူ့ကိုယ်သူ ဘုရားသခင်ဆီ ဆက်သခဲ့သလိုပဲပေါ့။+ ၃  လိင်အကျင့်ယိုယွင်းခြင်း၊* အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအကြောင်းတွေကို  စကားနဲ့တောင်  မပြောကြနဲ့။+ ဒါတွေဟာ သန့်ရှင်းသူတွေနဲ့  လုံးဝ  မအပ်စပ်ဘူး။+ ၄  မသင့်လျော်တဲ့အရာတွေ ဖြစ်တဲ့  ရှက်စရာကောင်းတဲ့အကျင့်၊ အဓိပ္ပာယ်မရှိတဲ့စကား၊ ညစ်ညမ်းတဲ့ပြက်လုံးတွေကို မပြောကြနဲ့။+ ကျေးဇူးတော်ကိုပဲ ချီးမွမ်းကြပါ။+ ၅  လိင်အကျင့်ယိုယွင်းသူ၊+ မသန့်ရှင်းသူ၊ ရုပ်တုကိုးကွယ်သူဖြစ်တဲ့  လောဘကြီးသူ+ တစ်ယောက်မှ ခရစ်တော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း+ ခင်ဗျားတို့ ကောင်းကောင်း သိထားတာပဲ။ ၆  အဓိပ္ပာယ်မဲ့စကားတွေနဲ့ ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်ဖြားပါစေနဲ့။ အဲဒါတွေကြောင့် နာခံမှုမရှိသူတွေအပေါ် ဘုရားသခင်ရဲ့  အမျက်တော်  သက်ရောက်တတ်လို့ပဲ။ ၇  ဒါကြောင့် သူတို့နဲ့ မပတ်သက်ကြနဲ့။ ၈  ခင်ဗျားတို့ဟာ တစ်ချိန်က အမှောင်ထဲမှာ ရှိခဲ့ကြတယ်။ အခုတော့ သခင်ယေရှုနဲ့ စပ်ဆိုင်ပြီဖြစ်လို့+ အလင်းထဲ ရောက်နေပြီ။+ အလင်းရဲ့ သားသမီးတွေအဖြစ်  လျှောက်လှမ်းနေကြပါ။ ၉  ဘာကြောင့်လဲဆိုတော့   အလင်းဟာ ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနဲ့ အမှန်တရားကို ဖြစ်ထွန်းစေလို့ပဲ။+ ၁၀  ဘုရားသခင် လက်ခံတဲ့အရာကို+ သိနိုင်ဖို့ အမြဲဆန်းစစ်ကြပါ။ ၁၁  အမှောင်နဲ့ဆိုင်တဲ့ အကျိုးမဲ့အကျင့်တွေကို  မကျင့်ကြနဲ့တော့။+  အဲဒီအကျင့်တွေ  မှားတယ်ဆိုတာ  ဖော်ထုတ်ကြပါ။ ၁၂  ဆိတ်ကွယ်ရာမှာ သူတို့လုပ်တာတွေဟာ စကားနဲ့ထုတ်ပြောဖို့တောင် ရှက်စရာပဲ။ ၁၃  ဖော်ထုတ်ခံရတဲ့ အရာအားလုံးဟာ အလင်းကြောင့် ထင်ရှားလာတာပါ။ အရာအားလုံးကို ထင်ရှားစေတာ အလင်းပဲ။ ၁၄  ဒါကြောင့် “အိပ်ပျော်နေသူ၊ နိုးထပါ။ သေရာကနေ အသက်ပြန်ရှင်လာပါ။+ ခရစ်တော်က မင်းကို အလင်းပေးလိမ့်မယ်”+ ဆိုပြီး ကျမ်းစာထဲမှာ ရေးထားတာပေါ့။ ၁၅  ဒါကြောင့် ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ ၁၆  ဆိုးယုတ်တဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။*+ ၁၇  ဆင်ခြင်ဉာဏ်မဲ့သူတွေ မဖြစ်ကြနဲ့တော့။ ယေဟောဝါရဲ့* အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစားပါ။+ ၁၈  ဒါ့အပြင်  သောက်စားမူးယစ် မနေပါနဲ့။+ ဒါဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်စေလို့ပဲ။ ဘုရားသခင့် စွမ်းအားတော်နဲ့ပဲ ပြည့်နေကြပါ။ ၁၉  ဆာလံသီချင်းတွေ၊ ဘုရားသခင်ကို ချီးမွမ်းတဲ့သီချင်းတွေ၊  ဓမ္မသီချင်းတွေ သီဆိုပြီး+ အချင်းချင်း* အားပေးကြ။ ယေဟောဝါကို* တေးသံနဲ့တကွ+ လှိုက်လှိုက်လှဲလှဲ သီဆိုချီးမွမ်းကြပါ။+ ၂၀  သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး+ အရာအားလုံးအတွက် အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အမြဲချီးမွမ်းကြပါ။+ ၂၁  ခရစ်တော်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အချင်းချင်း လက်အောက်ခံကြပါ။+ ၂၂  ဇနီးတို့၊ သခင်ယေရှုကို လက်အောက်ခံသလို ခင်ပွန်းကို လက်အောက်ခံကြပါ။+ ၂၃  ခရစ်တော်ဟာ အသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလို+ ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်းဖြစ်လို့ပဲ။+ ခရစ်တော်က မိမိရဲ့ခန္ဓာကိုယ်ဖြစ်တဲ့  အသင်းတော်ကို  ကယ်တင်ခဲ့တယ်။ ၂၄  အသင်းတော်က ခရစ်တော်ကို လက်အောက်ခံသလို ဇနီးက ခင်ပွန်းကို အရာရာမှာ လက်အောက်ခံရမယ်။ ၂၅  ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲချစ်ကြပါ။+ ခရစ်တော်က အသင်းတော်ကိုချစ်ပြီး အသင်းတော်အတွက် အသက်စွန့်ခဲ့သလိုပေါ့။+ ၂၆  ခရစ်တော်က အသင်းတော်ကို  တရားစကားတော်ရေနဲ့  ဆေးကြောပြီး  သန့်စင်စေခဲ့တယ်။+ ၂၇  အစက်အပြောက်တွေ၊ အသားအရေ တွန့်တာတွေမရှိဘဲ သန့်ရှင်းပြီး အပြစ်အနာအဆာကင်းတဲ့၊+ လှပတင့်တယ်တဲ့ အသင်းတော် ဖြစ်စေချင်လို့ပဲ။+ ၂၈  အလားတူ၊ ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ၂၉  ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။ ခရစ်တော်ကလည်း အသင်းတော်ကို ကျွေးမွေးပြီး မြတ်နိုးတယ်။ ၃၀  ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်နေလို့ပဲ။+ ၃၁  “ဒါကြောင့် ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။”+ ၃၂  ဒီမြင့်မြတ်တဲ့ လျှို့ဝှက်ချက်ဟာ+ သိပ်အရေးကြီးတယ်။  ခရစ်တော်နဲ့ အသင်းတော်အကြောင်း  ကျွန်တော် ပြောနေတာမှန်ပေမဲ့၊+ ၃၃  ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။+ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။+

အောက်ခြေမှတ်ချက်များ

“ခင်ဗျားတို့ကို” လည်းဖြစ်နိုင်။
“ခင်ဗျားတို့အတွက်” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “အချိန်ကို ဝယ်ကြပါ။”
“ကိုယ့်ကိုယ်ကိုယ်” လည်းဖြစ်နိုင်။