၁ ကောရိန္သု ၁၀:၁-၃၃

  • အစ္စရေးသမိုင်းမှ သတိပေးနမူနာများ (၁-၁၃)

  • ရုပ်တုကိုးကွယ်ခြင်းကို တားမြစ် (၁၄-၂၂)

    • ယေဟောဝါရဲ့စားပွဲ၊ နတ်ဆိုးရဲ့စားပွဲ (၂၁)

  • လွတ်လပ်ခွင့်၊ သူတစ်ပါးကို ထည့်တွက်စဉ်းစားခြင်း (၂၃-၃၃)

    • “ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ” (၃၁)

၁၀  ညီအစ်ကိုတို့၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ မိုးတိမ်အောက်မှာ+  လျှောက်ခဲ့မှန်း၊  ပင်လယ်ကို ဖြတ်ကူးခဲ့မှန်း+ ခင်ဗျားတို့ကို အမှတ်ရစေချင်တယ်။ ၂  သူတို့အားလုံးဟာ မိုးတိမ်အောက် ပင်လယ်ကိုဖြတ်ကူးချိန်မှာ မောရှေရဲ့ နောက်လိုက်တွေအဖြစ် နှစ်ခြင်းခံကြတယ်။ ၃  သူတို့အားလုံး ဘုရားသခင်ပေးတဲ့ အစာတစ်မျိုးတည်းကို စားခဲ့တယ်။+ ၄  ဘုရားသခင်ပေးတဲ့ ရေတစ်မျိုးတည်းကို သောက်ခဲ့တယ်။+ သူတို့အနီးမှာရှိတဲ့ ကျောက်ဆောင်ကနေ ထွက်တဲ့ရေကို သောက်ကြတယ်။ အဲဒီ ဘုရားပေးတဲ့ကျောက်ဆောင်ဟာ  ခရစ်တော်ကို  ဆိုလိုတယ်။+ ၅  ဒါပေမဲ့  သူတို့ထဲကအများစုကို  ဘုရားသခင် မနှစ်သက်တဲ့အတွက် တောကန္တာရမှာ သူတို့သေဆုံးခဲ့ရတယ်။+ ၆  ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် ပုံနမူနာပဲ။ အကျိုးပျက်စေတဲ့အရာတွေကို သူတို့ တပ်မက်သလို ကျွန်တော်တို့ မတပ်မက်စေဖို့ပဲ။+ ၇  ရုပ်တု မကိုးကွယ်ကြပါနဲ့။ သူတို့ထဲကတချို့ဟာ ရုပ်တုကိုးကွယ်ခဲ့ကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ “လူတွေ စားသောက်ပြီး မြူးထူးပျော်ပါးကြတယ်”+ လို့ရေးထားတယ်။ ၈  လိင်အကျင့် ယိုယွင်းတာကို* ရှောင်ကြစို့။ သူတို့ထဲက တချို့  လိင်အကျင့်ယိုယွင်း* တဲ့အတွက် တစ်နေ့တည်းမှာ လူ ၂၃,၀၀၀ သေဆုံးခဲ့ရတယ်။+ ၉  ယေဟောဝါကို* အကဲမစမ်းဘဲ နေကြစို့။+ သူတို့ထဲကတချို့ ဘုရားကို အကဲစမ်းတဲ့အတွက်  မြွေကိုက်ခံရပြီး  သေဆုံးခဲ့တယ်။+ ၁၀  ပြစ်တင်ညည်းညူတာကိုလည်း ရှောင်ကြစို့။ သူတို့ထဲကတချို့ ပြစ်တင်ညည်းညူတဲ့အတွက်+ ဖျက်ဆီးသူရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။+ ၁၁  သူတို့ကြုံခဲ့ရတဲ့အရာတွေဟာ ကျွန်တော်တို့အတွက် ပုံနမူနာတွေပဲ။ လောကစနစ်တွေ* အဆုံးမှာ အသက်ရှင်တဲ့ ကျွန်တော်တို့အတွက် သတိပေးချက်အဖြစ်+ ကျမ်းစာမှာ ရေးထားတာ။ ၁၂  ဒါကြောင့်  ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲသွားအောင် သတိထားပါ။+ ၁၃  လူတွေကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ခံရတာ။+ ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။+ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။+ ၁၄  ဒါကြောင့် ချစ်ရသူတို့၊ ရုပ်တုကိုးကွယ်ခြင်းကို  ဝေးဝေးရှောင်ကြပါ။+ ၁၅  ခင်ဗျားတို့ဟာ  ပိုင်းခြားသိမြင်တတ်သူတွေပဲ။ ကျွန်တော်ပြောတာ မှန်မမှန်  ကိုယ်တိုင်ဆန်းစစ်ကြပါ။ ၁၆  ကျေးဇူးတော်ခွက်အတွက်  ဆုတောင်းတာဟာ ခရစ်တော်ရဲ့အသွေးကြောင့်+ အကျိုးခံစားတာကို ဆိုလိုတာ မဟုတ်လား။ မုန့်ကိုဖဲ့တာဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာကြောင့်+  အကျိုးခံစားတာကို ဆိုလိုတာ မဟုတ်လား။ ၁၇  မုန့်တစ်လုံးတည်း ရှိတယ်။ ကျွန်တော်တို့အားလုံး အဲဒီမုန့်တစ်လုံးတည်းကို စားသုံးတဲ့အတွက် လူအများဖြစ်ပေမဲ့ ကိုယ်ခန္ဓာဟာ တစ်ခုတည်းပဲ။+ ၁၈  အစ္စရေးလူမျိုးအကြောင်း ပြန်ဆင်ခြင်ကြည့်ကြပါ။ ပူဇော်ရာပလ္လင်မှာ ဆက်သထားတာတွေကို စားသုံးတာဟာ ဘုရားသခင်နဲ့အတူ စားသုံးတဲ့သဘော မဟုတ်လား။+ ၁၉  ကျွန်တော်  အဲဒီလိုပြောလိုက်တဲ့အတွက် ရုပ်တုနဲ့  ရုပ်တုရှေ့  ပူဇော်ထားတဲ့အရာက  အရေးကြီးတဲ့သဘောလား။ ၂၀  မဟုတ်ပါဘူး။ လူမျိုးခြားတွေ ယဇ်ပူဇော်တာဟာ ဘုရားသခင်ဆီ ပူဇော်နေကြတာ မဟုတ်ဘူး။ နတ်ဆိုးတွေဆီ ပူဇော်နေတာ။+ ခင်ဗျားတို့ကို နတ်ဆိုးနဲ့ ပတ်သက်သူတွေ မဖြစ်စေချင်ဘူး။+ ၂၁  ယေဟောဝါရဲ့* ခွက်နဲ့ နတ်ဆိုးတွေရဲ့ခွက် နှစ်ခုစလုံးကို သောက်လို့မရဘူး။ “ယေဟောဝါရဲ့* စားပွဲ”+ နဲ့ နတ်ဆိုးတွေရဲ့စားပွဲ နှစ်ခုစလုံးမှာ သုံးဆောင်လို့မရဘူး။ ၂၂  ဒါမှမဟုတ် ‘ယေဟောဝါရဲ့* ဝန်တိုစိတ်ကို ကျွန်တော်တို့ ဆွနေတာများလား။’+  ကျွန်တော်တို့ဟာ ဘုရားထက် ခွန်အားကြီးလို့လား။ ၂၃  အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အကျိုးရှိတာ မဟုတ်ဘူး။ အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အားပေးမှုဖြစ်စေတာ မဟုတ်ဘူး။+ ၂၄  လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။+ ၂၅  ကိုယ့်ရဲ့  အမှားအမှန်သိစိတ်ကိုထောက်ပြီး အသားဈေးမှာ ရောင်းသမျှကို  မမေးမြန်းဘဲ စားကြပါ။ ၂၆  ဘာလို့လဲဆိုတော့ “ယေဟောဝါဟာ*  ကမ္ဘာမြေနဲ့  ကမ္ဘာမြေပေါ်ရှိသမျှကို  ပိုင်တယ်။”+ ၂၇  မယုံကြည်သူ ခေါ် ဖိတ်လို့ ခင်ဗျားတို့ သွားစားချင်တယ်ဆိုရင် ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို  ထောက်ပြီး တည်ခင်းကျွေးမွေးသမျှကို  မမေးမြန်းဘဲ  စားကြပါ။ ၂၈  တစ်ယောက်ယောက်က “ဒါ ရုပ်တုရှေ့ ပူဇော်ထားတာ” လို့ပြောရင် အမှားအမှန်သိစိတ်ကို ထောက်ပြီး မစားပါနဲ့။+ ၂၉  ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို မဟုတ်ဘဲ သူတစ်ပါးရဲ့  အမှားအမှန်သိစိတ်ကို ထောက်ဖို့ ပြောနေတာပါ။ ကျွန်တော့်မှာ လွတ်လပ်ခွင့်ရှိတာ မှန်ပေမဲ့ အမှားအမှန်သိစိတ် အားနည်းသူ ပြစ်တင်ဝေဖန်တဲ့အဖြစ်မျိုး  မရောက်ချင်ဘူး။+ ၃၀  ကျွန်တော်က ကျေးဇူးတင်ချီးမွမ်းပြီး သုံးဆောင်ခဲ့မယ်ဆိုရင်တောင် သူတစ်ပါး ပြစ်တင်ဝေဖန်စရာ ဖြစ်သွားမယ်ဆိုရင်  အဲဒီလိုလုပ်တာ   ကောင်းပါ့မလား။+ ၃၁  ဒါကြောင့်  စားတာဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊  ဘာကိစ္စပဲဖြစ်ဖြစ်  ဘုရားသခင်ရဲ့   ဘုန်းတော်ကိုထောက်ပြီး အရာရာကို   လုပ်ဆောင်ကြပါ။+ ၃၂  ဂျူးနဲ့ ဂရိလူမျိုးတွေကိုရော ဘုရားသခင်ရဲ့ အသင်းတော်ကိုပါ တိုက်မိလဲစရာ မဖြစ်ပါစေနဲ့။+ ၃၃  ကျွန်တော်လည်း  လူတွေ   ကယ်တင်ခြင်းရဖို့+ ကိုယ့်အကျိုးကိုမရှာဘဲ+ လူအားလုံးရဲ့အကျိုးအတွက် အရာရာမှာ လူတွေနှစ်သက်အောင် လုပ်ဆောင်ပါတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။