၁ ကောရိန္သု ၅:၁-၁၃
၅ ခင်ဗျားတို့ဆီမှာ လိင်အကျင့်ယိုယွင်းမှု*+ ဖြစ်နေတယ်လို့ ကျွန်တော် ကြားတယ်။ ဖခင်ရဲ့ဇနီးနဲ့ ပေါင်းသင်းနေထိုင်တဲ့+ အဲဒီလုပ်ရပ်မျိုးဟာ လူမျိုးခြားတွေ ထဲမှာတောင် မရှိဘူး။
၂ ဒါကို ဂုဏ်ယူနေကြတာလား။ တကယ်ဆို ဝမ်းနည်းရမှာ မဟုတ်လား။+ အဲဒီလုပ်ရပ် ကျူးလွန်တဲ့သူကို ခင်ဗျားတို့ထဲကနေ ဖယ်ရှားရမှာ မဟုတ်လား။+
၃ ကျွန်တော်က လူကိုယ်တိုင် ခင်ဗျားတို့ဆီ မရောက်နိုင်ပေမဲ့ စိတ်ကတော့ ရောက်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ ကိုယ်တိုင်ရှိနေတဲ့အလား အဲဒီလူကို ကျွန်တော် စီရင်ဆုံးဖြတ်လိုက်ပြီ။
၄ သခင်ယေရှုရဲ့နာမည်နဲ့ ခင်ဗျားတို့ စုဝေးကြတဲ့အခါ ကျွန်တော့်စိတ်ကလည်း သခင်ယေရှုရဲ့ တန်ခိုးတော်နဲ့အတူ ခင်ဗျားတို့ဆီမှာ ရှိနေပါတယ်။
၅ သူ့ကို စာတန့်လက်ထဲ အပ်လိုက်ပါ။+ ဒါမှ အပြစ်လုပ်ချင်တဲ့ သဘောထား ပျက်စီးသွားပြီး သခင်ရဲ့နေ့အတွင်းမှာ အသင်းတော်ရဲ့ စိတ်ဓာတ်ကို ထိန်းထားနိုင်မယ်။+
၆ အခုလိုဂုဏ်ယူနေတာ လုံးဝ မဖြစ်သင့်ဘူး။ တဆေးအနည်းငယ်ဟာ မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်မှန်း မသိကြဘူးလား။+
၇ တဆေးအဟောင်းကို ဖယ်ရှားလိုက်ပါ။ ဒါမှ ခင်ဗျားတို့ဟာ တဆေးမပါတဲ့ မုန့်ညက်အသစ်လို ဖြစ်ကြလိမ့်မယ်။ ပသခါသိုးသငယ်ဖြစ်တဲ့+ ခရစ်တော်ဟာ ပူဇော်သက္ကာအဖြစ် အသေခံပြီးပြီ။+
၈ ဒါကြောင့် ဆိုးညစ်မိုက်မဲမှုတဆေး၊ ဟောင်းတဲ့တဆေးကို မသုံးဘဲ ဖြူစင်ခြင်းနဲ့ အမှန်တရားဆိုတဲ့ တဆေးမဲ့မုန့်ကိုသုံးပြီး ပွဲတော် ကျင်းပကြစို့။+
၉ လိင်အကျင့်ယိုယွင်းသူတွေနဲ့* ဆက်မပေါင်းဖော်ဖို့ ခင်ဗျားတို့ကို ကျွန်တော် စာရေးခဲ့တယ်။
၁၀ ဒီလောကမှာရှိတဲ့+ လိင်အကျင့်ယိုယွင်းသူတွေ၊* လောဘကြီးသူတွေ၊ လုယက်သူတွေ၊ ရုပ်တုကိုးကွယ်သူတွေနဲ့ လုံးဝ မပေါင်းဖော်ရဘူးလို့ ပြောနေတာ မဟုတ်ဘူး။ အဲဒီလိုသာဆိုရင် ဒီလောကထဲကနေ ခင်ဗျားတို့ တကယ်ပဲ ထွက်သွားကြရလိမ့်မယ်။+
၁၁ ဒါပေမဲ့ ညီအစ်ကိုလို့ပြောပြီး လိင်အကျင့်ယိုယွင်းသူ၊* လောဘကြီးသူ၊+ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်ကြူးသူ၊+ လုယက်သူ+ ဖြစ်နေရင်တော့ သူနဲ့ ပေါင်းဖော်ဖို့ မပြောနဲ့+ အတူစားသောက်တာတောင် မလုပ်ကြဖို့ ကျွန်တော် ရေးလိုက်တယ်။
၁၂ အသင်းတော်ပြင်ပက လူတွေကို စီရင်ဆုံးဖြတ်တာ ကျွန်တော်နဲ့ မဆိုင်ဘူး။ အသင်းတော်ထဲက လူတွေကိုတော့ ခင်ဗျားတို့ စီရင်ဆုံးဖြတ်ရမှာပဲ။
၁၃ အသင်းတော်ပြင်ပက လူတွေကို ဘုရားသခင် စီရင်လိမ့်မယ်။+ “ဆိုးညစ်တဲ့ အဲဒီလူကို အသင်းတော်ထဲကနေ ဖယ်ရှားလိုက်ပါ။”+