၁ တိမောသေ ၁:၁-၂၀

  • နှုတ်ခွန်းဆက်စကား (၁၊ ၂)

  • မှားယွင်းတဲ့သွန်သင်ချက် သွန်သင်သူတွေအကြောင်း သတိပေး (၃-၁၁)

  • မဟာကရုဏာကို ပေါလုခံစားရ (၁၂-၁၆)

  • ထာဝရဘုရင် (၁၇)

  • ‘မွန်မြတ်တဲ့စစ်ပွဲကို တိုက်ခိုက်’ (၁၈-၂၀)

 ကယ်တင်ရှင် ဘုရားသခင်ရဲ့ မိန့်မှာချက်အရ၊   ငါတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့+  ခရစ်တော်ယေရှုရဲ့  မိန့်မှာချက်အရ ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်လာတဲ့ ပေါလုက၊ ၂  ယုံကြည်ခြင်းလမ်းစဉ်မှာ သားအရင်းလိုဖြစ်နေတဲ့+ တိမောသေဆီ*+ စာရေးလိုက်တယ်။ အဖဘုရားသခင်နဲ့ သခင် ခရစ်တော်ယေရှုဆီက  မဟာကရုဏာ၊  သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းကို မင်းခံစားရပါစေ။ ၃  မက်ဆီဒိုးနီးယားပြည်ကို ငါသွားခါနီးမှာ  မင်းကို  ဧဖက်မြို့မှာနေခဲ့ဖို့ တိုက်တွန်းခဲ့တယ်။ အခုလည်း အဲဒီလိုပဲ တိုက်တွန်းချင်တယ်။ ဒါမှ လူတချို့ကို မှားယွင်းတဲ့အယူဝါဒ မသွန်သင်ကြဖို့၊ ၄  မဟုတ်တမ်းစကားတွေ၊+ ဆွေစဉ်မျိုးဆက်စာရင်းတွေကို အာရုံမစိုက်ကြဖို့ မင်း သတိပေးနိုင်မှာ။ အဲဒါတွေဟာ ဘာမှ အကျိုးမပြုဘူး။+ ထင်ကြေးပေးတာ၊ မှန်းဆတာတွေကိုပဲ ဖြစ်စေတတ်တယ်။ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ဘုရားသခင် ပြင်ဆင်ပေးရာတွေနဲ့ မအပ်စပ်ဘူး။ ၅  ဒီလိုညွှန်ကြားရတဲ့ ရည်ရွယ်ချက်ဟာ ဖြူစင်တဲ့နှလုံးသား၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်၊ ဟန်ဆောင်မှုကင်းတဲ့ ယုံကြည်ခြင်းကနေ+ ပေါက်ဖွားလာတဲ့ မေတ္တာ ရှိစေချင်လို့ပါ။+ ၆  တချို့ကတော့ အဲဒါတွေကနေ လမ်းကြောင်းလွဲပြီး အကျိုးမရှိတဲ့စကားတွေကိုပဲ  ပြောနေကြတယ်။+ ၇  သူတို့ဟာ ပညတ် သွန်သင်သူတွေတော့+  ဖြစ်ချင်ကြတယ်။  ဒါပေမဲ့ ကိုယ်ပြောနေတဲ့အကြောင်းတွေ၊ ကိုယ်အခိုင်အမာပြောနေတဲ့ အကြောင်းတွေကို ကိုယ်တိုင် နားမလည်ကြဘူး။ ၈  နည်းမှန်လမ်းကျသာ ကျင့်သုံးမယ်ဆိုရင် ပညတ်တရားဟာ ကောင်းမှန်း  ငါတို့သိပါတယ်။ ၉  ပညတ်ဥပဒေဟာ ဖြောင့်မတ်သူအတွက် ထုတ်ပြန်ထားတာ မဟုတ်ဘူး။ တရားမဲ့သူ၊+ အာခံတတ်သူ၊ ဘုရားတရားမဲ့သူ၊ အပြစ်ကျူးလွန်သူ၊ ခိုင်မြဲတဲ့မေတ္တာ မရှိသူ၊ ဘုရားတရားကို မထီမဲ့မြင်ပြုသူ၊ မိဘကို သတ်တဲ့သူ၊ လူ့အသက်ကို သတ်တဲ့သူ၊ ၁၀  လိင်အကျင့်ယိုယွင်းသူ၊* လိင်တူဆက်ဆံသူ၊ ပြန်ပေးဆွဲသူ၊ လိမ်လည်သူ၊ မဟုတ်မမှန် ကျိန်ဆိုသူ၊ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်နဲ့+ ဆန့်ကျင်တာမှန်သမျှကို ပြုကျင့်သူတွေအတွက် ထုတ်ပြန်ထားတယ်ဆိုတာ ငါတို့သိပါတယ်။ ၁၁  ဒီသွန်သင်ချက်ဟာ  ပျော်ရွှင်တဲ့ဘုရားသခင်ဆီက လာတဲ့ ဘုန်းအသရေပြည့်ဝတဲ့ သတင်းကောင်းကို အခြေခံထားတယ်။ ဒါကို ဘုရားသခင်က ငါ့ကို အပ်နှင်းထားတယ်။+ ၁၂  ငါ့ကိုအစွမ်းတန်ခိုးပေးတဲ့ သခင်ခရစ်တော်ယေရှုကို ကျေးဇူးတင်တယ်။ ခရစ်တော်က ငါ့ကို သစ္စာရှိသူလို့ ယူမှတ်ပြီး ဘုရားအမှုဆောင်ဖို့ ခန့်အပ်ထားလို့ပဲ။+ ၁၃  ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူဖြစ်ခဲ့တာတောင်+ အဲဒီလို ခန့်အပ်ခံရတယ်။ ယုံကြည်ခြင်းမရှိလို့၊ မသိနားမလည်ဘဲ လုပ်ခဲ့တာဖြစ်လို့ ငါ့ကို ကရုဏာပြခဲ့တယ်။ ၁၄  ဘုရားသခင်က ငါ့ကို အတိုင်းထက်အလွန် မဟာကရုဏာပြခဲ့တယ်။ ငါဟာ ခရစ်တော်ယေရှုရဲ့ နောက်လိုက်ဖြစ်လာတဲ့အတွက် ယုံကြည်ခြင်းနဲ့ မေတ္တာလည်း ရှိလာတယ်။ ၁၅  အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်ဆိုတဲ့+ စကားဟာ မှန်ကန်တယ်၊ အပြည့်အဝ ယုံကြည်စိတ်ချထိုက်တယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်အများဆုံးပဲ။+ ၁၆  ဒါပေမဲ့ ငါ ကရုဏာခံစားခဲ့ရတယ်။ ခရစ်တော်ကို ယုံကြည်ပြီး ထာဝရအသက်ရမယ့်သူတွေအတွက်+ နမူနာပြဖို့ ခရစ်တော်ယေရှုက အပြစ်အများဆုံးဖြစ်တဲ့ ငါ့ကိုသုံးပြီး အစွမ်းကုန် စိတ်ရှည်မှုပြခဲ့တယ်။ ၁၇  ဖောက်ပြန်ပျက်စီးခြင်းမရှိတဲ့၊+ မမြင်နိုင်တဲ့+ ထာဝရဘုရင်၊+ တစ်ဆူတည်းသော ဘုရားသခင်ဟာ+ အစဉ်ထာဝရ ဘုန်းတော်၊ ဂုဏ်တော် ထင်ရှားပါစေ။ အာမင်။* ၁၈  ငါ့သားတိမောသေ၊ မင်းကိုရည်စူးပြီး ဟောထားတဲ့ ပရောဖက်ပြုချက်တွေအတိုင်း ဒီညွှန်ကြားချက်ကို ငါပေးတာပါ။  အဲဒီပရောဖက်ပြုချက်တွေအတိုင်း မွန်မြတ်တဲ့စစ်ပွဲကို ဆက်ပြီးတိုက်ခိုက်သွားပါ။+ ၁၉  ယုံကြည်ခြင်းနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုလည်း ထိန်းသိမ်းထားပါ။+ လူတချို့ဟာ  အမှားအမှန်သိစိတ်ကို ဘေးဖယ်ထားတဲ့အတွက် ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့ရတယ်။ ၂၀  သူတို့ထဲမှာ ဟုမေနဲနဲ့+  အလက်ဇန္ဒား  ပါတယ်။ ဘုရားကို  စော်ကားပြောဆိုတာမျိုး မလုပ်နိုင်ဖို့ သူတို့ကို ဆုံးမပြီး စာတန်ရဲ့လက်ထဲ အပ်လိုက်ပြီ။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းသူ။”
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”