၁ တိမောသေ ၄:၁-၁၆

  • နတ်ဆိုးတွေရဲ့သွန်သင်ချက်ကို ရှောင်ဖို့ သတိပေး (၁-၅)

  • ခရစ်တော်ယေရှုရဲ့ အမှုဆောင်ကောင်း ဖြစ်နိုင်ပုံ (၆-၁၀)

    • ဘုရားတရားကိုင်းရှိုင်းခြင်းနဲ့ ကာယလေ့ကျင့်ခန်း ()

  • ကိုယ့်ရဲ့သွန်သင်ချက်ကိုပါ အမြဲဂရုစိုက် (၁၁-၁၆)

 နောင်တစ်ချိန်မှာ  လူတချို့က ဘုရားဆီကလာတယ်လို့ ထင်ရတဲ့ မှားယွင်းတဲ့စကားတွေ၊+ နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေကို နားယောင်ပြီး ယုံကြည်ခြင်းကို စွန့်သွားလိမ့်မယ်လို့ ဘုရားသခင့် စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ ၂  သူတော်ကောင်း ယောင်ဆောင်ပြီး လိမ်ညာပြောဆိုသူတွေရဲ့ စကားကို+ သူတို့ နားထောင်လိမ့်မယ်။ သူတော်ကောင်း ယောင်ဆောင်သူတွေရဲ့ အမှားအမှန်သိစိတ်ကတော့ သံပူခတ်ခံရသလို ထုံထိုင်းနေတယ်။ ၃  သူတို့က အိမ်ထောင်ပြုတာကို တားမြစ်တဲ့အပြင်+ အစားအစာတချို့ကို ရှောင်ရမယ်ဆိုပြီးတော့လည်း ပညတ်ထုတ်တယ်။+ တကယ်တော့ ယုံကြည်ခြင်းရှိပြီး အမှန်တရားကို ကောင်းကောင်း သိထားသူတွေ ကျေးဇူးတော်ချီးမွမ်းပြီး စားသုံးကြဖို့+ အဲဒီအစားအစာတွေကို  ဘုရားသခင်  ဖန်ဆင်းပေးထားတာပါ။+ ၄  ဘုရားသခင် ဖန်ဆင်းထားတဲ့အရာအားလုံး ကောင်းပါတယ်။+ ကျေးဇူးတော်ချီးမွမ်းပြီးတော့ စားသုံးမယ်ဆိုရင် ဘယ်အစားအစာကိုမှ ရှောင်နေစရာ မလိုဘူး။+ ၅  ဘာလို့လဲဆိုတော့  အစားအစာတွေဟာ ဘုရားသခင်ရဲ့ တရားစကားကြောင့်ရော ဆုတောင်းခြင်းကြောင့်ပါ သန့်ရှင်းစင်ကြယ်သွားပြီ။ ၆  ညီအစ်ကိုတွေကို အဲဒီလိုအကြံပေးမယ်ဆိုရင်  မင်းဟာ  ခရစ်တော်ယေရှုရဲ့  အမှုဆောင်ကောင်းတစ်ယောက် ဖြစ်လိမ့်မယ်။ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ တရားစကားတွေ၊ မွန်မြတ်တဲ့ သွန်သင်ချက်နဲ့ဆိုင်တဲ့ တရားစကားတွေနဲ့ မိမိကိုယ်ကို အားဖြည့်ထားသူ ဖြစ်လိမ့်မယ်။ အဲဒီသွန်သင်ချက်တွေကို  မင်းကိုယ်တိုင် အနီးကပ် လိုက်လျှောက်ခဲ့တာပဲ။+ ၇  အဘွားအိုတွေ  ပြောတတ်တဲ့၊ ဘုရားကို မခန့်လေးစားလုပ်ရာရောက်တဲ့ မဟုတ်တမ်းစကားတွေကို နားမထောင်ပါနဲ့။+ အဲဒီအစား ဘုရားတရားကိုင်းရှိုင်းတတ်ဖို့ ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ။ ၈  ကာယလေ့ကျင့်ခန်းလုပ်တာက အနည်းငယ်ပဲ အကျိုးရှိတယ်။ ဘုရားတရား ကိုင်းရှိုင်းတာကတော့ အရာရာမှာ အကျိုးရှိတယ်။ အခုအသက်တာမှာရော   အနာဂတ်အသက်တာမှာပါ ကောင်းချီးခံစားရလိမ့်မယ်ဆိုတဲ့ ကတိကိုရလိမ့်မယ်။+ ၉  ဒီအချက်ဟာ မှန်ကန်ပြီး အပြည့်အဝ လက်ခံထိုက်တယ်။ ၁၀  ဒါကြောင့် ငါတို့က လူအမျိုးမျိုးကို+ ကယ်တင်တဲ့အရှင်၊+ အထူးသဖြင့် သစ္စာရှိသူတွေကို ကယ်တင်တဲ့အရှင် အသက်ရှင်နေတဲ့ ဘုရားသခင်ကို မျှော်လင့်တဲ့အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေကြတာပေါ့။+ ၁၁  ဒီညွှန်ကြားချက်တွေပေးပြီး သူတို့ကို အမြဲသင်ကြားပေးပါ။ ၁၂  ငယ်ရွယ်သူဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့။ အဲဒီအစား အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတွေမှာ သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်။ ၁၃  ငါမရောက်လာမချင်း လူတွေရှေ့ ကျမ်းစာဖတ်တာ၊+ အားပေးနှိုးဆော်တာ၊ သွန်သင်တာတွေကို အမြဲကြိုးစားလုပ်ဆောင်ပါ။ ၁၄  ပရောဖက်ပြုချက်အရ အကြီးအကဲအဖွဲ့က မင်းအပေါ် လက်တင်ပြီး ပေးအပ်ထားတဲ့ ဆုကျေးဇူးကို  လျစ်လျူမရှုပါနဲ့။+ ၁၅  အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။ ၁၆  ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့သွန်သင်ချက်ကိုပါ အမြဲဂရုစိုက်ပါ။+ အဲဒီအရာတွေကို မဆုတ်မနစ် လုပ်ဆောင်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ