၁ ရာဇဝင်ချုပ် ၁၃:၁-၁၄

  • သေတ္တာတော်ကို ကိရယတ်ယာရိမ်မြို့ကနေ သယ်လာ (၁-၁၄)

    • ဩဇ အဆုံးစီရင်ခံရ (၉၊ ၁၀)

၁၃  ဒါဝိဒ်က  လူတစ်ထောင်အုပ်တွေ၊ လူတစ်ရာအုပ်တွေ၊ ခေါင်းဆောင်တွေနဲ့  တိုင်ပင်ပြီးနောက်၊+ ၂  အစ္စရေးလူစုကြီးကို  “ခင်ဗျားတို့ သဘောတူမယ်၊  ယေဟောဝါဘုရားလည်း နှစ်သက်မယ်ဆိုရင် အစ္စရေးနယ်မြေအသီးသီးက ကျန်တဲ့ညီအစ်ကိုတွေ၊ စားကျက်မြေပါတဲ့ မြို့တွေမှာ နေထိုင်တဲ့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေကို+ ကျွန်တော်တို့နဲ့ လာပူးပေါင်းဖို့ အကြောင်းကြားရအောင်။ ၃  ဘုရားသခင်ရဲ့ သေတ္တာတော်ကိုလည်း+ ပြန်သယ်လာရအောင်” ဆိုပြီး ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ရှောလုလက်ထက်မှာ သေတ္တာတော်ကို ဂရုမစိုက်ခဲ့ကြလို့ပဲ။+ ၄  လူအားလုံးက အဲဒီအကြံပေးချက်ကို နှစ်သက်တဲ့အတွက် အဲဒီအတိုင်းလုပ်ဖို့ သဘောတူကြတယ်။ ၅  ဒါဝိဒ်လည်း စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ကို ကိရယတ်ယာရိမ်မြို့ကနေ သယ်လာဖို့+ အီဂျစ်ပြည်မှာရှိတဲ့ မြစ်* ကနေ ဟာမတ်လမ်းဝ+ တစ်လျှောက်မှာရှိတဲ့ အစ္စရေးတွေကို စုဝေးခိုင်းတယ်။ ၆  အဲဒီနောက် ဒါဝိဒ်နဲ့အစ္စရေးတွေက  ခေရုဗိမ်တွေပေါ်*   စံမြန်းတဲ့အရှင်+  စစ်မှန်တဲ့  ဘုရားသခင်ရဲ့ သေတ္တာတော်ကို ပြန်သယ်လာဖို့ ယုဒနယ်မြေမှာရှိတဲ့ ဗာလာမြို့+ လို့လည်းခေါ်တဲ့ ကိရယတ်ယာရိမ်မြို့ကို သွားကြတယ်။ လူတွေက သေတ္တာတော်ရှိတဲ့နေရာမှာ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းလေ့ရှိတယ်။ ၇  သူတို့က ဘုရားသခင့် သေတ္တာတော်ကို လှည်းအသစ်ပေါ် တင်ပြီး+ အဘိနဒပ်ရဲ့အိမ်ကနေ သယ်သွားတယ်။ သြဇနဲ့ အဟိသြက လှည်းကို မောင်းတယ်။+ ၈  ဒါဝိဒ်နဲ့ အစ္စရေးတွေက ဘုရားသခင်ရှေ့မှာ အားပါးတရ ပွဲခံပြီး စောင်း၊ လင်းကွင်း၊+ ချူတပ်ဗုံ၊+ ခရာတွေ၊+ ကြိုးတပ်တူရိယာတွေ တီးမှုတ်ရင်း သီချင်းဆိုကြတယ်။ ၉  ဒါပေမဲ့ ခိဒုန်ကောက်နယ်တလင်းကို ရောက်လာတဲ့အခါ နွားတွေကြောင့် ပြုတ်ကျမလို ဖြစ်သွားတဲ့ သေတ္တာတော်ကို  ဩဇ  လှမ်းထိန်းလိုက်တယ်။ ၁၀  သေတ္တာတော်ကို လှမ်းကိုင်လိုက်လို့+ သြဇကို ယေဟောဝါ အမျက်ထွက်ပြီး ဒဏ်ခတ်လိုက်တယ်။ ဘုရားသခင်ရှေ့၊ အဲဒီမှာတင် ဩဇ သေဆုံးသွားတယ်။+ ၁၁  သြဇကို ယေဟောဝါ အမျက်ထွက်တဲ့အတွက် ဒါဝိဒ် စိတ်ဆိုးတယ်။* အဲဒီနေရာကို ပေရက်သြဇ* လို့ခေါ်ကြတာ ဒီနေ့အထိပဲ။ ၁၂  အဲဒီနေ့မှာ ဒါဝိဒ်က ဘုရားသခင်ကို ကြောက်ပြီး “ဘုရားသခင်ရဲ့ သေတ္တာတော်ကို ငါ့ဆီ ဘယ်လိုသယ်ရပါ့မလဲ”+ လို့ပြောတယ်။ ၁၃  အဲဒီနောက် သေတ္တာတော်ကို သူနေထိုင်တဲ့ ဒါဝိဒ်မြို့ကို သယ်သွားမယ့်အစား သြဗက်ဧဒုံရဲ့အိမ်ဆီ  သယ်သွားခိုင်းတယ်။ ၁၄  သေတ္တာတော်ဟာ သြဗက်ဧဒုံရဲ့အိမ်မှာ အိမ်သားတွေနဲ့အတူ သုံးလ ရှိနေတယ်။ ယေဟောဝါလည်း သြဗက်ဧဒုံရဲ့ အိမ်သားတွေနဲ့ သူပိုင်ဆိုင်သမျှကို ကောင်းချီးပေးတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ရှိဟောရမြစ်။”
“ခေရုဗိမ်တွေကြားမှာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “စိတ်မကောင်းဖြစ်တယ်။”
အဓိပ္ပာယ်၊ “သြဇကို အမျက်တော်ရှ။”