၂ ကောရိန္သု ၁၃:၁-၁၄

  • နောက်ဆုံးသတိပေးချက်နဲ့ တိုက်တွန်းချက် (၁-၁၄)

    • “ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ” ()

    • ပြုပြင်ပြောင်းလဲပါ၊ တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ (၁၁)

၁၃  ခင်ဗျားတို့ဆီ လာဖို့ ကျွန်တော် စိတ်ကူးထားတာ  အခုဆို ၃ ကြိမ်ရှိပြီ။ “ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှ အတည်ဖြစ်ရမယ်။”+ ၂  လူကိုယ်တိုင်ကတော့ ခင်ဗျားတို့ဆီ မရောက်နိုင်သေးပေမဲ့ ဒုတိယအကြိမ် ရောက်နေတယ်လို့ သဘောထားပြီး ကျွန်တော်ပြောတာတွေကို လက်ခံကြပါ။ ကျွန်တော်ရောက်လာတဲ့အခါ သက်ညှာမှာ  မဟုတ်ဘူးဆိုတဲ့အကြောင်း အပြစ်ကျူးလွန်ခဲ့သူတွေကိုရော ကျန်တဲ့လူတွေအားလုံးကိုပါ ကြိုတင် သတိပေးလိုက်ပါတယ်။ ၃  ကျွန်တော်ကတစ်ဆင့်  ခရစ်တော်မိန့်မှာတာ  ဟုတ်မဟုတ် ခင်ဗျားတို့ သက်သေရချင်တယ်ဆိုလို့ အဲဒီလို သတိပေးလိုက်ရတာပါ။ ခရစ်တော်က ခင်ဗျားတို့ကို အားနည်းတဲ့ပုံမျိုးနဲ့ မဆက်ဆံဘူး၊ အစွမ်းခွန်အားနဲ့ ဆက်ဆံတယ်။ ၄  ခရစ်တော်ဟာ အားနည်းလို့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရပေမဲ့ ဘုရားသခင်ရဲ့တန်ခိုးကြောင့် အသက်ပြန်ရှင်လာပြီ။+ ခရစ်တော်အားနည်းခဲ့ဖူးသလို ကျွန်တော်တို့လည်း အားနည်းနေပေမဲ့ ခင်ဗျားတို့အပေါ် သက်ရောက်နေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်+ ခရစ်တော်နဲ့အတူ အသက်ရှင်ကြလိမ့်မယ်။+ ၅  ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ။+ ခင်ဗျားတို့ဟာ ယေရှုခရစ်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေမှန်း သဘောမပေါက်ကြဘူးလား။ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း  မဖြစ်ရင်တော့ ဘုရားသခင်ရဲ့ နှစ်သက်မှု ရမှာမဟုတ်ဘူး။ ၆  ကျွန်တော်တို့ဟာ  ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရထားမှန်း ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၇  ခင်ဗျားတို့ အမှားတစ်ခုမှ မလုပ်မိအောင် ဘုရားသခင်ဆီ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ လူတွေရဲ့ နှစ်သက်မှုရသူတွေဖြစ်မှန်း ပေါ်လွင်ချင်လို့ မဟုတ်ပါဘူး။ လူတွေရဲ့နှစ်သက်မှု မရရင်တောင် ခင်ဗျားတို့ကို မွန်မြတ်တဲ့အရာတွေ လုပ်စေချင်လို့ပါ။ ၈  အမှန်တရားနဲ့ ဆန့်ကျင်တဲ့အရာ ဘာတစ်ခုကိုမှ ကျွန်တော်တို့ မလုပ်နိုင်ကြဘူး။ အမှန်တရားနဲ့ ညီညွတ်တာတွေကိုပဲ လုပ်ဆောင်နိုင်တယ်။ ၉  ကျွန်တော်တို့ အားနည်းနေပေမဲ့ ခင်ဗျားတို့ အစွမ်းခွန်အားနဲ့  ပြည့်နေတဲ့အခါ တကယ်ဝမ်းသာပါတယ်။ ခင်ဗျားတို့ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းတယ်။ ၁၀  လူကိုယ်တိုင် မရောက်နိုင်သေးလို့ ဒီစာကို ရေးလိုက်တယ်။ ကျွန်တော် ရောက်လာတဲ့အခါ သခင်ပေးအပ်ထားတဲ့ အခွင့်အာဏာကို ပြင်းပြင်းထန်ထန် မသုံးမိစေဖို့ပေါ့။+ အဲဒီအခွင့်အာဏာဟာ ခင်ဗျားတို့ကို ဖြိုဖျက်ဖို့ မဟုတ်ဘူး၊ တည်ဆောက်ပေးဖို့ပါ။ ၁၁  ညီအစ်ကိုတို့၊ နောက်ဆုံး မှာကြားချင်တာက အမြဲရွှင်လန်းကြပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲကြပါ။ နှစ်သိမ့်မှုကို ခံယူကြပါ။+ တစ်စိတ်တစ်သဘောတည်း ဖြစ်ကြပါ။+ သင့်သင့်မြတ်မြတ် နေကြပါ။+ မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့အရှင် ဘုရားသခင်က+ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။ ၁၂  အချင်းချင်း သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။ ၁၃  သန့်ရှင်းသူအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ၁၄  သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာ၊ ဘုရားသခင်ရဲ့မေတ္တာ၊ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် အားလုံးရရှိတဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျားတို့ ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ