၂ တိမောသေ ၄:၁-၂၂
၄ ခရစ်တော်ယေရှုက ပေါ်ထွန်းလာပြီး+ ဘုရင်အဖြစ် ရောက်လာတဲ့အခါ+ အသက်ရှင်သူတွေကိုရော သေလွန်သူတွေကိုပါ+ တရားစီရင်လိမ့်မယ်။+ ဘုရားသခင်ရှေ့၊ ခရစ်တော်ရှေ့မှာ မင်းကို ငါမှာကြားချင်တာက၊
၂ တရားစကားကို ဟောပြောပါ။+ အခြေအနေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အရေးတကြီး ဟောပြောပါ။ အစွမ်းကုန် စိတ်ရှည်ပြီး၊ သွန်သင်ခြင်းနည်းပညာ သုံးပြီး+ ပဲ့ပြင်ပေးပါ၊+ ပြစ်တင်ဆုံးမပါ၊ တိုက်တွန်းနှိုးဆော်ပါ။
၃ ဘာလို့လဲဆိုတော့ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို+ နားမထောင်ချင်တော့ဘဲ ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဆရာတွေကို ရှာဖွေမယ့်အချိန် ရောက်လာမှာဖြစ်လို့ပဲ။+
၄ သူတို့က အမှန်တရားကို နားမထောင်ဘဲ ယုံတမ်းစကားတွေကို နားထောင်ကြလိမ့်မယ်။
၅ မင်းကတော့ အရာရာမှာ သတိရှိနေပါ။ အခက်အခဲတွေကို ခံရပ်ပါ။+ သတင်းကောင်းကို* ဆက်ဟောပြောနေပါ။ ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပါ။+
၆ ငါကတော့ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို+ သဘောထားပြီး ပေးဆပ်ခဲ့ပြီ။ သေဆုံးမယ့်အချိန်လည်း နီးလာပြီ။+
၇ မွန်မြတ်တဲ့တိုက်ပွဲကို ဆင်နွှဲခဲ့ပြီ။+ ပြေးပွဲကို အဆုံးအထိ ပြေးခဲ့ပြီ။+ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ။
၈ ဖြောင့်မတ်တဲ့ တရားသူကြီးဖြစ်တဲ့+ သခင်က ဖြောင့်မတ်သူတွေကိုပေးမယ့် သရဖူကို ငါ့အတွက် အသင့်ပြင်ထားတယ်။+ တရားစီရင်ရာနေ့မှာ အဲဒီသရဖူကို ဆုလာဘ်အဖြစ် ငါ့ကို ပေးလိမ့်မယ်။+ ငါ့ကိုသာမက သခင်ပေါ်ထွန်းချိန်ကို စောင့်မျှော်နေသူ အားလုံးကိုလည်း ပေးလိမ့်မယ်။
၉ ဖြစ်နိုင်ရင် ငါ့ဆီ အမြန်ဆုံးလာခဲ့ပါ။
၁၀ ဒေမက+ လက်ရှိ လောကစနစ်ကို* စွဲလမ်းတဲ့အတွက် ငါ့ကိုထားခဲ့ပြီး သက်သာလောနိတ်မြို့ဆီ ထွက်သွားပြီ။ ကရေကက ဂလာတိပြည်ကို၊ တိတုက ဒါလမာတိပြည်ကို သွားပြီ။
၁၁ လုကာတစ်ယောက်ပဲ ငါနဲ့အတူ ရှိနေတယ်။ မာကုကိုလည်း တစ်ပါတည်း ခေါ်ခဲ့ပါ။ ဘုရားပေးတာဝန်ကို ထမ်းဆောင်တဲ့အခါ သူဟာ ငါ့အတွက် သိပ်အကူအညီဖြစ်တယ်။
၁၂ တုခိတ်ကိုတော့+ ဧဖက်မြို့ဆီ လွှတ်လိုက်ပြီ။
၁၃ မင်းလာတဲ့အခါ တရောမြို့က ကာပုဆီမှာ ငါထားရစ်ခဲ့တဲ့ အပေါ်ဝတ်ရုံနဲ့ ကျမ်းလိပ်တွေ၊ အထူးသဖြင့် သားရေစာလိပ်တွေကို ယူခဲ့ပါ။
၁၄ ပန်းတဉ်းဆရာ အလက်ဇန္ဒားက ငါ့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ်။ သူ့လုပ်ရပ်အတိုင်း ယေဟောဝါ* ပြန်ဆပ်ပေးမှာပါ။+
၁၅ မင်းလည်း သူ့ကို သတိထားပါ။ ငါတို့ဟောတဲ့သတင်းကို သူ အကြီးအကျယ် အတိုက်အခံလုပ်ခဲ့တယ်။
၁၆ ပထမအကြိမ် ငါ ထုချေပြောဆိုရတုန်းက အနားမှာ ဘယ်သူမှမရှိဘူး။ အားလုံး စွန့်ခွာသွားတယ်။ သူတို့ရဲ့အပြစ်ကို ဘုရားသခင် မမှတ်ထားပါစေနဲ့။
၁၇ ဒါပေမဲ့ ငါ့အားဖြင့် ဟောပြောခြင်းလုပ်ငန်း အကုန်အစင် ပြီးမြောက်ဖို့၊ လူမျိုးခြားအားလုံး သတင်းကောင်းကြားသိစေဖို့+ သခင်က ငါ့အနားမှာနေပြီး ခွန်အားပေးခဲ့တယ်။ ခြင်္သေ့ရဲ့ ခံတွင်းထဲကနေလည်း ကယ်တင်ခဲ့တယ်။+
၁၈ သခင်က ငါ့ကို ဘေးအန္တရာယ် အမျိုးမျိုးကနေ ကယ်တင်ပြီး ကောင်းကင်နိုင်ငံဆီ ပို့ဆောင်ပေးလိမ့်မယ်။+ သခင့်ရဲ့ဘုန်းတော် အစဉ်ထာဝရထင်ရှားပါစေ။ အာမင်။*
၁၉ ပြစ်က* နဲ့ အာကုလကိုရော+ သြနေသိဖော်ရဲ့ အိမ်သူအိမ်သားတွေကိုပါ+ နှုတ်ဆက်ပေးပါ။
၂၀ ဧရတုက+ ကောရိန္သုမြို့မှာ နေရစ်ခဲ့တယ်။ တရောဖိမ်ကတော့+ နေမကောင်းဖြစ်နေလို့ မိလက်မြို့မှာ ထားခဲ့လိုက်တယ်။
၂၁ ဖြစ်နိုင်ရင် ဆောင်းမဝင်ခင် ငါ့ဆီ အရောက်လာခဲ့ပါ။
ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိနဲ့ ညီအစ်ကိုအားလုံးကလည်း မင်းကို နှုတ်ဆက်လိုက်တယ်။
၂၂ မင်းရဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် သခင် ကောင်းချီးပေးပါစေ၊ သခင့်ရဲ့ မဟာကရုဏာ ခံစားရပါစေ။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဧဝံဂေလိတရားကို။”
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
^ ပြစ်ကိလ။