၂ ရာဇဝင်ချုပ် ၁၉:၁-၁၁

  • ယောရှဖတ်ကို ယေဟု ဆုံးမ (၁-၃)

  • ယောရှဖတ် ပြုပြင်ပြောင်းလဲမှု လုပ် (၄-၁၁)

၁၉  ယုဒဘုရင်ယောရှဖတ်က ဂျေရုဆလင်မြို့မှာရှိတဲ့ နန်းတော်ကို ဘေးမသီရန်မခ ပြန်ရောက်လာတယ်။+ ၂  အဲဒီအခါ ဟာနေနိရဲ့+ သား စိတ်အာရုံမြင်ရသူ ယေဟုက+ ယောရှဖတ်ဆီ အခစားဝင်ပြီး “မင်းကြီး၊ ဆိုးညစ်သူကို ကူညီသင့်သလား။+ ယေဟောဝါဘုရားကို မုန်းတဲ့သူတွေကို ချစ်သင့်သလား။+ မင်းကြီး ဒီလိုလုပ်တဲ့အတွက် ယေဟောဝါဘုရား အမျက်ထွက်နေပြီ။ ၃  ဒါပေမဲ့ မင်းကြီးက တိုင်းပြည်မှာရှိတဲ့ ကိုးကွယ်ရာသစ်တိုင်တွေကို* ဖယ်ရှားပြီး စစ်မှန်တဲ့ဘုရားသခင်ကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် မင်းကြီးရဲ့ ကောင်းကွက်တွေကို ဘုရားသခင် မြင်ပါတယ်”+ လို့လျှောက်တင်တယ်။+ ၄  ယောရှဖတ်က ဂျေရုဆလင်မြို့မှာ ဆက်စိုးစံတယ်။ ပြီးတော့ ဗေရရှေဘမြို့ကနေ  ဧဖရိမ်တောင်တန်းဒေသတစ်လျှောက်+ ထပ်သွားပြီး အဲဒီမှာ နေထိုင်သူတွေကို  ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်လှည့်လာအောင် ကူညီပေးတယ်။+ ၅  ယုဒပြည်တစ်ဝန်းက ခံတပ်မြို့အသီးသီးမှာလည်း တရားသူကြီးတွေ ခန့်လိုက်ပြီး၊+ ၆  “ခင်ဗျားတို့က  လူတွေအတွက်မဟုတ်ဘဲ ယေဟောဝါဘုရားအတွက် တရားစီရင်နေတာဖြစ်လို့ ဂရုတစိုက် လုပ်ဆောင်ကြပါ။ စီရင်ချက်ချတဲ့အခါ ခင်ဗျားတို့နဲ့အတူ  ဘုရားရှိတယ်။+ ၇  ယေဟောဝါက မတရားတာ  မလုပ်ဘူး၊+ မျက်နှာမလိုက်ဘူး၊+ တံစိုးလက်ဆောင်တွေ လက်မခံဘူး။+ ဒါကြောင့် ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေကြပါ။+ သတိနဲ့ လုပ်ဆောင်ကြပါ” လို့မှာတယ်။ ၈  ယောရှဖတ်က ဂျေရုဆလင်မြို့မှာလည်း ယေဟောဝါအတွက် တရားသူကြီးတွေအဖြစ် အမှုဆောင်ဖို့၊ ဂျေရုဆလင်မြို့သားတွေရဲ့ အမှုအခင်းတွေကို စီရင်ပေးဖို့ လေဝိအမျိုးသားတွေ၊ ပုရောဟိတ်တွေ၊  အစ္စရေးဆွေမျိုးစု ခေါင်းဆောင်တွေကို ခန့်လိုက်တယ်။+ ၉  ပြီးတော့ “ခင်ဗျားတို့ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ သစ္စာရှိရှိ စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ရမှာက– ၁၀  အမြို့မြို့မှာ နေကြတဲ့ ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေက လူသတ်မှုတစ်ခု တင်ပြလာတဲ့အခါ+ ဒါမှမဟုတ် ဥပဒေ၊ ပညတ်ချက်၊ စည်းမျဉ်း၊ တရားစီရင်ချက်တွေအကြောင်း မေးမြန်းလာတဲ့အခါ သူတို့ကို သတိပေးရမယ်။ ဒါမှ ယေဟောဝါဘုရားရှေ့မှာ သူတို့ရော ခင်ဗျားတို့ပါ အပြစ်မသင့်ကြမှာ။ သတိမပေးရင်တော့ သူတို့ကိုရော ခင်ဗျားတို့ကိုပါ ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ ၁၁  အခု ယေဟောဝါဘုရားနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ပုရောဟိတ်မင်း အာမရိက ခင်ဗျားတို့ကို ကြီးကြပ်ပေးလိမ့်မယ်။+ ပြည်တွင်းရေးရာကိစ္စတွေကိုတော့ ယုဒအမျိုးရဲ့ခေါင်းဆောင်၊ အိရှမေလရဲ့သား ဇေဗဒိက ကြီးကြပ်ပေးလိမ့်မယ်။ လေဝိအမျိုးသားတွေလည်း လက်ထောက် ခေါင်းဆောင်တွေအဖြစ် အမှုဆောင်လိမ့်မယ်။ ဒါကြောင့် သတ္တိရှိရှိ လုပ်ဆောင်ကြပါ။ မှန်ရာကိုလုပ်တဲ့သူတွေနဲ့အတူ ယေဟောဝါ ရှိပါစေ” ဆိုပြီး သူတို့ကို မှာတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။