၂ ရှမွေလ ၅:၁-၂၅
၅ နောက်ပိုင်းမှာ အစ္စရေးအနွယ်အားလုံးက ဒါဝိဒ်ရှိတဲ့ ဟေဗြုန်မြို့ကိုလာပြီး+ “ကျွန်တော်တို့ဟာ ခင်ဗျားရဲ့သွေးသားရင်းချာတွေပါ။+
၂ ရှောလုမင်း လက်ထက်ကတည်းက ခင်ဗျားဟာ အစ္စရေးတပ်ကို ဦးစီးပြီး တိုက်ပွဲဝင်ခဲ့သူပါ။+ ယေဟောဝါဘုရားကလည်း ‘ငါ့လူမျိုးအစ္စရေးကို မင်း ထိန်းကျောင်းရမယ်။ မင်းဟာ အစ္စရေးခေါင်းဆောင် ဖြစ်လာမယ်’+ လို့ မိန့်မှာထားတာပဲ” ဆိုပြီး ပြောကြတယ်။
၃ ဒါနဲ့ ဒါဝိဒ်ရှိတဲ့ ဟေဗြုန်မြို့ကို အစ္စရေးအကြီးအကဲအားလုံး ရောက်လာတယ်။ ဒါဝိဒ်လည်း ဟေဗြုန်မြို့၊ ယေဟောဝါရှေ့မှာ သူတို့နဲ့ ကတိသစ္စာပြုတဲ့အတွက်+ ဒါဝိဒ်ကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးကြတယ်။+
၄ ဒါဝိဒ်နန်းတက်ချိန်မှာ အသက် ၃၀ ရှိပြီ။ သူ့နန်းသက်က နှစ်ပေါင်း ၄၀ ရှိတယ်။+
၅ ဟေဗြုန်မြို့မှာ နန်းစံပြီး ယုဒအမျိုးကို ၇ နှစ်နဲ့ ၆ လ၊ ဂျေရုဆလင်မြို့မှာ+ နန်းစံပြီး အစ္စရေးအားလုံးနဲ့ ယုဒအမျိုးကို ၃၃ နှစ် စိုးစံတယ်။
၆ ဒါဝိဒ်မင်းနဲ့ သူ့လူတွေက ဂျေရုဆလင်မြို့မှာ နေထိုင်တဲ့ ယေဗုသိလူမျိုးကို+ သွားတိုက်ခိုက်တယ်။ ယေဗုသိလူတွေက “ဒီမြို့ထဲကို မင်း လုံးဝမဝင်ရဘူး။ မျက်မမြင်သူ၊ ခြေဆွံ့သူတွေတောင် မင်းကို မောင်းထုတ်လိမ့်မယ်” ဆိုပြီး ခနဲ့တယ်။ ‘ဒီမြို့ထဲကို ဒါဝိဒ် လုံးဝဝင်နိုင်မှာ မဟုတ်ဘူး’ လို့ သူတို့ထင်နေကြတယ်။+
၇ ဒါပေမဲ့ ဒါဝိဒ်က ဇိအုန်ခံတပ်ကို သိမ်းပိုက်လိုက်တယ်။ အခုတော့ အဲဒီနေရာဟာ ဒါဝိဒ်မြို့လို့ နာမည်တွင်နေပြီ။+
၈ အဲဒီနေ့မှာ ဒါဝိဒ်က “ယေဗုသိလူတွေကို တိုက်မယ့် စစ်သည်တို့၊ ရေသွင်းဥမင်လမ်းအတိုင်း သွားကြ။ ဒါဝိဒ်မုန်းတဲ့ ခြေဆွံ့သူနဲ့ မျက်မမြင်တွေကို သတ်ပစ်ကြ” လို့ အမိန့်ပေးတယ်။ ဒါကြောင့် “မျက်မမြင်သူ၊ ခြေဆွံ့သူတွေ အိမ်ထဲ မဝင်စေရဘူး” ဆိုပြီး ပြောစမှတ်တွင်သွားတယ်။
၉ ဒါဝိဒ်က ဇိအုန်ခံတပ်မြို့မှာ နေထိုင်တယ်။ အဲဒီမြို့ကို ဒါဝိဒ်မြို့လို့ ခေါ်တယ်။ ဒါဝိဒ်က တောင်ကုန်း*+ ပေါ်မှာရော မြို့ထဲမှာပါ မြို့ရိုးနဲ့ တခြားအဆောက်အအုံတွေကို ဆောက်လုပ်တယ်။+
၁၀ ဒီလိုနဲ့ ဒါဝိဒ်ဟာ အင်အားကြီးသည်ထက် ကြီးလာတယ်။+ ဗိုလ်ခြေတို့ရဲ့ဘုရားသခင် ယေဟောဝါလည်း သူနဲ့အတူရှိတယ်။+
၁၁ တိုင်ရာဘုရင် ဟိရံက+ ဒါဝိဒ်ဆီ တမန်တွေစေလွှတ်ပြီး သစ်ကတိုးသားတွေ၊+ လက်သမားတွေ၊ တံတိုင်းဆောက်ပေးမယ့် ကျောက်ဆစ်သမားတွေ ပို့လိုက်တယ်။ သူတို့က ဒါဝိဒ်အတွက် နန်းတော်ကို စတည်ဆောက်ကြတယ်။+
၁၂ ယေဟောဝါက အစ္စရေးဘုရင်အဖြစ် သူ့ကို မင်းမြှောက်လိုက်တဲ့အကြောင်း၊+ လူမျိုးတော် အစ္စရေးတွေရဲ့ အကျိုးအတွက်+ သူ့နိုင်ငံကို ချီးမြှောက်တဲ့အကြောင်း+ ဒါဝိဒ်သိတယ်။
၁၃ ဒါဝိဒ်က ဟေဗြုန်မြို့ကနေထွက်လာပြီးနောက် ဂျေရုဆလင်မြို့မှာ မိဖုရားတွေ၊ မောင်းမတွေ ထပ်သိမ်းပိုက်တဲ့အတွက်+ သားသမီးတွေ ထပ်ရလာတယ်။+
၁၄ ဂျေရုဆလင်မြို့မှာရတဲ့ သားသမီးတွေကတော့ ရှမွာ၊ ရှောဗပ်၊ နာသန်၊+ ရှောလမုန်၊+
၁၅ အိဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
၁၆ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တို့ဖြစ်တယ်။
၁၇ ဒါဝိဒ်ကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးလိုက်ပြီဆိုတာ ဖိလိတိလူတွေကြားတဲ့အခါ+ ဒါဝိဒ်ကိုရှာဖို့ ချီတက်လာကြတယ်။+ ဒီအကြောင်းကို ဒါဝိဒ်ကြားတော့ သူပုန်းခိုဖူးတဲ့ခံတပ်ဆီ ဆင်းသွားတယ်။+
၁၈ ဖိလိတိလူတွေလည်း ချီတက်လာပြီး ရေဖိမ်ချိုင့်ဝှမ်းတစ်ကြောလုံးမှာ နေရာယူထားကြတယ်။+
၁၉ ဒါဝိဒ်က “ဖိလိတိလူတွေဆီ တက်သွားပြီး တိုက်ရမလား။ ကျွန်တော့်လက်ထဲ အပ်မှာလား” လို့ ယေဟောဝါကို မေးတယ်။+ ယေဟောဝါကလည်း “တက်သွားပါ။ ဖိလိတိလူတွေကို မင်းလက်ထဲ ငါဆက်ဆက်အပ်မယ်”+ လို့ ပြန်ဖြေတယ်။
၂၀ ဒါကြောင့် ဒါဝိဒ်က ဗာလပေရဇိမ်အရပ်ကို သွားပြီး ဖိလိတိလူတွေကို ချေမှုန်းတယ်။ အဲဒီနောက် “အဟုန်ပြင်းပြင်းနဲ့ ဖြိုခွင်းတဲ့ရေလို ယေဟောဝါဘုရားက ရန်သူတွေကို ငါ့ရှေ့မှာ ဖြိုခွင်းလိုက်ပြီ”+ ဆိုပြီး အဲဒီအရပ်ကို ဗာလပေရဇိမ်*+ လို့နာမည်ပေးတယ်။
၂၁ ဒါဝိဒ်နဲ့ သူ့လူတွေက ဖိလိတိလူတွေ ထားရစ်ခဲ့တဲ့ ရုပ်တုတွေကို သယ်သွားပြီး ဖျက်ဆီးကြတယ်။
၂၂ နောက်ပိုင်းမှာ ဖိလိတိလူတွေ ပြန်ရောက်လာပြီး ရေဖိမ်ချိုင့်ဝှမ်းတစ်ကြောမှာ နေရာယူကြတယ်။+
၂၃ ဒါကြောင့် ယေဟောဝါကို ဒါဝိဒ်မေးကြည့်တဲ့အခါ “တည့်တည့် မတက်သွားနဲ့။ အနောက်ဘက်ကနေ ပတ်သွားပြီး ဘာကာချုံတောရှေ့မှာ တိုက်ခိုက်ပါ။
၂၄ ဘာကာချုံပင်ရဲ့ ထိပ်ဖျားကနေ ထွက်ပေါ်လာတဲ့ စစ်ချီသံကို ကြားတာနဲ့ စတိုက်ပေတော့။ ယေဟောဝါက မင်းရှေ့ကနေ သွားပြီး ဖိလိတိတပ်ကို ချေမှုန်းလိမ့်မယ်” လို့ဖြေတယ်။
၂၅ ဒါနဲ့ ဒါဝိဒ်လည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း လိုက်နာတယ်။ ဖိလိတိလူတွေကို+ ဂေဘမြို့ကနေ+ ဂေဇာမြို့အထိ+ ချေမှုန်းကြတယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “မိလော။” မြေဖို့ထားတဲ့နေရာလို့ အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးစကားလုံး။
^ အဓိပ္ပာယ်၊ “ဖြိုခွင်းတဲ့အရှင်။”