၂ သက်သာလောနိတ် ၁:၁-၁၂

  • နှုတ်ခွန်းဆက်စကား (၁၊ ၂)

  • သက်သာလောနိတ်မြို့သားများ ယုံကြည်ခြင်းတိုးပွား (၃-၅)

  • နာခံမှုမရှိသူတွေကို လက်စားချေ (၆-၁၀)

  • အသင်းတော်အတွက် ဆုတောင်း (၁၁၊ ၁၂)

 ပေါလု၊  သိလွာနု၊* တိမောသေတို့က+ အဖဘုရားသခင်နဲ့ရော သခင်ယေရှုခရစ်နဲ့ပါ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့  သက်သာလောနိတ်  အသင်းတော်ဆီ စာရေးလိုက်ပါတယ်။ ၂  အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၃  ညီအစ်ကိုတို့၊  ခင်ဗျားတို့အတွက် ဘုရားသခင်ကို ကျွန်တော်တို့ အမြဲကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း အလွန်ခိုင်ခံ့ပြီး အချင်းချင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ တိုးပွားနေတဲ့အတွက် အဲဒီလို ကျေးဇူးတင်သင့်ပါတယ်။+ ၄  ခင်ဗျားတို့က ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာတောင်+ ခံနိုင်ရည်နဲ့  ယုံကြည်ခြင်းကို  တင်ပြတဲ့အတွက် ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ခင်ဗျားတို့အကြောင်း ကျွန်တော်တို့ ဂုဏ်ယူပြောဆိုကြတယ်။+ ၅  ဘုရားသခင် ဖြောင့်မှန်စွာ တရားစီရင်တယ်ဆိုတာ အဲဒီအချက်တွေအားဖြင့် သိနိုင်တယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင့် နိုင်ငံတော်ထဲ ဝင်ထိုက်သူတွေ ဖြစ်လာတယ်။ အဲဒီနိုင်ငံတော်အတွက်ပဲ ခင်ဗျားတို့ ဆင်းရဲဒုက္ခခံနေတာပါ။+ ၆  ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့အတွက်  ခင်ဗျားတို့ကို  ဆင်းရဲဒုက္ခရောက်စေသူတွေကို  ပြစ်ဒဏ်ပေးလိမ့်မယ်။+ ၇  သခင်ယေရှုက တန်ခိုးကြီး ကောင်းကင်တမန်တွေနဲ့အတူ+ ကောင်းကင်ဘုံကနေ ပေါ်ထွန်းလာတဲ့အခါ+  ဆင်းရဲဒုက္ခခံစားနေရတဲ့ ခင်ဗျားတို့ကို ကျွန်တော်တို့နဲ့အတူ သက်သာရာရစေလိမ့်မယ်။ ၈  ယေရှုက မီးလျှံနဲ့တကွ ပေါ်ထွန်းပြီး ဘုရားသခင်ကို မသိသူတွေ၊ သခင်ယေရှုအကြောင်း သတင်းကောင်းကို မနာခံသူတွေကို လက်စားချေလိမ့်မယ်။+ ၉  သူတို့ဟာ ထာဝရပျက်စီးခြင်း+ ပြစ်ဒဏ်စီရင်ချက်ကို ခံရပြီး သခင့်ရှေ့တော်ကနေ ဖယ်ရှားခံရမယ်။ သခင့်ရဲ့ ဘုန်းတန်ခိုးကို မြင်ခွင့်ရမှာ  မဟုတ်ဘူး။ ၁၀  သန့်ရှင်းသူတွေနဲ့အတူ ဘုန်းအသရေထင်ရှားဖို့ သခင် ကြွလာတဲ့အခါ အဲဒီလို ဖြစ်လိမ့်မယ်။ အဲဒီနေ့ကျရင် ယုံကြည်သက်ဝင်ခဲ့သူတွေရော  ကျွန်တော်တို့ ပေးတဲ့ သက်သေကို ယုံကြည်ခဲ့တဲ့ ခင်ဗျားတို့ပါ သခင်ကို အံ့သြချီးမွမ်းကြရလိမ့်မယ်။ ၁၁  ဒါကြောင့် ခင်ဗျားတို့ကို ရွေးချယ်ခံထိုက်သူတွေအဖြစ် ဘုရားသခင် ယူမှတ်စေဖို့+ အမြဲဆုတောင်းပေးပါတယ်။ ဘုရားသခင်က ကောင်းမြတ်တဲ့အရာတွေကို တန်ခိုးတော်နဲ့ ပြီးမြောက်အောင် လုပ်ဆောင်ဖို့၊ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းပါတဲ့ လုပ်ရပ်တွေကို အောင်မြင်စေဖို့လည်း ကျွန်တော်တို့ အမြဲဆုတောင်းပေးပါတယ်။ ၁၂  ဘုရားသခင်နဲ့ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကြောင့် အဲဒီလို ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့အားဖြင့် သခင်ယေရှုရဲ့ နာမည် ဘုန်းထင်ရှားပြီး ခင်ဗျားတို့လည်း သခင်ယေရှုခရစ်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ကြမယ်။

အောက်ခြေမှတ်ချက်များ

သိလ။