မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်နေပါ

ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်နေပါ

အားကစားသမားတွေဟာ ကြွက်သားတွေ သန်စွမ်း​နေ​အောင် အမြဲ​ လေ့ကျင့်​နေဖို့ လိုတယ်။ အဲဒီလိုပဲ ကျွန်တော်​တို့​ရဲ့ ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်​ပြီး ထိန်းသိမ်း​ထား​ဖို့ ဆက်​ကြိုးစား အားထုတ်​ရမယ်။ (ဟီ ၅:၁၄) တခြား​သူတွေ ဆုံးဖြတ်​တဲ့​အတိုင်း လိုက်လုပ်​ချင်​ပေမဲ့ ကိုယ့်ရဲ့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို သုံးပြီး ကိုယ့်​ဘာသာ ဆုံးဖြတ်ချက် ချဖို့​ လိုတယ်။ ဘာကြောင့်လဲ​ဆိုတော့ ကျွန်တော်​တို့ ယောက်​တိုင်း​ဟာ ကိုယ့်​လုပ်ရပ်​နဲ့​ပတ်သက်ပြီး ဖြေရှင်းချက်​ ပေး​ရမှာ ဖြစ်လို့​ပဲ။—ရ ၁၄:၁၂

နှစ်ခြင်း​ခံ​ပြီး​တာ အတော်ကြာ​ပြီ​ ဖြစ်လို့ မှန်ကန်​တဲ့ ဆုံးဖြတ်ချက်​တွေ ချ​နိုင်​လိမ့်မယ်လို့ မတွေး​သင့်ဘူး။ ပညာရှိ​ ဆုံးဖြတ်ချက်​ ချဖို့ ယေဟောဝါ၊ သမ္မာကျမ်းစာ​နဲ့ ဘုရား​ရဲ့​ အဖွဲ့အစည်း​ကို အပြည့်အဝ မှီခို​အားကိုး​ဖို့ လိုတယ်။—ယရ ၁:၇၊ ၈။ ပ ၃:၅၊ ၆။ မ ၂၄:၄၅

ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်ကို ထိန်းသိမ်း​ထား​ပါ”  ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေ ဖြေပါ။

  • အယ်​မာ ဘာ​ဆုံးဖြတ်ချက်​ ချဖို့ အကြောင်း​ပေါ်လာ​သလဲ။

  • ကိုယ့်ကိုယ်ကိုယ် သိစိတ်နဲ့​ပတ်သက်​တဲ့ ကိစ္စ​တွေ​မှာ ကိုယ့်ရဲ့​ အမြင်ကို ဘာကြောင့် မပြော​သင့်သလဲ။

  • မောင်နှံ​တစ်စုံ​ဟာ အယ်​မာ​ကို ဘာ​အကြံဉာဏ်​ကောင်း ပေး​ခဲ့​သလဲ။

  • အယ်​မာ​ဟာ မိမိရဲ့ အခြေအနေ​နဲ့​ပတ်သက်ပြီး အကူအညီ​ ဖြစ်စေ​တဲ့ အချက်အလက်​တွေ​ကို ဘယ်​နေရာ​ကနေ တွေ့ရှိခဲ့​သလဲ။