မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာစောင်​ကို အသုံးပြုပါ

ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာစောင်​ကို အသုံးပြုပါ

ကျမ်းစာ​သင်အံမှု​မှာ အသုံးပြု​မယ့် စာစောင်၊ စာအုပ်​အသစ်​ ရရှိ​လို့ စိတ်​လှုပ်ရှား​စရာ​ပါ​ပဲ။ တပည့်​များများ ဖြစ်​လာအောင် ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေးဖို့ ဆုတောင်း​ပါ​တယ်။ (မ ၂၈:၁၈-၂၀။ ၁က ၃:၆-၉) စာအုပ်​အသစ်​ကို ဘယ်လို အသုံးပြု​ကြ​မလဲ။

ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​ဟာ ဗီဒီယိုတွေ​ ပြ၊ အညွှန်း​တွေ​ ဖတ်​ပြီး ကျမ်းစာ​သင်ပေး​ရတဲ့ စာအုပ်​ ဖြစ်လို့ ကျမ်းစာ​သင်အံမှု​အတွက် ပြင်ဆင်​တဲ့​အခါ၊ သင်အံမှု​ လုပ်တဲ့​အခါ အောက်ပါ​လမ်းညွှန်ချက်တွေကို လိုက်နာပါ။ *

  • အကြောင်းအရာကို ဖတ်ပါ။ မေးခွန်းတွေကို ဆွေးနွေးပါ

  • “ဖတ်ပါ” ကျမ်းချက်​တွေ​ကို ဖတ်ပါ။ သက်ဆိုင်ပုံ​ကို နားလည်အောင် သင်သားကို ကူညီ​ပေး​ပါ

  • ဗီဒီယိုတွေကို ပြပြီး ဆွေးနွေးပါ။ ပေး​ထား​တဲ့ မေးခွန်းတွေ​ထဲ​က နှစ်သက်ရာ​ မေးခွန်း​ကို သုံးပါ

  • တစ်ကြိမ်​မှာ သင်ခန်းစာ​တစ်ခု ပြီး​အောင် သင်​ဖို့ ကြိုးစား​ပါ

အမှုဆောင်​သွားတဲ့အခါ စာစောင်​ကို ဝေငှ​ပြီး အိမ်ရှင်​ စိတ်ဝင်စားမှု​ ရှိမရှိ သိအောင်​ လုပ်ပါ။ (“ ဦးဆုံး​ တွေ့ဆုံ​ချိန်မှာ ပျော်စရာ​ဘဝ ထာဝရ​ စံစား​ကြ စာစောင် ဝေငှ​နိုင်ပုံ” လေးထောင့်ကွက်​ကို ကြည့်​ပါ။) စာစောင်​ကို လေ့လာ​ပြီး​လို့ သင်သား စိတ်ဝင်စား​ရင် စာအုပ်​ကို ဝေငှ​ပြီး သင်ခန်းစာ ၄ ကနေ စ​လေ့လာ​ပါ။ သွန်သင်ရာ၊ ဘုရား​မေတ္တာတော် စာအုပ်​နဲ့ လေ့လာ​နေတယ်​ဆိုရင် ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​ကို ပြောင်း​ပြီး ဘယ်​သင်ခန်းစာ​ကနေ စ​လေ့လာ​မယ်​ဆိုတာ ဆုံးဖြတ်​ပါ။

ကျမ်းစာ​လေ့လာ​ဖို့ ဖိတ်ခေါ်ပါ​တယ် ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

^ အပိုဒ်၊ 4 သတိပြုပါ– “လေ့လာစရာ ထပ်​ဖွေရှာ” အပိုင်း​ကို သင်အံမှု​ လုပ်​ချိန်မှာ အခြေအနေ​အရ သုံး​နိုင်တယ်။ သင်အံမှု​အတွက် ပြင်ဆင်​တဲ့​အချိန်​မှာ​တော့ ဆောင်းပါး​တွေ​ကို ဖတ်ပါ။ ဗီဒီယိုတွေကို ကြည့်​ပါ။ အဲဒီအခါ ကိုယ့်ရဲ့​ သင်သားက ဘယ်​အပိုင်း​ကို အထူး​ ကြိုက်​နှစ်သက်​မယ်​ဆိုတာ သိရမယ်။ ဗီဒီယိုတွေ​နဲ့ ထပ်ဆင့်​ ဆောင်းပါး​တွေ​ရဲ့ လင့်ခ်​တွေ​ကို အီလက်ထရောနစ်​စာပေ​မှာ ဖော်ပြ​ထား​တယ်။

 အပိုင်း​တစ်ပိုင်းစီ​ရဲ့ အဓိက​အကြောင်း​နဲ့ ရည်မှန်း​ပန်းတိုင်

 

သင်ခန်းစာ

အဓိကအကြောင်း

ရည်မှန်းပန်းတိုင်

၀၁-၁၂

ကျမ်းစာ ကူညီ​ပေး​နိုင်​ပုံ​နဲ့ ကျမ်းစာ​ အာဘော်ရှင်​ကို ပို​သိကျွမ်း​နိုင်​ပုံ​အကြောင်း လေ့လာ​ပါ

ကျမ်းစာ​ဖတ်​ဖို့၊ လေ့လာမှု​အတွက် ကြိုတင်​ပြင်ဆင်​ဖို့၊ အစည်းအဝေးတွေ စတက်​ဖို့ သင်သားကို အားပေးပါ

၁၃-၃၃

ကျွန်တော်​တို့အတွက် ဘုရား​ လုပ်ဆောင်ပေး​ထား​ရာတွေ​နဲ့ ဘုရား​ နှစ်သက်တဲ့ ဝတ်ပြုမှု​ပုံစံ​အကြောင်း လေ့လာ​ပါ

တခြား​သူတွေကို အမှန်တရား​အကြောင်း ပြောပြဖို့၊ ကြေညာသူ​ ဖြစ်အောင် ကြိုးစားဖို့ သင်သားကို အားပေးပါ

၃၄-၄၇

မိမိကို ဝတ်ပြု​ကိုးကွယ်​သူတွေဆီ​ကနေ ဘုရား ဘာ​မျှော်လင့်​သလဲ​ဆိုတာ လေ့လာ​ပါ

ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ဖို့ သင်သားကို အားပေးပါ

၄၈-၆၀

ဘုရား​မေတ္တာ ဆက်ခံစား​နိုင်​ပုံ​ကို လေ့လာ​ပါ

အမှား​နဲ့ အမှန်​ကို ခွဲခြား​သိမြင်​နိုင်ပုံ၊ ဘုရား​နဲ့ ပို​ရင်းနှီး​လာအောင် ကြိုးစား​နိုင်​ပုံ​အကြောင်း သင်သားကို သင်ပေးပါ