မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

ညီအစ်ကို၊ ညီအစ်မများရဲ့ အကူအညီကို လက်ခံပါ

ညီအစ်ကို၊ ညီအစ်မများရဲ့ အကူအညီကို လက်ခံပါ

ကျွန်တော်​တို့ကို ကူညီ​ဖို့ ယေဟောဝါ​က “ညီအစ်ကို​ အသင်းအပင်း တစ်ရပ်လုံး” ကို ပေး​ထား​တယ်။ (၁ပ ၅:၉) အမှုဆောင်​လုပ်ငန်းမှာ ကြုံတွေ့​ရတဲ့ အခက်အခဲတွေကို အောင်မြင်​ဖို့ ကျွန်တော်​တို့ကို သူတို့ ကူညီ​ပေး​နိုင်တယ်။ သာဓက​အနေ​နဲ့ တမန်တော်​ ပေါလု​ဟာ အာကုလ၊ ပြစ်ကိလ၊ သိလ၊ တိမောသေ​နဲ့ တခြား​ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ အကူအညီ​ကနေ အကျိုး​ရခဲ့တယ်။—တ ၁၈:၁-၅

အမှုဆောင်​လုပ်ငန်းမှာ ညီအစ်ကို၊ ညီအစ်မ​တွေ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ကန့်ကွက်​စကား​တွေ​ကို ဖြေရှင်း​ဖို့၊ ပြန်လည်ပတ်မှု လုပ်ဖို့၊ ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ပြီး ကျင်းပ​ဖို့ ကျွန်တော်​တို့ကို အကြံဉာဏ်​ကောင်း​တွေ ပေး​နိုင်တယ်။ ကိုယ့်ကို ကူညီ​ပေး​နိုင်​တဲ့ အသင်းတော်က တစ်ယောက်ယောက်​ကို စဉ်းစားပါ။ ပြီး​နောက် အကူအညီ တောင်း​ပါ။ နှစ်ဦး​နှစ်ဖက် အကျိုး​ရရှိ​ပြီး ပျော်ရွှင်​ကြ​မှာ သေချာ​ပါ​တယ်။—ဖိ ၁:၂၅

တပည့်​ဖြစ်စေခြင်း​လုပ်ငန်းမှာ ပျော်ရွှင်​ဖို့ ယေဟောဝါ​ရဲ့ အကူအညီကို လက်ခံပါ—ညီအစ်ကို၊ ညီအစ်မ​များ ဗီဒီယိုကို ကြည့်ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • နီ​တာ​က ဂျက်စမင်​ကို အသင်းတော် အစည်းအဝေး​ တက်​ဖို့ ဘယ်လို အားပေး​သလဲ။

  • ကျမ်းစာ​သင်အံမှု သွားတဲ့အခါ ဘာကြောင့် တခြား​တစ်ယောက်ယောက်​ကို ခေါ်သွား​သင့်သလဲ။

  • တပည့်​တစ်ယောက်​ ဖြစ်လာ​ဖို့ အသင်းတော်​တစ်ခုလုံး ပါဝင်​လုပ်ဆောင်​ရ

    ဂျက်စမင်​နဲ့ အ​ဘိဂဲ ဘာကို စိတ်ဝင်စား​သလဲ။

  • တွဲဖက်​က ကိုယ့်​အမှုဆောင်​လုပ်ငန်း တိုးတက်​ဖို့ ဘာ​အကြံပေး​နိုင်​သလဲ။