ခရစ်ယာန်အသက်တာလမ်းစဉ်
ငွေကြေးအခက်အခဲကို ခံရပ်နိုင်မယ်ဆိုတာ စိတ်ချပါ
နောက်ဆုံးကာလမှာ အခက်အခဲ အမျိုးမျိုး ကြုံရတယ်။ လောကစနစ်ဆိုးရဲ့ နိဂုံး ရောက်ခါနီးလေ အခက်အခဲတွေ များလာလေပဲ။ တစ်ခုမဟုတ် တစ်ခု ချို့တဲ့နေပါလိမ့်မယ်။ (ဟဗ ၃:၁၆-၁၈) ငွေကြေးအခက်အခဲကို ခံရပ်နိုင်မယ်ဆိုတာ ဘာက စိတ်ချစေသလဲ။ ယေဟောဝါဘုရားကို ဆက်ယုံကြည်ကိုးစားရမယ်။ ဘုရားကို ကိုးကွယ်သူတွေ ဘယ်လို အခြေအနေပဲ ကြုံရပါစေ ထောက်မပေးမယ်လို့ ဘုရား ကတိပေးထားတယ်။—ဆ ၃၇:၁၈၊ ၁၉။ ဟီ ၁၃:၅၊ ၆။
လုပ်ဆောင်နိုင်ရာ–
-
လမ်းညွှန်မှုနဲ့ ဉာဏ်ပညာ ရဖို့၊ ထောက်မပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ဆ ၆၂:၈
-
ကိုယ်မလုပ်ဖူးတဲ့ အလုပ် ဖြစ်ရင်တောင် လက်ခံပါ။—န ၁/၁၀ ၈-၉၊ လေးထောင့်ကွက်များ
-
ကျမ်းစာကို နေ့တိုင်း ဖတ်တာ၊ အသင်းတော် အစည်းအဝေးတွေ တက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာကို ပုံမှန် လုပ်ပါ။
ခံနိုင်ရည် ရှိဖို့ မိသားစုကို တည်ဆောက်ပါ—“ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
မိသားစုတချို့ ဘာအခက်အခဲတွေ ကြုံရသလဲ။
-
ဘဝမှာ အရေးအကြီးဆုံးက ဘာလဲ။
-
ငွေရေးကြေးရေး အခက်အခဲ ကြုံနေရသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။