ခရစ်ယာန်အသက်တာလမ်းစဉ်
ပျော်စရာဘဝ ထာဝရ စံစားကြ ထဲက အထောက်အကူပြုတဲ့ အသွင်အပြင်များ
ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်မှာ ပါတဲ့ ဗီဒီယိုတွေ၊ သဘောထားမေးခွန်းတွေ အသုံးပြုရတာ ကြိုက်သလား။ “လူတချို့အဆို၊” “ရည်မှန်းပန်းတိုင်၊” “လေ့လာစရာ ထပ်ဖွေရှာ” အသွင်အပြင်တွေကိုကော။ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်တဲ့အခါ တခြား ဘယ်အသွင်အပြင်တွေက အကူအညီဖြစ်သလဲ။—မ ၂၈:၁၉၊ ၂၀။
မီဒီယာ– စာအုပ်သုံးပြီး သင်အံမှု လုပ်တယ်ဆိုရင် ဗီဒီယိုတွေ၊ တခြားမီဒီယာတွေကို တစ်နေရာထဲမှာ ဘယ်လို ရှာနိုင်သလဲ။ ဒစ်ဂျစ်တယ်စာအုပ်မှာ အပိုင်းလေးခုထဲက တစ်ခုကို ရွေးပါ။ သင်ခန်းစာခေါင်းစဉ်တွေရဲ့ စာရင်းအောက်ဆုံးမှာ အပိုင်းတစ်ခုအတွက် မီဒီယာအားလုံးကို စုစည်းပေးထားပါတယ်။ (ရုပ်ပုံ ၁ ကို ကြည့်ပါ။)
“ပုံနှိပ် စာပေ” ပုံစံ– ဖုန်း/တက်ဘလက်သုံးပြီး သင်အံမှု လုပ်နေတယ်ဆိုရင် “ပုံနှိပ် စာပေ” ပုံစံကို အချိန်မရွေး ဖွင့်ကြည့်နိုင်တယ်။ သင်ခန်းစာကို ဖွင့်ထားစဉ် ဘားတန်း အစွန်မှာ ရှိတဲ့ အစက်သုံးစက်ကို နှိပ်ပြီး “ပုံနှိပ် စာပေ” ပုံစံကို ရွေးပါ။ ဆွေးနွေးနေတဲ့ အကြောင်းအရာဟာ သင်ခန်းစာရဲ့ အဓိကအကြောင်းနဲ့ ဘယ်လို ဆက်စပ်သလဲဆိုတာ မမေ့အောင် ပေါ်လာတဲ့ပုံက အထောက်အကူပြုတယ်။ ဒစ်ဂျစ်တယ် ပုံစံကို ပြန်ပြောင်းချင်ရင် အစက်သုံးစက်ကို နှိပ်ပြီး “ဒစ်ဂျစ်တယ် စာပေ” ကို ရွေးပါ။
“အသင့်ဖြစ်ပြီလား”– စာအုပ်နိဂုံးပိုင်းမှာ ပါတဲ့ ဒီလေးထောင့်ကွက်တွေက အသင်းတော်နဲ့အတူ ဟောပြောဖို့၊ နှစ်ခြင်းခံဖို့ ပြည့်မီရမယ့် အရည်အချင်းတွေကို ဖော်ပြပေးထားတယ်။ (ရုပ်ပုံ ၂ ကို ကြည့်ပါ။)
ရှင်းလင်းချက်– အရေးကြီးတဲ့ အကြောင်းအရာ တချို့နဲ့ပတ်သက်တဲ့ ထပ်ဆင့် ရှင်းလင်းချက်တွေ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စာအုပ်မှာ လင့်ခ်ပေးထားတယ်။ ဒါကြောင့် သင်ခန်းစာဆီ ပြန်သွားချင်ရင် လင့်ခ်ကို နှိပ်ပါ။ (ရုပ်ပုံ ၂ ကို ကြည့်ပါ။)
တိုးတက်တဲ့ ကျမ်းစာသင်သားတွေ နှစ်ခြင်းခံပြီးရင်တောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို သူတို့နဲ့ အပြီးဖတ်ပါ။ သင်သား နှစ်ခြင်းခံပြီးရင်တောင် နာရီ၊ ပြန်လည်ပတ်မှု၊ သင်အံမှု စာရင်းသွင်းလို့ ရတယ်။ ကြေညာသူတစ်ယောက် အဖော်လိုက်တယ်ဆိုရင် သူလည်း နာရီ စာရင်းသွင်းနိုင်တယ်။