ခရစ်ယာန်အသက်တာလမ်းစဉ်
တကယ် ရှင်ပြန်ထမြောက်လာချိန် မတိုင်မီ
ချစ်ရသူ ကွယ်လွန်တဲ့အခါ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် နှစ်သိမ့်မှု ရတယ်။ ဒါပေမဲ့ အပြစ်နဲ့ သေခြင်းက ကျွန်တော်တို့ အားလုံးကို မွန်းကြပ်စေတဲ့ ခြုံထည်လို ဖုံးလွှမ်းထားတယ်။ (ရှာ ၂၅:၇၊ ၈) အဲဒါကြောင့် “ဖန်ဆင်းရာအားလုံး အခုချိန်အထိ တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာခံစားနေကြရ” တာ။ (ရ ၈:၂၂) ချစ်ရသူတွေ ရှင်ပြန်ထမြောက် မလာခင် ကျွန်တော်တို့ ခံစားနေရတဲ့ ဝမ်းနည်းမှုကို ဘယ်လို ဖြေသိမ့်နိုင်မလဲ။ ကျမ်းစာမှာ အကူအညီ ဖြစ်စေတဲ့ အခြေခံမူတွေ ပါတယ်။
ချစ်ရသူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ဒန်ယဲလ်၊ မာဆာဟီရိုနဲ့ ယိုရှိမီတို့ ဘယ်လို ဝမ်းနည်းကြေကွဲခဲ့ကြသလဲ။
-
ဘယ်လက်တွေ့ကျ အကြံပြုချက် ငါးခုက အထောက်အကူ ဖြစ်သလဲ။
-
သူတို့ကို နှစ်သိမ့်မှု အများဆုံး ပေးနိုင်တာက ဘယ်သူလဲ။—၂က ၁:၃၊ ၄