မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါက စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်

ယေဟောဝါက စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်

လူတိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန် ဝမ်းနည်းတတ်ကြတယ်။ ဘုရားနဲ့ ဆက်ဆံရေးကောင်း မရှိလို့ ဝမ်းနည်းနေတာဆိုပြီး ကောက်ချက်ချလို့ မရဘူး။ ယေဟောဝါဘုရားတောင် ဝမ်းနည်းတဲ့အချိန်တွေ ရှိတယ်။ (က ၆:၅၊ ၆) ဒါပေမဲ့ ခဏခဏ၊ တစ်ချိန်လုံး ဝမ်းနည်းနေရင် ဘာလုပ်နိုင်သလဲ။

အကူအညီရဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းပါ။ ယေဟောဝါဘုရားက ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို စိတ်ဝင်တစားရှိတယ်။ ကျွန်တော်တို့ ပျော်နေတာ၊ ဝမ်းနည်းနေတာကို သိတယ်။ ဒီလိုအတွေးတွေ၊ ခံစားချက်တွေ ဘာကြောင့်ဖြစ်နေတယ်ဆိုတာလည်း နားလည်တယ်။ (ဆ ၇:၉ခ) အရေးကြီးဆုံးက ကျွန်တော်တို့ကို ယေဟောဝါဘုရား ဂရုစိုက်တယ်။ ဝမ်းနည်းတဲ့အခါ၊ စိတ်ကျဝေဒနာခံစားရတဲ့အခါ ခံရပ်နိုင်အောင် ကူညီပေးနိုင်တယ်။—ဆ ၃၄:၁၈

စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။ အပျက်သဘောခံစားချက်တွေက ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကိုသာမက ဝတ်ပြုရေးကိုတောင် ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့စိတ်နှလုံး၊ အတွင်းလူကို ကာကွယ်ရမယ်။—ပ ၄:၂၃

ညီအစ်ကိုတွေ ငြိမ်သက်မှု ခံစားနေကြ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • စိတ်ကျဝေဒနာကို ခံရပ်နိုင်အောင် နစ်ကီ ဘာတွေလုပ်သလဲ။

  • ဆရာဝန်ဆီ သွားပြဖို့လိုတယ်လို့ နစ်ကီ ဘာကြောင့် ခံစားရသလဲ။—မ ၉:၁၂

  • အကူအညီရဖို့ ယေဟောဝါဘုရားကို နစ်ကီ ဘယ်လို အားကိုးခဲ့သလဲ။