မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ JW.ORG ပင်မစာမျက်နှာကို သုံးပါ

အမှုဆောင်လုပ်ငန်းမှာ JW.ORG ပင်မစာမျက်နှာကို သုံးပါ

စိတ်နှလုံးရိုးဖြောင့်သူတွေ အကြိုက်တွေ့မယ့် ဆောင်းပါးတွေ၊ ဗီဒီယိုတွေကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ ပင်မစာမျက်နှာမှာ ဖော်ပြပေးထားတယ်။ (တ ၁၃:၄၈) လူတွေစိတ်ဝင်စားပြီး လူပြောများတဲ့ အကြောင်းအရာတွေ၊ သတင်းတွေကို မကြာမကြာ တင်ပေးထားပါတယ်။

အမှုဆောင်လုပ်ငန်းမှာ jw.org ပင်မစာမျက်နှာကို ဘယ်လို အသုံးပြုနိုင်သလဲ။

  • ဝက်ဘ်ဆိုက်ကို ပုံမှန်ဝင်ကြည့်ပါ။ အခုလောလောဆယ် ဘာတွေ တင်ထားသလဲဆိုတာ ကြည့်ပါ။ အဲဒါကိုသုံးပြီး စိတ်ဝင်စားသူကို ဘယ်လိုပြောပြနိုင်မလဲဆိုတာ စဉ်းစားပါ။ (မကြာသေးခင်က ပင်မစာမျက်နှာမှာတင်ခဲ့တဲ့ တခြားအကြောင်းအရာတွေကို ဖတ်/ကြည့်ချင်ရင် “နောက်ထပ် ကြည့်ပါ” ကိုနှိပ်ပြီး ရှာနိုင်ပါတယ်။) ဝက်ဘ်ဆိုက်ကို ပုံမှန်ဝင်ကြည့်မယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သုံးနိုင်တဲ့နည်းသစ်တွေကို ရလာပါလိမ့်မယ်။

  • ပင်မစာမျက်နှာမှာ တင်ထားတဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေကို သုံးပြီး စကားစမြည် စပြောပါ။ ပင်မစာမျက်နှာမှာ တင်ထားတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး လူတွေ ဘာကို စိတ်ဝင်စားနေတယ်ဆိုတာ ခန့်မှန်းနိုင်တယ်။

  • ပင်မစာမျက်နှာကို ပြပေးပါ။ သတ်သတ်မှတ်မှတ် အကြောင်းအရာတစ်ခုကို ပြပါ၊ ဝက်ဘ်ဆိုက် အသုံးပြုနိုင်ပုံကို ပြပေးပါ။

  • လင့်ခ် ပို့ပေးပါ။ တချို့သူတွေက ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ တွန့်ဆုတ်ကြပေမဲ့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ဖို့တော့ တလိုတလား ရှိကြတယ်။ ဒါကြောင့် စိတ်ဝင်စားသူတွေဆီ ဝက်ဘ်ဆိုက် ပင်မ စာမျက်နှာ၊ ဆောင်းပါး၊ ဗီဒီယိုတစ်ခုရဲ့လင့်ခ် ပို့ပေးဖို့ မတွန့်ဆုတ်ပါနဲ့။