ခရစ်ယာန်အသက်တာလမ်းစဉ်
မိဘတို့၊ သားသမီးတွေ ယေဟောဝါဘုရားဆီက ဉာဏ်ပညာရရှိအောင် ကူညီပေးပါ
ယေဟောဝါဘုရားဆီက ဉာဏ်ပညာရရှိအောင် သားသမီးတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းတစ်ခုက ခရစ်ယာန်အစည်းအဝေးတွေကနေ အကျိုးရအောင် ကူညီပေးခြင်းပါပဲ။ ကလေးတွေက အစည်းအဝေးတွေမှာ မြင်ရတာ၊ ကြားရတာ၊ မှတ်ချက်ပေးတာတွေကနေ ယေဟောဝါဘုရားအကြောင်း သင်ယူကြတယ်။ ဒီလိုနဲ့ ဘုရားနဲ့ ရင်းနှီးလာကြတယ်။ (တရ ၃၁:၁၂၊ ၁၃) သင်က မိဘတစ်ယောက်ဆိုရင် ကလေးကို အစည်းအဝေးကနေ အကျိုးအပြည့်အဝရအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
-
အစည်းအဝေးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားတက်ရောက်ဖို့ ကြိုးစားအားထုတ်ပါ။—ဆ ၂၂:၂၂
-
အစည်းအဝေး မစခင် ဒါမှမဟုတ် ပြီးနောက် နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မ တွေနဲ့ အချိန်ပေး ပေါင်းသင်းပါ။—ဟီ ၁၀:၂၅
-
အစည်းအဝေးမှာ လေ့လာမယ့်စာပေတွေကို ဒီဂျစ်တယ်ပုံစံနဲ့ဖြစ်ဖြစ်၊ ပုံနှိပ်စာပေနဲ့ဖြစ်ဖြစ် မိသားစုဝင်တိုင်း ရှိထားအောင် ပြင်ထားပေးပါ။
-
ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးနိုင်ဖို့ ကလေးကို ပြင်ဆင်ပေးပါ။ —မ ၂၁:၁၅၊ ၁၆
-
အစည်းအဝေးအကြောင်း၊ အစည်းအဝေးမှာ ကြားခဲ့ရတဲ့ သွန်သင်ချက်တွေအကြောင်း အပြုသဘောနဲ့ ပြောပါ။
-
နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်ခြင်း၊ အသင်းတော်ထဲက အသက်ကြီးသူတွေနဲ့ စကားပြောခြင်း စတာတွေမှာ ကလေးတွေ ပါဝင်လုပ်ဆောင်နိုင်အောင် ကူညီပေးပါ။
ကလေးတွေကို ယေဟောဝါဘုရားနဲ့ ရင်းနှီးလာအောင် ကူညီပေးရတာ တစ်ခါတလေ မလွယ်ဘူး၊ အများကြီး ကြိုးစားအားထုတ်ဖို့ လိုတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို စိတ်ချနိုင်ပါတယ်။—ရှာ ၄၀:၂၉။
မိဘတို့၊ ယေဟောဝါဘုရားကို အားထားကြပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ပင်ပန်းနွမ်းနယ်မှုကြောင့် ဇက်နဲ့ လေအာ ဘာတွေ ထိခိုက်လာသလဲ။
-
ခွန်အားရဖို့ မိဘတွေ ဘာကြောင့် ယေဟောဝါကို အားကိုးသင့်သလဲ။
-
အောင်မြင်မှုရဖို့ ဇက်နဲ့ လေအာ ယေဟောဝါကို ဘယ်လို အားကိုးခဲ့သလဲ။