မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂-၈

ဆာလံ ၇၉-၈၁

စက်တင်ဘာ ၂-၈

သီချင်း ၂၉ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ယေဟောဝါရဲ့ ဂုဏ်ကျက်သရေရှိတဲ့ နာမတော်ကို ချစ်မြတ်နိုးပါ

(၁၀ မိ.)

ယေဟောဝါကို ရှုတ်ချမှုဖြစ်စေတဲ့ အကျင့်တွေကို ရှောင်ပါ (ဆ ၇၉:၉က၁၇.၀၂ ၉ ပိုဒ်. ၅)

ယေဟောဝါရဲ့ နာမည်ကို ခေါ်ပါ (ဆ ၈၀:၁၈ijwbv ၃ ပိုဒ်. ၄-၅)

ယေဟောဝါရဲ့နာမည်ကို မြတ်နိုးပြီး နာခံသူတွေကို ဘုရား ကြွယ်ဝစွာ ကောင်းချီးပေး (ဆ ၈၁:၁၃၊ ၁၆)

ယေဟောဝါသက်သေဖြစ်ကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် မိမိရဲ့အမူအကျင့်နဲ့ ယေဟောဝါနာမည်ကို ဂုဏ်တင်ပါ

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၈၀:၁—အစ္စရေးတစ်မျိုးလုံးကို ရည်ညွှန်းတဲ့အခါ တစ်ခါတလေ ဘာကြောင့် ယောသပ်နာမည်ကို သုံးသလဲ။ (it-2-E ၁၁၁)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၁ မိ.) တစ်အိမ်မှတစ်အိမ်။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၄ အချက် ၄)

၅။ စကားစမြည် စပြောခြင်း

(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၄ အချက် ၃)

၆။ စကားစမြည် စပြောခြင်း

(၂ မိ.) လူအများရှေ့ သက်သေခံခြင်း။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၃ အချက် ၃)

၇။ ပြန်လည်ပတ်ခြင်း

(၅ မိ.) တစ်အိမ်မှတစ်အိမ်။ ကျမ်းစာသင်အံမှုလုပ်ဖို့ ငြင်းခဲ့ဖူးတဲ့ စိတ်ဝင်စားသူကို ပြန်ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၈ အချက် ၃)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၀

၈။ “ငါ့နာမည်ကို ဂုဏ်တင်ကြလိမ့်မယ်”

(၁၅ မိ.) ဆွေးနွေးပါ။

ဧဒင်ဥယျာဉ်မှာ ယေဟောဝါရဲ့ နာမည်ကို စာတန် အသရေဖျက်ခဲ့ချိန်ကစလို့ အသိဉာဏ်ရှိတဲ့ ဖန်ဆင်းခံသတ္တဝါတိုင်းဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာတယ်။ ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်မတင်ဆိုတဲ့ အချက်ပါပဲ။

စာတန် ဖြန့်နေတဲ့ အလိမ်အညာတချို့ကို သုံးသပ်ကြည့်ပါ။ စာတန်က ယေဟောဝါကို အကြင်နာကင်းမဲ့ပြီး မေတ္တာမရှိတဲ့ဘုရားအဖြစ် စွပ်စွဲတယ်။ (က ၃:၁-၆။ ယဘ ၄:၁၈၊ ၁၉) ယေဟောဝါဘုရားကို ချစ်လို့ ကိုးကွယ်နေတာ မဟုတ်ဘူးလို့ ဘုရားရဲ့ကျေးကျွန်တွေကို စွပ်စွဲတယ်။ (ယဘ ၂:၄၊ ၅) ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝ အလှတရားတွေကို ယေဟောဝါ ဖန်ဆင်းတာ မဟုတ်ဘူးလို့လည်း လူတွေထင်အောင် လှည့်စားထားတယ်။—ရ ၁:၂၀၊ ၂၁

အဲဒီအလိမ်အညာတွေကြောင့် သင် ဘယ်လို ခံစားရသလဲ။ ယေဟောဝါဘက်ကနေ ခုခံကာကွယ်ပေးချင်မှာပဲ။ မိမိရဲ့နာမတော်ကို ကျေးကျွန်တွေ ဂုဏ်တင်ချင်တယ်ဆိုတာ ယေဟောဝါ သိထားတယ်။ (ဟေရှာယ ၂၉:၂၃ နဲ့ နှိုင်းယှဉ်ပါ။) သင်ကော ဘယ်လိုနည်းနဲ့ ဘုရားကို ဂုဏ်တင်နိုင်သလဲ။

  • တခြားသူတွေ ယေဟောဝါကို သိလာအောင်၊ ချစ်လာအောင် ကူညီပါ။ (ယဟ ၁၇:၂၅၊ ၂၆) ဘုရားတည်ရှိကြောင်း အထောက်အထားတွေ၊ ဘုရားရဲ့နှစ်လိုဖွယ် အရည်အသွေးတွေအကြောင်း ပြောပြပါ။—ရှာ ၆၃:၇

  • ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပါ။ (မ ၂၂:၃၇၊ ၃၈) ယေဟောဝါရဲ့ ပညတ်တွေကို နာခံပါ။ သင့်ကို အကျိုးပြုလို့ နာခံတာထက် ယေဟောဝါရဲ့စိတ်ကို ပျော်ရွှင်စေချင်လို့ နာခံတာ ဖြစ်ပါစေ။—ပ ၂၇:၁၁

မေတ္တာဟာ အစဉ်တည်တယ် . . . ဘုရားတရားမဲ့ဝန်းကျင်မှာ ကျောင်းတက်ရပေမဲ့ ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ယေဟောဝါရဲ့ နာမည်ကို အေရီယယ်နဲ့ ဒီယေဂို ဘယ်လို ခုခံကာကွယ်ခဲ့ကြသလဲ။

  • ယေဟောဝါဘက်ကနေ ရပ်တည်ဖို့ သူတို့ကို ဘာက လှုံ့ဆော်ပေးသလဲ။

  • သူတို့ရဲ့ပုံနမူနာကို ဘယ်လို တုပနိုင်သလဲ။

၉။ အသင်းတော်ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၉၀ နဲ့ ဆုတောင်းချက်