မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၇-၁၃

ဆာလံ ၉၂-၉၅

အောက်တိုဘာ ၇-၁၃

သီချင်း ၈၄ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းက အကောင်းဆုံး ဘဝလမ်းစဉ်ဖြစ်

(၁၀ မိ.)

ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ ရထိုက် (ဆ ၉၂:၁၊က၁၈.၀၄ ၂၆ ပိုဒ်. ၅)

ပျော်ရွှင်မှုရစေတဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ဘုရားကူညီပေး (ဆ ၉၂:၅က၁၈.၁၁ ၂၀ ပိုဒ်. ၈)

သစ္စာရှိရှိ အမှုဆောင်နေတဲ့ သက်ကြီးရွယ်အိုတွေကို ဘုရား တန်ဖိုးထား (ဆ ၉၂:၁၂-၁၅က၂၀.၀၁ ၁၉ ပိုဒ်. ၁၈)

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ ငါ ဘာကြောင့် တွန့်ဆုတ်နေသလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၉၂:၅—ဒီကျမ်းစကားတွေက ယေဟောဝါရဲ့ ဉာဏ်ပညာအကြောင်း ဘယ်လို ကွက်ကွက်ကွင်းကွင်း ဖော်ပြသလဲ။ (cl ၁၇၆ ပိုဒ်. ၁၈)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ ကျမ်းစာသင်ပေးသူဖြစ်ကြောင်း မိမိကိုယ်ကိုယ် မိတ်ဆက်နိုင်တဲ့ အခွင့်အရေး ဖန်တီးပါ။ (lmd သင်ခန်းစာ ၅ အချက် ၃)

၅။ ပြန်လည်ပတ်ခြင်း

(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ ကျမ်းစာသင်အံမှုကမ်းလှမ်းတာကို ငြင်းခဲ့ဖူးတဲ့ စိတ်ဝင်စားသူကို ပြန်ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၈ အချက် ၄)

၆။ တပည့်ဖြစ်စေခြင်း

(၅ မိ.) တိုးတက်မှုမရှိတဲ့ ကျမ်းစာသင်သားနဲ့ ဆွေးနွေးပါ။ (lmd သင်ခန်းစာ ၁၂ အချက် ၅)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၅

၇။ လူငယ်တွေ စိုးရိမ်စိတ်လွန်ကဲတဲ့အခါ

(၁၅ မိ.) ဆွေးနွေးပါ။

ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေဟာ စိုးရိမ်ပူပန်မှုနဲ့ မလွတ်ကင်းကြပါဘူး။ ဒါဝိဒ်ဆိုရင် ဘဝမှာ စိုးရိမ်စရာတွေ အကြိမ်ကြိမ်ကြုံခဲ့တယ်။ ဒီနေ့ခေတ် ညီအစ်ကို/မ များစွာလည်း အလားတူအခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ (ဆ ၁၃:၂။ ၁၃၉:၂၃) စိတ်မကောင်းစရာက လူငယ်တွေလည်း ဒီလိုအခြေအနေနဲ့ ကြုံနေရတယ်။ စိုးရိမ်ပူပန်စိတ်ကြောင့် ကျောင်းတက်တာ၊ အသင်းတော် အစည်းအဝေးတက်တာ စတဲ့ လုပ်နေကျအရာတွေကိုတောင် လုပ်ဖို့ ခက်လာနိုင်တယ်။ စိုးရိမ်စိတ်လွန်ကဲမှုဝေဒနာ (panic attacks) ခံစားရပြီး သေကြောင်းကြံဖို့ စဉ်းစားတဲ့အထိ ဖြစ်လာနိုင်တယ်။

လူငယ်တို့၊ စိုးရိမ်စိတ်လွန်ကဲနေရင် မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ လူကြီးတစ်ယောက်နဲ့ စကားပြောပါ။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းဖို့လည်း မမေ့ပါနဲ့။ (ဖိ ၄:၆) သင့်ကို ဘုရား ကူညီပေးမယ်။ (ဆ ၉၄:၁၇-၁၉။ ရှာ ၄၁:၁၀) စတီရင်ရဲ့ ပုံနမူနာကို သုံးသပ်ကြည့်ပါ။

ကျွန်တော့်ကို ယေဟောဝါ ဂရုစိုက် ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

• ဘယ်ကျမ်းချက်က စတီရင်ကို ကူညီပေးသလဲ။ ဘာကြောင့်လဲ။

• စတီရင်ကို ယေဟောဝါ ဘယ်လို ဂရုစိုက်ပေးသလဲ။

မိဘတို့၊ သားသမီးတွေ စိုးရိမ်ပူပန်စိတ် ခံစားနေရရင် သူတို့ပြောတာကို ကောင်းကောင်း နားထောင်ပေးပါ၊ သူတို့ကို ချစ်ကြောင်း ပြောပြပါ၊ ယေဟောဝါလည်း သူတို့ကို ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချလာအောင် ကူညီပေးပါ။ (တိ ၂:၄။ ယာ ၁:၁၉) သားသမီးကို ကူညီပေးနိုင်ဖို့ ယေဟောဝါဆီက နှစ်သိမ့်မှုနဲ့ခွန်အား တောင်းခံပါ။

အသင်းတော်မှာ ဘယ်သူ စိုးရိမ်စိတ်လွန်ကဲမှု ခံစားနေရတယ်ဆိုတာ ကျွန်တော်တို့ သိချင်မှသိမယ်။ သူ့ရဲ့ခံစားချက်ကိုလည်း နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ အသင်းတော်မှာရှိသူအားလုံးကို ကျွန်တော်တို့ရဲ့မေတ္တာ ခံစားရအောင် ကူညီပေးနိုင်ပါတယ်။—ပ ၁၂:၂၅။ ဟီ ၁၀:၂၄

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၈၁ နဲ့ ဆုတောင်းချက်