မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၃၅–၁၄၁

ထူးဆန်းသောလက္ခဏာနဲ့ ပြည့်စုံကြ

ထူးဆန်းသောလက္ခဏာနဲ့ ပြည့်စုံကြ

ဒါဝိဒ်ဟာ ဖန်ဆင်းရာတွေမှာ ပေါ်လွင်နေတဲ့ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း တွေးတောခဲ့တယ်။ ယေဟောဝါအတွက် အမှုဆောင်ဖို့ သူ့ဘဝကို ယုံကြည်စိတ်ချစွာ အသုံးပြုခဲ့တယ်။

ဖန်ဆင်းရာတွေအကြောင်း အလေးအနက် စဥ်းစားတဲ့အခါ ယေဟောဝါကို ချီးမွမ်းဖို့ ဒါဝိဒ် လှုံ့ဆော်ခံရ–

၁၃၉:၁၄

  • “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်”

၁၃၉:၁၅

  • “မထင်ရှားသော အရပ်၌ အကျွန်ုပ်ကို ဖန်ဆင်း၍ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသောအခါ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏”

၁၃၉:၁၆

  • “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက်ရှိကြပါ၏”