မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ ဒီအလေ့အထတွေကို ရှောင်ပါ

ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ ဒီအလေ့အထတွေကို ရှောင်ပါ

စကားများလွန်းခြင်း– အရာရာတိုင်းကို သင်ပဲ ရှင်းပြရမယ်လို့ မယူဆပါနဲ့။ ယေရှုဟာ မေးခွန်းတွေမေးပြီး လူတွေ စဥ်းစားလာအောင်၊ မှန်ကန်တဲ့ ကောက်ချက်ချနိုင်အောင် ကူညီပေးခဲ့တယ်။ (မ. ၁၇:၂၄-၂၇) မေးခွန်းတွေဟာ ကျမ်းစာလေ့လာမှုကို အသက်ဝင်စေပြီး သင်သား နားလည်တဲ့အရာ၊ ယုံကြည်တဲ့အရာတွေကို သိရှိနိုင်ဖို့ သင့်ကို ကူညီပေးနိုင်တယ်။ (ဓမ္မအမှုကျောင်းစာအုပ် ၂၅၃ အပိုဒ် ၃-၄) မေးခွန်းမေးတဲ့အခါ စိတ်ရှည်ရှည်ထားပြီး အဖြေကိုစောင့်ပါ။ သင်သားရဲ့အဖြေက မှားနေရင် သူ့ကို အဖြေမှန်ပြောပြမယ့်အစား ထပ်ဆင့်မေးခွန်းတွေမေးပြီး အဖြေမှန်ရအောင် ကူညီပေးပါ။ (ဓမ္မအမှုကျောင်းစာအုပ် ၂၃၈ အပိုဒ် ၁-၂) ယူဆချက်အသစ်တွေကို ပြောတဲ့အခါ သင်သားနားလည်စေဖို့ ဖြည်းဖြည်းပြောပါ။—ဓမ္မအမှုကျောင်းစာအုပ် ၂၃၀ အပိုဒ် ၄

ရှုပ်ထွေးစေခြင်း– လေ့လာနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သင်သိထားသမျှကို ပြောပြတာမျိုး ရှောင်ပါ။ (ယော. ၁၆:၁၂) စာပိုဒ်ရဲ့ အဓိကအချက်ကို အာရုံစိုက်ပါ။ (ဓမ္မအမှုကျောင်းစာအုပ် ၂၂၆ အပိုဒ် ၄-၅) အသေးစိတ်အချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းနေရင်တောင် အဓိကအချက်ကို ပျောက်သွားစေတတ်ပါတယ်။ (ဓမ္မအမှုကျောင်းစာအုပ် ၂၃၅ အပိုဒ် ၃) အဓိကအချက်ကို သင်သားနားလည်တာနဲ့ နောက်အပိုဒ်ကို ဆက်သွားပါ

အလျင်စလို သင်ပေးခြင်း– ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သင်သားရဲ့စိတ်နှလုံးကို ထိမိစေဖို့ဖြစ်တယ်။ အကြောင်းအရာကို အလျင်စလိုသင်ပေးရုံလောက်ပဲ မဟုတ်ဘူး။ (လု. ၂၄:၃၂) သင်ခန်းစာမှာပါတဲ့ အဓိကကျမ်းချက်တွေကို အလေးပေးဆွေးနွေးခြင်းအားဖြင့် ဘုရားသခင့်နှုတ်ထွက်စကားရဲ့ အစွမ်းထက်မှုကို အသုံးချပါ။ (၂ ကော. ၁၀:၄; ဟေဗြဲ ၄:၁၂; ဓမ္မအမှုကျောင်းစာအုပ် ၁၄၄ အပိုဒ် ၁-၃) ရိုးရှင်းတဲ့ ပုံဥပမာတွေကို သုံးပါ။ (ဓမ္မအမှုကျောင်းစာအုပ် ၂၄၅ အပိုဒ် ၂-၄) သင်သားကြုံနေရတဲ့ အခက်အခဲနဲ့ သူ့ယုံကြည်ချက်ကို ထည့်စဥ်းစားပြီး သင်ခန်းစာကို သူနဲ့ကိုက်ညီအောင် ပြောင်းလဲပါ။ “အခုလေ့လာနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုထင်သလဲ။ ဒီအချက်ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ ဒီအကြံပြုချက်ကို လက်တွေ့ကျင့်မယ်ဆိုရင် ဘယ်လိုအကျိုးရမယ်ထင်သလဲ” စတဲ့မေးခွန်းတွေ မေးကြည့်ပါ။—ဓမ္မအမှုကျောင်းစာအုပ် ၂၃၈ အပိုဒ် ၃-၅; ၂၅၉ အပိုဒ် ၁