မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စိတ်ဝင်စားသူကို အစည်းအဝေးတက်ဖို့ အားပေးပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စိတ်ဝင်စားသူကို အစည်းအဝေးတက်ဖို့ အားပေးပါ

ဘာကြောင့်အရေးကြီး– အစည်းအဝေးတွေဟာ ‘ယေဟောဝါရဲ့ ရှေ့တော်မှာ သီချင်းဆိုပြီး၊’ ‘ဂုဏ်တော်ကိုချီးမွမ်း’ တဲ့ အချိန်အခါတွေဖြစ်တယ်။ (ဆာ. ၁၄၉:၁) ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်ဖို့ အစည်းအဝေးတွေမှာ သွန်သင်ပေးတယ်။ (ဆာ. ၁၄၃:၁၀) စိတ်ဝင်စားသူတွေနဲ့ ကျမ်းစာသင်သားတွေဟာ အစည်းအဝေးတွေ စတက်ရောက်တာနဲ့ တိုးတက်လာလေ့ရှိတယ်။

လုပ်ဆောင်နိုင်ပုံ–

  • ဖြစ်နိုင်ရင် အမြန်ဆုံးဖိတ်ခေါ်ပါ။ ကျမ်းစာသင်အံမှု စတင်ချိန်အထိ မစောင့်ပါနဲ့။—ဗျာ. ၂၂:၁၇

  • အစည်းအဝေးမှာ ဘာတွေလုပ်ဆောင်တဲ့အကြောင်းနဲ့ နောက်အပတ်ဆွေးနွေးမယ့် အကြောင်းအရာကို စိတ်ဝင်စားသူကို ပြောပြပါ။ အသင်းတော်အစည်းအဝေးဖိတ်စာ၊ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုနဲ့ ဘုရားသခင့်အလိုတော် ဘရိုရှာ အခန်း ၅ နဲ့ ကို စိတ်ဝင်စားသူကို ဖိတ်ခေါ်တဲ့အခါ အသုံးပြုရင် ထိရောက်ပါမယ်။

  • အကူအညီပေးပါ။ စိတ်ဝင်စားသူ အစည်းအဝေးတက်နိုင်အောင် ကြိုပို့စီစဥ်ပေးဖို့၊ သင့်တော်တဲ့အဝတ်အစား ရွေးချယ်ပေးဖို့ လိုသလား။ အစည်းအဝေးမှာ သူနဲ့အတူ ထိုင်ပြီး စာပေတွေကို အတူလိုက်ကြည့်ပါ။ တခြားသူတွေနဲ့ မိတ်ဆက်ပေးပါ။