ယေရှုနောက်ကို စိတ်ရင်းမှန်နဲ့ လိုက်ပါ
တပည့်တွေ နားလည်ရခက်တဲ့ ပုံဥပမာတစ်ခုကို ယေရှုပြောတဲ့အခါ တချို့က တိုက်မိလဲပြီး ယေရှုနောက် ဆက်မလိုက်ကြတော့ဘူး။ အဲဒီမတိုင်ခင်တစ်ရက်က သူတို့ကို ယေရှု အံ့ဖွယ်နည်းနဲ့ ကျွေးမွေးပြီး မိမိရဲ့ တန်ခိုးဟာ ဘုရားပေးတာဖြစ်ကြောင်း အထောက်အထားပြခဲ့တယ်။ ဒါဆို သူတို့ဘာကြောင့် တိုက်မိလဲသွားတာလဲ။ ယေရှုနောက်ကို တစ်ကိုယ်ကောင်းစိတ်နဲ့ လိုက်ခဲ့လို့ ဖြစ်နိုင်တယ်။ ရုပ်ပိုင်းအကျိုးအမြတ်ရဖို့ ယေရှုနဲ့ ပေါင်းသင်းခဲ့တာဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ငါ ဘာကြောင့် ယေရှုနောက် လိုက်တာလဲ။ လက်ရှိနဲ့ အနာဂတ်မှာ ကောင်းချီးတွေ ခံစားချင်လို့ပဲလား။ ယေဟောဝါကို ချစ်လို့၊ ကိုယ်တော့်နှစ်သက်လက်ခံမှု ရချင်လို့လား။’
အောက်ပါ အကြောင်းရင်းတွေကြောင့်ပဲ ယေဟောဝါကို ဝတ်ပြုတယ်ဆိုရင် ဘာကြောင့် တိုက်မိလဲနိုင်သလဲ။
-
ဘုရားသခင့် လူမျိုးနဲ့ ပေါင်းသင်းရတာ ပျော်လို့
-
ပရဒိသုမှာ နေချင်လို့