ခရစ်ယာန်အသက်တာလမ်းစဉ်
အလေအလွင့် မဖြစ်ခဲ့
အမျိုးသမီးနဲ့ ကလေးတွေအပြင် ယောက်ျား ၅,၀၀၀ ကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးပြီးနောက်မှာ ယေရှုက “အလေအလွင့် မဖြစ်အောင် စားကြွင်းစားကျန်တွေကို ကောက်သိမ်းကြ” လို့ တပည့်တွေကို ညွှန်ကြားခဲ့တယ်။ (ယဟ ၆:၁၂) ယေဟောဝါ ပြင်ဆင်ပေးတာတွေကို မဖြုန်းတီးခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ယေရှု ပြခဲ့တယ်။
မျက်မှောက်ခေတ်မှာလည်း အုပ်ချုပ်ရေးအဖွဲ့ဟာ လှူဒါန်းထားရာတွေကို ပညာရှိရှိ အသုံးပြုခြင်းအားဖြင့် ယေရှုကို တုပတယ်။ ဥပမာ၊ နယူးယောက်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ် ဆောက်လုပ်ချိန်မှာ ညီအစ်ကိုတွေဟာ အလှူငွေတွေကို အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ ဒီဇိုင်းတွေကို ရွေးချယ်ခဲ့တယ်။
အလေအလွင့်မဖြစ်အောင် ဘယ်လို လုပ်နိုင်သလဲ
-
အစည်းအဝေးတွေ တက်တဲ့အခါ
-
ကိုယ်ပိုင်အသုံးပြုဖို့ စာပေတွေ ယူတဲ့အခါ (နဓ ၅/၀၉ ၅ ပိုဒ်. ၄)
-
အမှုဆောင်လုပ်ငန်းအတွက် စာပေတွေ ယူတဲ့အခါ (mwb17.02 “ကျမ်းစာအခြေပြုစာပေတွေ ဝေငှတဲ့အခါ ပညာရှိပါ” ပိုဒ်. ၁)
-
အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ (mwb17.02 “ကျမ်းစာအခြေပြုစာပေတွေ ဝေငှတဲ့အခါ ပညာရှိပါ” ပိုဒ်. ၂၊ လေးထောင့်ကွက်)