ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စကားစမြည် စပြောက သက်သေခံဖို့ အခွင့်အရေး ရစေ
ယေရှုဟာ ရှမာရိအမျိုးသမီးကို စကား စပြောခဲ့လို့ အလွတ်သဘော သက်သေခံနိုင်ခဲ့တယ်။ သူစိမ်းတွေကို စကား စပြောရာမှာ ကျွမ်းကျင်လာအောင် ဘယ်လို လုပ်နိုင်သလဲ။
-
လူတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုပါ။ ယေရှုဟာ မောပန်းနေပေမဲ့ သောက်ဖို့ရေ တောင်းရင်း စကားစပြောခဲ့တယ်။ သင်လည်း ရင်းရင်းနှီးနှီး စနှုတ်ဆက်ပြီး ရာသီဥတုအကြောင်း၊ လတ်တလော အဖြစ်အပျက်တစ်ခုအကြောင်း ပြောနိုင်ပါတယ်။ သင့်ပန်းတိုင်က စကားစမြည်စပြောဖို့ ဆိုတာ သတိရပါ။ ဒါကြောင့် သင်နဲ့စကားပြောတဲ့သူ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာကို ပြောပါ။ သူ မတုံ့ပြန်ရင် နောက်တစ်ယောက်နဲ့ စကားပြောနိုင်ဖို့ ကြိုးစားပါ။ ယေဟောဝါဆီ ရဲစွမ်းသတ္တိ တောင်းပါ။—နေ ၂:၄။ တ ၄:၂၉။
-
အခွင့်အရေးရတာနဲ့ သတင်းကောင်းအကြောင်း စပြောဖို့ အသင့်ရှိပါ၊ ဒါပေမဲ့ မလောပါနဲ့။ အပြန်အလှန် သဘာဝကျကျ ပြောဆိုပါ။ သင်ပြောချင်တာကိုပဲ ပြောနေမယ်ဆိုရင် စိတ်မသက်မသာဖြစ်လာပြီး စကားစ ပြတ်သွားနိုင်တယ်။ သက်သေမခံရသေးခင် စကားစ ပြတ်သွားတယ်ဆိုရင် စိတ်မပျက်ပါနဲ့။ သင့်အနေနဲ့ သတင်းကောင်းအကြောင်း စဟောဖို့ ခက်တယ်ဆိုရင် သက်သေခံဖို့ ပန်းတိုင်မထားဘဲ စကားစမြည် စပြောဖို့ပဲ လေ့ကျင့်ပါ။ [ဗီဒီယို ၁ ပြပြီး ဆွေးနွေးပါ]
-
သင့်ယုံကြည်ချက်အကြောင်း ပြောပြခြင်းအားဖြင့် သက်သေခံဖို့ အခွင့်အရေး ဖန်တီးပါ။ အဲဒီအခါ နားထောင်သူက ရှင်းပြပေးဖို့ တောင်းဆိုလာနိုင်တယ်။ ယေရှုဟာ ရှမာရိအမျိုးသမီး မေးခွန်းမေးလာအောင် စိတ်ဝင်စားစရာအကြောင်းတွေ ပြောခဲ့တယ်။ သတင်းကောင်းအကြောင်း ပြောတဲ့အချိန်မှာ အမျိုးသမီးရဲ့မေးခွန်းတွေ အဖြေရသလောက်ဖြစ်နေပြီ။ [ဗီဒီယို ၂ ကိုပြပြီး ဆွေးနွေးပါ၊ ပြီးတဲ့နောက် ဗီဒီယို ၃ ကိုပြပြီး ဆွေးနွေးပါ။]