ရှမာရိ အမျိုးသမီးကို ယေရှု သက်သေခံ
ယေရှု အလွတ်သဘောသက်သေခံဖို့ ဘာက အထောက်အကူ ဖြစ်စေခဲ့သလဲ။
-
၄:၇—နိုင်ငံတော်အကြောင်း၊ မိမိဟာ မေရှိယဖြစ်တယ်ဆိုတဲ့အကြောင်း စပြောမယ့်အစား သောက်ဖို့ရေ တောင်းရင်း စကားစမြည်စပြောခဲ့
-
၄:၉—လူမျိုးကို အခြေခံပြီး ရှမာရိအမျိုးသမီးကို ကြိုတင် မပိုင်းဖြတ်ခဲ့
-
၄:၉၊ ၁၂—အမျိုးသမီးက အငြင်းအခုံဖြစ်နိုင်တဲ့အချက်တွေ ပြောပေမဲ့ ယေရှုက ပြောလက်စ အကြောင်းအရာကိုပဲ ဆက်ပြောခဲ့တယ်။—cf ၇၇ ပိုဒ်. ၃
-
၄:၁၀—အမျိုးသမီး နေ့စဉ်လုပ်နေကျ အလုပ်ထဲက တစ်ခုကို ဥပမာသုံးပြီး စကားစခဲ့
-
၄:၁၆-၁၉—အမျိုးသမီးဟာ အကျင့်စာရိတ္တ မကောင်းပေမဲ့ ယေရှု သူ့ကို သိက္ခာရှိရှိ ပြောဆိုဆက်ဆံခဲ့
အလွတ်သဘော သက်သေခံဖို့ အရေးကြီးမှန်း ဒီမှတ်တမ်းက ဘယ်လို ဖော်ပြသလဲ