မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ

ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ

အိမ်ထောင်​ကတိ​သစ္စာ​ကို အလွန် အရေးကြီးတဲ့​အရာအဖြစ် ယေဟောဝါ ရှုမြင်တယ်။ ခင်ပွန်း​နဲ့ ဇနီး မခွဲအတူ​နေဖို့ ပြော​ခဲ့​တယ်။ (မ ၁၉:၅၊ ၆) ဘုရား​လူမျိုး​အလယ်မှာ စံပြ​အိမ်ထောင်ရှင်​တွေ အများကြီး​ ရှိပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံ​တဲ့ အိမ်ထောင်​ဆိုတာ မရှိပါဘူး။ ပြဿနာ​တွေ ပေါ်လာ​နိုင်တယ်။ လင်မယား​ကြား​မှာ ပြဿနာ​တွေ ပေါ်လာ​ရင် ကွဲ​မယ်၊ ကွာ​မယ်​ဆို​တဲ့ အမြင်မျိုး မရှိရဘူး။ ခရစ်ယာန်​မောင်နှံတွေ ကိုယ့်​အိမ်ထောင်​ကို ဘယ်လို ကာကွယ်​နိုင်​သလဲ။

အရေးကြီးတဲ့ အချက် ငါး​ချက်​ကို သုံးသပ်ကြည့်​ပါ။

  1. ၁။ အိမ်ထောင်ရေး​ကို ထိခိုက်​နိုင်​တဲ့ ပရောပရည်​လုပ်တာ၊ အကျင့်ပျက် ဖျော်ဖြေမှု​တွေ ကြည့်​တာ​ကို ရှောင်ပါ။ —မ ၅:၂၈။ ၂ပ ၂:၁၄

  2. ၂။ ဘုရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိအောင်၊ ဘုရား​နှစ်သက်တဲ့ အိမ်ထောင်ရေး​ ဖြစ်အောင် ကြိုးစား​ပါ။—ဆ ၉၇:၁၀

  3. ၃။ စရိုက်သစ်​ကို အမြဲ​ ဝတ်ဆင်ပါ။ အိမ်ထောင်ဖက်​ကို ကူညီ​ပေး​ရာ​ရောက်တဲ့ ကြင်နာ​တဲ့ လုပ်ရပ်​လေး​တွေ လုပ်ပါ။—ကော ၃:၈-၁၀၊ ၁၂-၁၄

  4. ၄။ အဓိပ္ပာယ်ရှိရှိ၊ လေးလေးစားစား ပြောဆို​ဆက်သွယ်​ပါ။—ကော ၄:၆

  5. ၅။ ဆက်ဆံခြင်း​ဝတ်​ကို မေတ္တာနဲ့ ဖြည့်ဆည်း​ပါ။—၁က ၇:၃၊ ၄။ ၁၀:၂၄

အိမ်ထောင်​ကို အလေးအနက်​ထား​တာ​က အိမ်ထောင်​အစပြုရှင် ယေဟောဝါ​ကို ဂုဏ်တင်​တာ ဖြစ်တယ်။

“ခံနိုင်ရည်​ရှိ​ရှိ ပြေးကြ” ရမယ်—ပြိုင်ပွဲ​စည်းကမ်း​များ​ကို လိုက်နာပါ ဗီဒီယို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေ ဖြေပါ။

  • အစ​ကောင်း​တဲ့ အိမ်ထောင်​ ဖြစ်​ပေမဲ့ ဘာ​ပြဿနာ​တွေ ပေါ်လာ​နိုင်​သလဲ။

  • မေတ္တာ​မရှိတဲ့ အိမ်ထောင်​ ဖြစ်နေ​ပြီ​လို့ ခံစား​နေရသူ​တွေ​ကို ကျမ်းစာ​မူတွေ​က ဘယ်လို ကူညီပေး​နိုင်​သလဲ။

  • ပျော်ရွှင်​သာယာတဲ့ အိမ်ထောင်​ဖြစ်​ဖို့ ကျမ်းစာ​မူတွေကို လိုက်နာပါ

    ယေဟောဝါ​က အိမ်ထောင်​အတွက် ဘာ​စည်းကမ်း​တွေ ချမှတ်​ပေး​ထား​သလဲ။

  • ပျော်ရွှင်​သာယာတဲ့ အိမ်ထောင်​ ဖြစ်​ဖို့ အိမ်ထောင်ဖက်​နှစ်ဦးစလုံး ဘာလုပ်ဖို့ လိုသလဲ။