မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ဘုရားသခင်နဲ့ ခရစ်တော်ကြောင့် ရရှိမယ့် အနာဂတ် လွတ်မြောက်မှု

ဘုရားသခင်နဲ့ ခရစ်တော်ကြောင့် ရရှိမယ့် အနာဂတ် လွတ်မြောက်မှု

တစ်နေ့​တစ်နေ့ ဘာတွေနဲ့ ရုန်းကန်​နေရ​သလဲ။ သင်ဟာ မိသားစုတာဝန် တစ်​ပုံ​တစ်ပင် ထမ်း​ထား​ရတဲ့ အိမ်ထောင်ဦးစီး​လား။ မိသားစုကို ထောက်ပံ့ဖို့ ရုန်းကန်​နေရ​တဲ့ ကြင်ဖော်​မဲ့ မိဘ​လား။ ရွယ်တူတွေရဲ့ အနိုင်ကျင့်မှု​ကို ခံ​နေရ​တဲ့ ကျောင်းသား​လား။ ကျန်းမာ​ရေး မကောင်း​သူလား။ အိုမင်းမစွမ်း​လား။ ယောက်​တိုင်း​မှာ အခက်အခဲ ကိုယ်စီ ရှိကြပါ​တယ်။ ခရစ်ယာန် အတော်များများဟာ တစ်ချိန်တည်း​မှာ ပြဿနာ​များစွာကို ရင်ဆိုင်​ဖြေရှင်း​နေကြ​ရတယ်။ ဒါပေမဲ့ မကြာခင် အဲဒီ​ပြဿနာ​တွေ​ကနေ လွတ်မြောက်​တော့​မယ်​ဆိုတာ သိထားကြ​ပါ​တယ်။—၂က ၄:၁၆-၁၈

အဲဒီ​အချိန် မရောက်ခင် အခု​အချိန်​မှာ​တော့ ယေဟောဝါ​ဟာ ကျွန်တော်​တို့ ရုန်းကန်​နေရ​တာ​ကို နားလည်တယ်၊ ကျွန်တော်​တို့​ရဲ့ သစ္စာစောင့်သိမှု၊ ခံနိုင်ရည်​ကို တန်ဖိုး​ထား​တယ်၊ အနာဂတ်​မှာ ကြွယ်ဝ​စွာ ကောင်းချီး​ပေး​မယ် ဆိုတာ သိထားလို့ နှစ်သိမ့်မှု ရ​ကြ​ပါ​တယ်။ (ယေ ၂၉:၁၁၊ ၁၂) ယေရှုလည်း ကျွန်တော်​တို့ တစ်ယောက်စီ​ကို ဂရုစိုက်​တယ်။ ခရစ်ယာန်​တာဝန်​တွေ​ကို ကျေပွန်​စွာ လုပ်ဆောင်နေ​သ၍ “ခင်ဗျား​တို့​နဲ့​အတူ ကျွန်တော် အမြဲ​ရှိနေမယ်” လို့ အာမခံ​ထား​တယ်။ (မ ၂၈:၂၀) ဘုရား​နိုင်ငံတော်​မှာ ခံစား​ရမယ့် အနာဂတ် လွတ်လပ်မှု​အကြောင်း တွေးတော​ဆင်ခြင်​တဲ့​အခါ မျှော်လင့်ချက် ပို​ခိုင်မာ​လာပြီး ကြုံနေ​ရတဲ့ အခက်အခဲတွေကို ခံရပ်​သွားဖို့ ခွန်အား​ရှိ​လာတယ်။—ရ ၈:၁၉-၂၁

မုန်တိုင်းကြီး တိုက်ခတ်​ချိန် နီး​လာတာ​နဲ့​အမျှ ယေရှုကို ဆက်​အာရုံစိုက်​နေပါ—အနာဂတ် နိုင်ငံတော် ကောင်းချီးများ ဗီဒီယို ကြည့်ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေ ဖြေပါ။

  • လူတွေ ဘုရား​နဲ့ ဘယ်လို ကင်းကွာ​သွားခဲ့​ကြသလဲ။ ဘာ​ရလဒ် ဖြစ်ပေါ်​လာသလဲ။

  • ယေဟောဝါ​အပေါ် သစ္စာ​ရှိသူတွေ​အတွက် ဘယ်လို အနာဂတ် ရှိသလဲ။

  • အလွန်​ကောင်းမွန်​တဲ့ အနာဂတ်​ကို ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်​နိုင်​သလဲ။

  • ဘုရား​ကတိပြု​ထား​တဲ့ ကမ္ဘာသစ်​မှာ ဘယ်​ကောင်းချီး​တွေ ခံစားချင်​သလဲ။

ကမ္ဘာသစ်​မှာ ရောက်နေတယ်လို့ မြင်ယောင်​ကြည့်​ပါ