ခရစ်ယာန်အသက်တာလမ်းစဉ်
မိဘတို့၊ ကလေးတွေကို အသိပညာရှိအောင် သင်ထားပေးပါ
အကောင်းကို အဆိုး၊ အဆိုးကို အကောင်းလို့ တလွဲယူမှတ်သူတွေ အလယ်မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ (ရှာ ၅:၂၀) လူတချို့ဟာ လိင်တူဆက်ဆံခြင်း အပါအဝင် ယေဟောဝါ ရွံမုန်းတာတွေကို လုပ်နေကြတယ်။ ကျောင်းနေဖက်တွေ၊ တခြားသူတွေက ကျွန်တော်တို့ရဲ့ အဖိုးတန် လူငယ်တွေကို မကောင်းတဲ့လမ်းစဉ် လိုက်ဖို့ လှည့်ဖြားနေကြတယ်။ လှည့်ဖြားမှုတွေကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ဖို့ ကလေးတွေကို ဘယ်လို ပြင်ဆင်ပေးနိုင်သလဲ။
ယေဟောဝါရဲ့ စံနှုန်းတွေ သိအောင် ကလေးတွေကို သင်ထားပေးပါ။ (ဝ ၁၈:၃) လိင်နဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် တဖြည်းဖြည်း သင်ပေးပါ။ (တရ ၆:၇) ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘ချစ်ခင်မှုကို သင့်တော်တဲ့နည်းနဲ့ ပြသပုံ၊ ဣန္ဒြေရှိတဲ့ အဝတ်အစား ဝတ်ဖို့ အရေးကြီးပုံ၊ တခြားသူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားဖို့ လိုအပ်ပုံအကြောင်း သားသမီးတွေကို သင်ထားပေးသလား။ တစ်ယောက်ယောက်က ညစ်ညမ်းရုပ်ပုံတွေ ပြတဲ့အခါ၊ မှားတယ်လို့ ယေဟောဝါ ပြောတာကို လုပ်ခိုင်းတဲ့အခါ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ ငါ့သားသမီးတွေ သိသလား။’ ကြိုပြီး သင်ပေးထားရင် အဖြစ်ဆိုးတွေကို ရှောင်နိုင်ပါတယ်။ (ပ ၂၇:၁၂။ ဒေ ၇:၁၂) သားသမီးတွေကို အသိပညာရှိအောင် သင်ထားပေးတာက ယေဟောဝါ ပေးတဲ့ အဖိုးတန်အမွေကို ချစ်မြတ်နိုးကြောင်း ဖော်ပြရာရောက်တယ်။—ဆ ၁၂၇:၃။
ခံနိုင်ရည်ရှိဖို့ မိသားစုကို တည်ဆောက်ပါ—သားသမီးတွေကို “မကောင်းမှု” ကနေ ကာကွယ်ပေးပါ ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
မိဘတချို့က သားသမီးတွေကို လိင်အကြောင်း ပြောဖို့ ဘာကြောင့် တွန့်ဆုတ်သလဲ။
-
မိဘတွေဟာ သားသမီးတွေကို ယေဟောဝါရဲ့ “လမ်းညွှန်ချက်အတိုင်း” ဘာကြောင့် သွန်သင်ပေးရမလဲ။—ဧ ၆:၄
-
သားသမီးတွေကို လိင်အကြောင်း သင်ပေးဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက မိဘတွေအတွက် ဘာတွေ ပြင်ဆင်ပေးထားသလဲ။—က၁၉.၀၅ ၁၂၊ လေးထောင့်ကွက်
-
ပြဿနာတွေ ဖြစ်မလာခင်ကတည်းက သားသမီးတွေနဲ့ ဘာကြောင့် မှန်မှန် ပြောဆိုဆက်သွယ်သင့်သလဲ။