မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ဟာ နှစ်ခြင်း​ခံနိုင်​ဖို့ ဘယ်​နေရာမှာ ရောက်နေပြီ​လဲ

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်ပါ

ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်ပါ

သင်ဟာ ခရစ်ယာန် လူငယ်​တစ်ယောက် ဒါမှ​မဟုတ် ကျမ်းစာ လေ့လာ​နေ​သူ ဖြစ်​မယ်​ဆိုရင် နှစ်ခြင်း​ခံ​ဖို့ ပန်းတိုင် ရှိပါသလား။ ဘာကြောင့် နှစ်ခြင်း​ခံ​သင့်သလဲ။ ဆက်ကပ်​အပ်နှံခြင်း​နဲ့ နှစ်ခြင်း​ကြောင့် ယေဟောဝါ​နဲ့ အထူး​ဆက်ဆံ​ရေး ရရှိ​စေတယ်။ (ဆ ၉၁:၁) ကယ်တင်ခြင်း​လည်း ရစေ​နိုင်တယ်။ (၁ပ ၃:၂၁) အဲဒီ​အဆင့်​ကို တက်လှမ်းဖို့ ဘယ်လို လုပ်နိုင်သလဲ။

အမှန်တရား​ ဖြစ်​ကြောင်း လက်ခံ​ယုံကြည်​အောင် ကြိုးစား​ပါ။ မေးခွန်းတွေ ပေါ်လာတဲ့​အခါ ရှာဖွေ​လေ့လာ​ပါ။ (ရ ၁၂:၂) ပြုပြင်​ပြောင်းလဲ​ဖို့ လိုအပ်​နေတာတွေကို သိအောင်​ လုပ်ပါ။ ယေဟောဝါ​ရဲ့ နှစ်သက်​လက်ခံမှု ရ​လို​တဲ့​ ဆန္ဒ​နဲ့ ပြုပြင်​ပြောင်းလဲ​ပါ။ (ပ ၂၇:၁၁။ ဧ ၄:၂၃၊ ၂၄) အကူအညီ​ ရဖို့ ဘုရားဆီ အမြဲ​ ဆုတောင်း​ပါ။ တန်ခိုး​ကြီး​တဲ့ သန့်ရှင်းသော​ စွမ်းအားတော်​နဲ့ သင့်ကို ခွန်​အားပေး​မယ်၊ ထောက်​မပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပါ။ (၁ပ ၅:၁၀၊ ၁၁) ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​တာ​က အကောင်းဆုံး ဘဝ​လမ်းစဉ် ဖြစ်​တဲ့​အတွက် ကြိုးစား​ရ​ကျိုး နပ်​ပါ​တယ်။—ဆ ၁၆:၁၁

နှစ်ခြင်း​ခံ​ဖို့ ဦးတည်ရာ​လမ်း ဗီဒီယို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • နှစ်ခြင်း​ခံ​ဖို့ ဘယ်​အတားအဆီး​တွေ​ကို တချို့ ကျော်လွှား​ခဲ့​ရသလဲ။

  • ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ဖို့ လိုအပ်​တဲ့​ ယုံကြည်ခြင်းကို ဘယ်လို ပြုစု​ပျိုးထောင်​နိုင်​သလဲ။

  • နှစ်ခြင်း​ခံ​တဲ့​ အဆင့်​အထိ ရောက်​အောင် ကြိုးစား​ဖို့ တချို့​ကို ဘာက လှုံ့ဆော်ပေး​ခဲ့​သလဲ။

  • ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ဖို့ ရွေးချယ်သူ​တွေ ဘာ​ကောင်းချီး ခံစား​ရသလဲ။

  • ဆက်ကပ်​အပ်နှံခြင်း​နဲ့ နှစ်ခြင်း​ဆိုတာ ဘာ​အဓိပ္ပာယ်​လဲ။