ခရစ်ယာန်အသက်တာလမ်းစဉ်
ယောက်တိုင်းကို ဟောပြောဖို့ စနစ်တကျ ဖွဲ့စည်းထား
အစ္စရေးလူမျိုးကို စနစ်တကျ ဖွဲ့စည်းခဲ့သလို ယနေ့အချိန်မှာ အလိုတော်ကို ဆောင်ဖို့ မိမိလူမျိုးကို ယေဟောဝါ စနစ်တကျ ဖွဲ့စည်းထားတယ်။ ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးတွေ၊ တိုက်နယ်တွေ၊ အသင်းတော်တွေ၊ လယ်ကွင်းအုပ်စုတွေဟာ သတင်းကောင်း ဟောပြောခြင်းကို အတူလုပ်ဆောင်နေကြတယ်။ ဘာသာခြားစကားပြောသူတွေ အပါအဝင် ယောက်တိုင်းကို ဟောပြောကြတယ်။—ဗ ၁၄:၆၊ ၇။
တစ်ယောက်ယောက်ကို အမှန်တရား သိလာအောင် ကူညီပေးချင်တဲ့အတွက် ဘာသာခြားစကား သင်ယူဖို့ စဉ်းစားဖူးသလား။ ဘာသာစကား သင်ယူဖို့ အချိန် မရှိဘူးဆိုရင်တောင် JW Language app ကို သုံးပြီး ရိုးရှင်းတဲ့ တင်ဆက်နည်းတစ်ခု သင်ယူထားနိုင်တယ်။ အဲဒါကို အမှုဆောင်မှာ အသုံးပြုပြီးရင် ပထမရာစုက ညီအစ်ကိုတွေလို ခံစားရပါလိမ့်မယ်။ ကိုယ့်မိခင်ဘာသာစကားနဲ့ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” ကြားရလို့ အံ့ဩနေတဲ့ တိုင်းတစ်ပါးသားတွေကို ကြည့်ပြီး ညီအစ်ကိုတွေ ပီတိဖြစ်ခဲ့ကြတယ်။—တ ၂:၇-၁၁။
ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ—ဘာသာခြားစကားနဲ့ ဟောပြောပါ ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေ ဖြေပါ။
-
JW Language app ကို ဘယ်အချိန်မှာ အသုံးပြုနိုင်သလဲ။
-
အသွင်အပြင်တချို့က ဘာတွေလဲ။
-
သင့်ရပ်ကွက်မှာ ဘယ်ဘာသာစကားတွေ ပြောကြသလဲ။
-
ဘာသာခြားစကားပြောသူက နိုင်ငံတော်သတင်းကို စိတ်ဝင်စားကြောင်း ပြရင် ဘာလုပ်သင့်သလဲ။—od ၁၀၀-၁၀၁ ပိုဒ်. ၃၉-၄၁