ခရစ်ယာန်အသက်တာလမ်းစဉ်
ဖန်ဆင်းရာတွေက ယေဟောဝါရဲ့ ဉာဏ်ပညာကို ပိုယုံကြည်ကိုးစားစေ
ယေဟောဝါက ကျွန်တော်တို့အတွက် အကောင်းဆုံးကို အမြဲ သိသလား။ သိပါတယ်။ ဒီအချက်ကို ယုံကြည်တဲ့အတွက် ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုက်နာခြင်းအားဖြင့် ဉာဏ်ပညာ ရှိကြောင်း ပြကြတယ်။ (ပ ၁၆:၃၊ ၉) ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ကူးနဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက် ကွဲလွဲနေတဲ့အခါ စမ်းသပ်မှု ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ယေဟောဝါရဲ့ ဉာဏ်ပညာကို ပိုယုံကြည်ကိုးစားလာမယ်။—ပ ၃၀:၂၄၊ ၂၅။ ရ ၁:၂၀။
အလိုလို ဖြစ်လာနိုင်ပါ့မလား။ လမ်းပိတ်ဆို့မှု မဖြစ်အောင် ပုရွက်ဆိတ်တွေ သွားလာကြပုံ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ပုရွက်ဆိတ်တွေ နေ့စဉ် ဘာလုပ်ကြသလဲ။
-
လမ်းပိတ်ဆို့မှု မရှိအောင် ပုရွက်ဆိတ်တွေ ဘယ်လို လုပ်ကြသလဲ။
-
ပုရွတ်ဆိတ်တွေရဲ့ သွားလာပုံကနေ လူတွေ ဘာ သင်ယူနိုင်သလဲ။
အလိုလို ဖြစ်လာနိုင်ပါ့မလား။ ပျားပိတုန်းရဲ့ ပျံသန်းမှု ထိန်းချုပ်နိုင်စွမ်း ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
လေယာဉ်ငယ်တွေနဲ့ ပျံသန်းတဲ့အခါ ဘာအခက်အခဲ ကြုံရသလဲ။
-
ပျားပိတုန်းတွေဟာ လေထန်နေတဲ့ကြားမှာ ဘာကြောင့် ထိန်းပြီး ပျံသန်းနိုင်ကြသလဲ။
-
လူသားတွေဟာ တစ်နေ့နေ့မှာ ပျားပိတုန်းတွေရဲ့ ပင်ကိုအသိဉာဏ်ကနေ ဘယ်လို အကျိုးရနိုင်မလဲ။
သင့်ဒေသမှာရှိတဲ့ ဖန်ဆင်းရာတွေကနေ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ပတ်သက်တဲ့ ဘယ်အထောက်အထားတွေကို တွေ့ရသလဲ။