ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ယုံကြည်စိတ်ချပါ
ယေဟောဝါက ကျွန်တော်တို့ကို တန်ဖိုးရှိသူလို့ ရှုမြင်တယ်။ (ရှာ ၄၃:၄) ကျွန်တော်တို့ကို ယေဟောဝါနဲ့ အဖွဲ့အစည်းဆီ သွေးဆောင်ထားတယ်။ ကျွန်တော်တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်လို့ ယေဟောဝါရဲ့ ပိုင်ဆိုင်ရာ ဖြစ်လာတယ်။ ခက်ခဲချိန်တွေမှာတောင် မိမိရဲ့ အထူးပိုင်ဆိုင်ရာအဖြစ် ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်မယ်။ အဖွဲ့အစည်းကတစ်ဆင့် ကျွန်တော်တို့ကို ခိုင်မြဲတဲ့မေတ္တာ ပြပါလိမ့်မယ်။—ဆ ၂၅:၁၀။
လတ်တလော ဖြစ်နေတဲ့ သဘာဝဘေး အန္တရာယ်တွေကို အဖွဲ့အစည်း အရေးယူ တုံ့ပြန်ပုံကို ကြည့်တဲ့အခါ ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့ မေတ္တာအတွက် ကျေးဇူးတင် လေးမြတ်စိတ် တိုးများလာမယ်။
၂၀၁၉ ညှိနှိုင်းရေးမှူးများ ကော်မတီ မှတ်တမ်း ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
သဘာဝဘေး ကယ်ဆယ်ရေးအတွက် ကမ္ဘာတစ်ဝန်းက ဌာနခွဲတွေကို ညှိနှိုင်းရေးမှူးများ ကော်မတီက ဘယ်လို ပြင်ဆင်ပေးသလဲ။
-
အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယား သဘာဝဘေး ကယ်ဆယ်ရေးအတွက် အဖွဲ့အစည်းက ဘယ်လို လမ်းညွှန်ခဲ့သလဲ။
-
ကိုဗစ်–၁၉ ကပ်ရောဂါကို အဖွဲ့အစည်း တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး သင် ဘာကို ကျေးဇူးတင်လေးမြတ်သလဲ။