မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

အစည်းအဝေးတွေ တက်ဖို့ ကျမ်းစာသင်သားကို ကူညီပါ

အစည်းအဝေးတွေ တက်ဖို့ ကျမ်းစာသင်သားကို ကူညီပါ

အသင်းတော် အစည်းအဝေးတွေ​က စင်ကြယ်​တဲ့ ဝတ်ပြုရေး​အတွက် အရေးပါ​တယ်။ (ဆ ၂၂:၂၂) ယေဟောဝါ​ကို ဝတ်ပြုဖို့ စုဝေး​လာ​သူအား​လုံး ပျော်ရွှင်​ပြီး ကောင်းချီး​တွေ ခံစား​ရတယ်။ (ဆ ၆၅:၄) အစည်းအဝေး ပုံမှန်​တက်​တဲ့ ကျမ်းစာ​သင်သားတွေ​က မြန်မြန် တိုးတက်​တယ်။

အစည်းအဝေး​တက်​ဖို့ ကျမ်းစာ​သင်သားတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ အမြဲ ဖိတ်ခေါ်​နေပါ။ နိုင်ငံတော်​ခန်းမ​မှာ ဘာတွေ လုပ်ဆောင်ကြ​သလဲ ဗီဒီယိုကို ပြ​ပါ။ အစည်းအဝေးတွေ​ရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြပါ။ (lff သင်ခန်းစာ ၁၀) အစည်းအဝေး​မှာ သိခဲ့ရတဲ့ အချက်​တစ်ချက် ဒါမှ​မဟုတ် လာမယ့်​ အစည်းအဝေး​မှာ ဆွေးနွေး​မယ့် အကြောင်းကို ပြောပြ​ပါ။ အစည်းအဝေး​မှာ အသုံးပြုတဲ့ စာပေ​တွေ ပေး​ထား​ပါ။ လက်တွေ့ကျ အကူအညီ ပေး​ပါ။ ကြို​ပို့​ပေးဖို့ လိုကောင်း လိုမယ်။ ကျမ်းစာ​သင်သား ပထမဦးဆုံး​အချိန် အစည်းအဝေး​ တက်​တဲ့​အခါ ကြိုးစား​ခဲ့​ရ​ကျိုး နပ်​ပါ​လိမ့်မယ်။—၁က ၁၄:၂၄၊ ၂၅

အစည်းအဝေးတွေ တက်ဖို့ ကျမ်းစာသင်သားကို ကူညီပါ ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေ ဖြေပါ–

  • နီ​တာ​ဟာ ဘာကို အခွင့်အရေး​ ယူပြီး ဂျက်စမင်​ကို အစည်းအဝေး ဖိတ်​သလဲ။

  • ကျမ်းစာ​သင်သား အစည်းအဝေးတွေ တက်​ရင် ကျွန်တော်​တို့ ဘာကြောင့် ပျော်​သလဲ။

  • “ခင်ဗျား​တို့​နဲ့​အတူ ဘုရားသခင် တကယ်​ ရှိတာပဲ”

    ဂျက်စမင် ပထမ​ဆုံး​အကြိမ် အစည်းအဝေး လာ​တက်​တဲ့​အခါ ဘာ တွေ့ကြုံ​ခဲ့​ရသလဲ။